နိုင်ငံရေး ပုဒ်မများဖြင့် အကျဉ်းချခံရပြီး လွတ်လာသူ ပြည်သူ့ အခွင့်အရေး ဆုံးရှုံးနေ

Tuesday, April 27, 2010 ·

မိုးမခ | နိုင်ငံရေး ပုဒ်မဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်းခံရပြီး ပြန်လည် လွတ်မြောက် လာသူများမှာ နိုင်ငံကူး လက်မှတ် ထုတ်ယူရန် ခက်ခဲလျက် ရှိပြီး ထိုသို့ ပြုမူခြင်းသည် နိုင်ငံသား တစ်ယောက်၏ အခွင့်အရေး ဆုံးရှုံးခြင်း ဖြစ်သည်ဟု လွန်ခဲ့သည့် နှစ်က လွတ်မြောက် လာသူ သတင်းထောက် မအိမ့်ခိုင်ဦးက မိုးမခသို့ပြောသည်။

ယမန်နှစ် စက်တင်ဘာလ နအဖ အစိုးရ အာဏာသိမ်းသည့် ၂၁နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် နိုင်ငံရေး အကျဉ်းသား တရာကျော် လွှတ်ပေးရာတွင် မအိမ့်ခိုင်ဦး ပါဝင်ခဲ့ပြီး ၂၀၀၉ ခုနှစ်ကုန်ခါနီးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အိမ့်ခိုင်ဦးက ပြောပြရာတွင် -
“ကျမနဲ့ အတူတူလွတ်တဲ့ မူးယစ်ဆေးမှုနဲ့ ပြစ်ဒဏ်ကျခဲ့တဲ့သူလည်း နိုင်ငံကူးလက်မှတ် တရက်ထဲ အထူတူလျှောက်တာ သူကတော့ ရသွားပြီ။ ကျွန်မ ကိစ္စကျတော့ တလကြာပြီးနောက် သွားစုံစမ်းလည်း မကျသေး၊ ၂လလောက်မှာလည်း တခေါက်သွားစုံစမ်းတယ် မကျသေးလို့ပါ၊ MS တင်ထားလို့ပါတဲ့၊ နောက် ၄၊ ၅ ခေါက်လောက် စုံစမ်းပြီး မနေ့က ထပ် စုံစမ်းတဲ့အခါ မကျသေးဘူး ဆိုတော့ ရဲမှူးကို ၀င်တွေ့ပြီးမေးတော့ အထက်က စိစစ်ဆဲပဲ လို့ပြောတယ်။ သူများတွေ တစ်လနဲ့ အားလုံးကျပြီး ကျွန်မတို့လို နိုင်ငံရေး ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရဖူးတာကြောင့် ဆိုင်းငံ့ထားတာ ကတော့ မဖြစ်သင့်ဘူး ထင်တယ်” ဟု ပြောသည်။

သူ့အနေဖြင့် လူအများနည်းတူ ပြည်ပသို့ သွားရောက် လည်ပတ်ခြင်း၊ ပညာသင်ကြားခြင်း စသည့် အခွင့်အရေးမျိုး ခံစားခွင့် ရှိသည်ဟု ထင်မြင်ယူဆကြောင်း ၊ ယခုလို နိုင်ငံကူးလက်မှတ် ကိုခက်ခဲအောင် လုပ်ဆောင် ထားခြင်းမှာ လူတဦးတယောက်၏ ခရီးသွားလာခွင့်ကို ချုပ်ချယ်ထားရာ ကျပြီး မဖြစ်သင့်သည့် အဖြစ်ဟု ရှုမြင်သည်ဟုလည်း ထပ်မံပြောဆိုသည်။

မအိမ့်ခိုင်ဦးကို ၂၀၀၈ ခုနှစ် ဆိုင်ကလုန်း နာဂစ်မုန်တိုင်း တိုက်ခတ်အပြီး ဇွန်လထဲတွင် စားရေး နေရေး အခက်အခဲဖြစ်နေသည့် ဒဂုံမြို့သစ် အရှေ့ပိုင်းမှ ဒုက္ခသည်များအား ကန်တော်ကြီး ကန်ပတ်လမ်းရှိ UNDP ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ရုံးသို့ အကူအညီ တောင်းရန် အခြား သတင်းထောက် တဦးဖြစ်သူ ကိုကျော်ကျော်သန့်နှင့် အတူ ပို့ဆောင်ပေးစဉ် လုံခြုံရေးရဲများက ဖမ်းဆီးအရေးယူ ခံခဲ့ရခြင်းဖြစ်သည်။

(ယမန်နှစ်က အင်းစိန်ထောင်မှ လွတ်မြောက် လာစဉ်တွေ့ခဲ့ရသည့် သတင်းထောက် အိမ့်ခိုင်ဦး)

source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */