ကြံ့ဖွံ့အသင်းဆိုင်းဘုတ်များ ဖြုတ်ချ

Tuesday, June 08, 2010 ·

ဧရာဝတီ | ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) က ရန်ကုန်မြို့တွင်းရှိ မြို့နယ် ရုံးခွဲတချို့သည် ၎င်းတို့၏ ဆိုင်းဘုတ်များကို ယနေ့ ဖြုတ်ချ ခဲ့ကြောင်း သိရသည်။


ကျောက်တံတား မြို့နယ် ကြံ့ဖွံ့ရုံး ဆိုင်းဘုတ် မဖြုတ်မီပုံနှင့် ယနေ့ ဖြုတ်ပြီးသွားသည့် ပုံကို ဤသို့ ယှဉ်၍ မြင်တွေ့နိုင်သည် (ဓာတ်ပုံ - ဧရာဝတီ)
တာမွေ၊ မင်္ဂလာတောင်ညွန့်၊ အလုံ၊ ကျောက်တံတား နှင့် ရန်ကင်း မြို့နယ်ရှိ ရုံးများတွင် တပ်ဆင်ထားသော ဆိုင်းဘုတ် များကို ဖြုတ်ချနေခြင်း ဖြစ်ကြောင်း မျက်မြင် သက်သေ များက ဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် ကြံ့ဖွံ့အသင်း ခေါင်းဆောင်များ ဖြစ်သော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်၊ တခြားသော ၀န်ကြီး ၂၆ ဦးနှင့် စစ်တပ်မှ အရာရှိတို့ စုစည်းကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ရန် ကြံ့ဖွံ့ ပါတီကို ဖွဲ့စည်းခဲ့သည်။

ယခုကဲ့သို့ ဆိုင်းဘုတ် ဖြုတ်ချခြင်းမှာ ကြံ့ဖွံ့ အသင်းကို နိုင်ငံရေး ပါတီ အဖြစ်သို့ လုံးလုံးလျားလျား အသွင် ပြောင်းလဲခြင်း ဟုတ်၊ မဟုတ် ကိုမူ မသိရှိရသေးပေ။

ကြံ့ဖွံ့သည် ၁၉၉၃ ခုနှစ်တွင် လူမှုရေး အဖွဲ့အစည်း အဖြစ် မှတ်ပုံတင်ခဲ့ပြီး စတင် ဖွဲ့စည်းစဉ်က နိုင်ငံရေးနှင့် မပတ်သက်ဟု ဆိုခဲ့သော် လည်း နောက်ပိုင်းတွင် နအဖ၏ နိုင်ငံရေး မူဝါဒများကို အကောင် အထည် ဖော်လာခဲ့ကြောင်း တွေ့ရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */