AI က မြန်မာနိုင်ငံတွင်း ရေဒီယိုများ ဖြန့်မည်

Friday, June 18, 2010 ·


စိုင်းဇွမ်ဆိုင်း| မြန်မာ နိုင်ငံသားများ လွတ်လပ်သည့် သတင်း အချက်အလက် အမှန် တရားများကို သိရှိနိုင်စေရန် နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ (Amnesty International - AI) က မြန်မာနိုင်ငံ အတွင်း ရေဒီယိုများ ဖြန့်ဝေမည် ဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။

ယင်းသို့ ရေဒီယိုများ ဖြန့်ဝေမည့်အစီအစဉ်အား “တိတ်ဆိတ်မှုကို ဖြိုခွဲခြင်း” (Break the Silence) ဟု အမည်ပေး ထားသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် AI အဖွဲ့၏ ဒါရိုက်တာဖြစ်သူ ကိတ်အယ်လန် က“မြန်မာ နိုင်ငံသား အတော်များများနဲ့ ကျမတို့ စကားပြောဖူးပါတယ်၊ အားလုံးလိုလိုက မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ သတင်း အမှန် ရရှိဖို့ အလွန်အရေးပါတယ်၊ ရေဒီယို တွေက သူတို့ အားထားရတဲ့အရာပါ ဆိုတာကို ပြောလာကြပါတယ်”ဟု ပြောသည်။

ညှဉ်းပန်း နှိပ်စက်မှုများ၊ မတရား ခိုင်းစေမှုများ၊ သတင်းအမှောင်ချမှုများကို ခံနေရသော မြန်မာနိုင်ငံသားများ အနေဖြင့် သတင်း အချက်အလက်များ သိရှိနိုင်ရန်အတွက် AI အဖွဲ့ကြီးက ယခု အစီအစဉ်ကို အကောင်အထည်ဖော်ရခြင်း ဖြစ်ကြောင်း ကိတ်အယ်လန် က ရှင်းပြသည်။

AI အဖွဲ့အနေဖြင့် မြန်မာပြည်တွင်းသို့ ဖြန့်ဝေရန် ရေဒီယို အလုံးပေါင်း ၄၀၀၀ ကို ဇူလိုင်လလယ် အတွင်း ရရန် ကြိုးပမ်း သွားမည်ဖြစ်ကြောင်း၊ လတ်တလောတွင် ရေဒီယိုအတွက် လှူဒါန်းလိုသူများကိုလည်း ရှာဖွေလျက်ရှိကြောင်း သိရှိရသည်။

ရေဒီယို တစ်လုံးအတွက် ကုန်ကျစရိတ်မှာ ၁၂.၅၀ ယူရို ဖြစ်ပြီး ယင်းကုန်ကျစရိတ်သည် ရေဒီယိုတွင် အသုံးပြုသည့် ဘက်ထရီများနှင့် ရေဒီယို၏ တန်ဖိုးအပါအဝင် မြန်မာနိုင်ငံအတွင်းသို့ ဖြန့်ဝေသည့် အဖိုးအခများ ပါဝင်ပြီး ဖြစ်ကြောင်း လည်း သိရသည်။

“ရေဒီယိုသည် လူမှုဘဝ ပြောင်းလဲရေးအတွက် အရေးပါသော ကိရိယာ တခုဖြစ်သည်”ဟု AI အဖွဲ့၏ ယနေ့ ထုတ်ပြန် လိုက်သော ကြေညာချက်တွင် ပါရှိသည်။

ပြည်ပအခြေစိုက် မြန်မာ့သတင်း သမဂ္ဂမှ အတွင်းရေးမှူး ဦးစံမိုးဝေ က“မြန်မာပြည်လို ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံက ပိတ်ဆို့ထားတဲ့ နိုင်ငံက နိုင်ငံသားတွေအတွက် အခုလိုမျိုး ရေဒီယိုတွေ ဖြန့်ဝေတယ်ဆိုတာ တကယ့်ကို ကောင်းပါတယ်၊ အခု စစ်အစိုးရ လုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေက ဗဟုသုတတွေ အများကြီးရှိဖို့ လိုအပ်သေးတဲ့အတွက်ကြောင့် အခု ဖြန့်ဝေမယ့် ရေဒီယိုတွေက အထောက်အကူ ဖြစ်ပါလိမ့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံတွင် သတင်းရယူမှု၊ သတင်းရရှိနိုင်မှုတို့ကို စစ်အစိုးရမှ ပိတ်ဆို့ထားပြီး လက်ရှိအခြေအနေတွင် သတင်းထောက် ဦးရေ အနည်းဆုံး ၄၀ ခန့် ထောင်ချခံနေရသည် ဟူ၍လည်း AI အဖွဲ့၏ ကြေညာချက်တွင် ပါရှိသည်။


source by :ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */