နာဂစ်ဒေသတွင် ရေပြဿနာ ကြီးမား

Saturday, April 24, 2010 ·

နရီလင်းလက် | ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို နာဂစ် ဆိုင်ကလုန်း ၀င်ရောက် ဖျက်ဆီးခဲ့သည်မှာ၂ နှစ် ပြည့်တော့မည် ဖြစ်သော်လည်း ထောင်ပေါင်း များစွာသော ဒေသခံများသည် သောက်သုံးရေ ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရသည်ဟု ရန်ကုန်မှ ကုလသမဂ္ဂ အရာရှိတဦးက ကြာသပတေးနေ့တွင် ပြောသည်။


လယ်ကွင်းတခုကို ဖြတ်လျှောက်နေသော ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှ သောက်သုံးရေ သယ်ယူနေသည့် ကလေးတဦး (ဓာတ်ပုံ - AP)
“လူ တသိန်း ရှစ်သောင်း လောက်က ရေပြတ်တဲ့ ဒဏ်ကို လတ်တလော ခံစားနေရတယ်။ ဒီထဲက အများစုကတော့ ဆိုင်ကလုန်းဒဏ် အဆိုးဆုံး ခံခဲ့ရတဲ့ လပွတ္တာ၊ ဘိုကလေးနဲ့ မော်လမြိုင်ကျွန်း ဒေသက လူတွေ ဖြစ်တယ်” ဟု ကုလသမဂ္ဂရုံး ပြန်ကြားရေး အရာရှိ ဦးအေးဝင်းက ဧရာဝတီကို ပြောသည်။

ကုလသမဂ္ဂ နှင့် နိုင်ငံတကာမှ ကူညီရေး အဖွဲ့များက ရေဖြန့်ဖြူးရန် စီစဉ်ထားမှုမှာ လူ တသိန်းသုံးသောင်းခွဲ အတွက်သာ ဖြစ်သည်ဟု သူက ဆက်ပြောသည်။

သို့သော်လည်း ယခုနှစ်တွင် ရေလိုအပ်သူ ထက်ဝက် လျော့သွားကြောင်း၊ ယခင်နှစ်က ဤအချိန်တွင် ရေလုံလောက်မှု မရှိသည့် ဒေသခံ သုံးသိန်းကျော် ရှိခဲ့ကြောင်း ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။

ပူပြင်းသည့် နွေရာသီဖြစ်သောကြောင့် ရေကန်များ ရေခန်းခြောက်ကုန်သည်ဟု လပွတ္တာမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

“ကျနော်တို့ ဒေသမှာ ရေတွင်းတူးဖို့ကလည်း ဆားငန်ရေပဲ ထွက်တာမို့ အဆင်မပြေဘူး” ဟု သူက ရှင်းပြသည်။

ပြင်စလူမြို့ရှိ ရေကန်များ ခန်းခြောက်လု နီးပါး ဖြစ်နေပြီး ပင်လယ်နှင့် နီးသည့် ရွာများတွင် သောက်သုံးရေ ရေရှားပါးမှု အခြေအနေ ပိုမိုဆိုးဝါးနေသည်ဟု သူက ဆက်ပြောပြသည်။

ရေကောင်းရေသန့် လုံလုံလောက်လောက် မရှိခြင်းသည် ဤဒေသ၏ အဓိကပြဿနာ ဖြစ်သည်ဟု အကူအညီ ပေးရေး အဖွဲ့တဖွဲ့ကို ကိုးကားပြီး ကုလသမဂ္ဂက ထုတ်ပြန်သော သတင်းတပုဒ်တွင် ဖော်ပြထားသည်။

“မြစ်ဝကျွန်းပေါ် လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်က ရေကန်လေးတွေကိုပဲ မှီခိုနေရတာ ဆိုတော့ လူတွေ အားလုံး သုံးဖို့ ဒီရေကန်ကရေနဲ့တင် မလုံလောက်တဲ့ ပြဿနာက ဟိုးအရင် ကတည်းက ရှိနေခဲ့တာ” ဟု Save the Children အဖွဲ့ကြီး၏ ညွှန်ကြားရေးမှူး Daniel Collision က ပြောသည်။

ရွာတချို့တွင် ရေစည်တင်လှေများမှ ရေ၀ယ်ယူ သုံးစွဲကြရကြောင်း၊ ရွာတချို့တွင်မူ အာဏာပိုင်များက ရေဖြန့်ဝေကြောင်း သိရသည်။

“တရက်မှာ တအိမ်ထောင်ကို ရေ တဂါလံနှုန်း ဝေပေးတယ်။ ဒီရေက ချက်ပြုတ်ဖို့နဲ့ သောက်ဖို့လောက်ပဲ ရတယ်” ဟု ပြင်စလူတွင် နေထိုင်သူတဦးက ပြောသည်။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့က တိုက်ခတ်ခဲ့သည့် နာဂစ်ကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း တသိန်း လေးသောင်းခန့် အသေအပျောက် ရှိခဲ့ပြီး နှစ်သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလက ဒေသဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံတကာ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ရာ တက်ရောက်လာသူများက နာဂစ် ဒေသ ပြန်လည် ထူထောင်ရေး အတွက် ဒေါ်လာ ၈၈ သန်း ကူညီမည်ဟု ကတိပြုခဲ့သည်။

ထိုကူညီငွေမှ ဒေါ်လာ ၆.၄၈ သန်းကို ရေ၊ မိလ္လာနှင့် တကိုယ်ရေ သန့်ရှင်းရေး အတွက် အသုံးပြုမည်ဟု ရည်မှန်းထားခဲ့ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်များ အရ သိရသည်။ သို့သော်လည်း ယင်းကဏ္ဍများ အတွက် ၂၀၁၀ ဇူလိုင်လ အထိ အမှန် တကယ် လိုအပ်ချက်မှာ ဒေါ်လာ ၁၆.၁၆ သန်း ဖြစ်သည်ဟု ဆိုသည်။

suurce by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */