စစ်လက်နက် တင်ဆောင်ထားသည့် ကားများ ကေအိုင်အိုနယ်မြေအနီး ဖြတ်သန်း

Monday, April 05, 2010 ·


ခိုင်လင်း |စစ်လက်နက်ပစ္စည်းများ တင်ဆောင်ထားသည့် စစ်ကား အစီး (၁ဝဝ) ခန့် ကချင်ပြည်နယ် ဗန်းမော်မြို့မှ မြစ်ကြီးနားမြို့သို့ ယနေ့ နံနက်ပိုင်းက သွားရောက်ခဲ့သည်။

အဆိုပါ စစ်ကားများသည် ယမန်နေ့ ညနေပိုင်းက မန္တလေး-ဗန်းမော်လမ်းကြောင်းမှတဆင့် ဗန်းမော်မြို့သို့ ရောက်ရှိကာ ညအိပ်ရပ်နားခဲ့ပြီး ယနေ့ နံနက်ပိုင်း ပြန်လည်ထွက်ခွာလာခဲ့ရာ နံနက် (၁၁) နာရီခန့်တွင် ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ လိုင်ဇာမြို့နှင့် မလှမ်းမကမ်းရှိ မိုးမောက်မြို့နယ်၊ လဂျားယန်ဂိတ်ကို ဖြတ်ကျော်ကာ မြစ်ကြီးနားမြို့ဘက်သို့ ဦးတည်မောင်းသွားခဲ့ကြောင်း လိုင်ဇာဒေသခံတဦးက ပြောသည်။

၎င်းက “အမြောက်တင်ထားတဲ့ကားက အစီး (၂ဝ) လောက်ပါမယ်။ အမြောက်တလက်ကို ကားတစီးပေါ့။ မိုးကာ အုပ်ထားတယ်။ ဒါပေမယ့် အမြောက်ပြောင်းတွေက ထွက်နေတာ။ ကျန်တဲ့ကားတွေကတော့ မိုးကာ အုပ်ထားတော့ ဘာတင်လာသလဲ မသိရဘူး။ ကားတွေမှာ စစ်သားတွေလည်းပါလာတယ်။ အဲဒီကားတွေဖြတ်တဲ့အချိန် ကျန်တဲ့ခရီးသည်တင် ကားတွေ၊ ဆိုင်ကယ်တွေ ရပ်ထားရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်းကလည်း မြစ်ကြီးနားမြို့ဘက်မှ ဗလမင်းထင်တံတားကို ဖြတ်ကျော်ကာ ဝိုင်းမော်မြို့နယ် အရှေ့ဘက် ကေအိုင်အို တပ်စခန်းများအနီးရှိ ယခင် ကေအိုင်အို ဌာနချုပ်ဟောင်း ပါဂျိုနှင့်နားဖော့တွင် တပ်စွဲနေသည့် နအဖတပ်စခန်းများသို့ လက်နက်ခဲယမ်းမီးကျောက်များကို လားများဖြင့် သယ်ယူမှုလည်း ရှိခဲ့သည်။




ကေအိုင်အိုအဖွဲ့သည် ယနေ့အချိန်အထိ နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ငြင်းဆန်ထားသကဲ့သို့ နအဖဘက်ကလည်း ဧပြီ (၂၈) ရက်အား နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် နောက်ဆုံးရက်သတ်မှတ်ပြီး ဖိအားပေးနေချိန်တွင် ယခုကဲ့သို့ စစ်လက်နက်ခဲယမ်းမီးကျောက်များ သယ်ဆောင်နေခြင်းဖြစ်သည်။

ကေအိုင်အိုအပါအဝင် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အသွင် မပြောင်း၍ တိုက်ခိုက်ခြင်းမျိုး ယခုလပိုင်းအတွင်း လုပ်လိမ့်ဦးမည်မဟုတ်ဘဲ နယ်ခြားစောင့်တပ်အသွင် ပြောင်းရေးအတွက် စစ်ရေးအရ ဟန်ပြခြိမ်းခြောက်ခြင်းမျိုးဖြစ်နိုင်ကြောင်း တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ်တဦးက ပြောဆိုသည်။

၎င်းက “မတရားအသင်း အရင်ကြေညာမယ်။ ပြီးမှ တရားဥပဒေနဲ့မညီတဲ့ အလုပ်တွေ လုပ်ပါတယ်ဆိုပြီး စွပ်စွဲပြီးမှ တိုက်ခိုက်တာမျိုးဖြစ်မှာ။ တကယ်တိုက်ကြမယ်ဆိုရင် စစ်ဖြစ်တဲ့အချိန်မှ အဲလို လက်နက်၊ ကျည်ဆန်တွေ ပို့လို့ရတာပဲ။ လမ်းတွေ ဒီလောက်ဖောက်ထားတဲ့ဥစ္စာ။ အခုတော့ လူတွေ မတွေ့တွေ့အောင် တမင်လုပ်ပြနေတာ။ တလောက ကျိုင်းတုံကို မစ် (၂၉) တိုက်လေယာဉ် လာပြီး အဆင်းအတက်လုပ်တာတို့ ဆိုတာ ခြိမ်းခြောက်ပြနေတာ။ မိတ္တီလာကနေ မိနစ်ပိုင်းအတွင်း လာလို့ရတယ်။ အခုတော့ လူရယ်စရာတောင် ဖြစ်နေသေးတယ်” ဟု ပြောသည်။


source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */