ရန်ကုန် ကန်တော်ကြီး ကရ၀ိတ် ၀င်ပေါက် အနီး ဗုံးဆက်တိုက်ပေါက်၊ အနည်းဆုံး ၉ ဦးသေ

Friday, April 16, 2010 ·


ပေါက်ကွဲမှုများ ဖြစ်ပွားအပြီး တွေ့ရသည့် မြင်ကွင်း (ဓာတ်ပုံများ - မိုးမခ)
မိုးမခ အထောက်တော် | ယနေ့ ညနေ ၃နာရီဝန်းကျင် ကန်တော်ကြီး ကရ၀ိတ်အ၀င်ဝ သိမ်ဖြူကွင်း ကားမောင်း လေ့ကျင့်ကွင်းကို မေးတင် ဆောက်လုပ်ထားသည့် စပါယ်ရှယ်ဝမ်း (အိတ်စ်တူးအို) မဏ္ဍပ် ရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက် ပေါက်ကွဲပြီး လူ၈ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မျက်မြင် သက်သေများ၏ ပြောဆိုချက်အရ သိရသည်။

CNN ရုပ်မြင်သံကြား သတင်းတွင်မူ သေဆုံးသူ အနည်းဆုံး၂၀ ရှိသည်ဟု ဆေးရုံဝန်ထမ်းတဦးကို ကိုးကားပြီး ထုတ်လွှင့်သွားသည်။

အဆိုပါ အဖြစ်အပျက်ကို မြင်တွေ့လိုက်ရသူ အသက် ၅၅ အရွယ်ရှိ အမျိုးသားတဦးက` လူတွေ ၀ုန်းခနဲပြေးကြတော့ ဘာဖြစ်လဲလို့ အောက်မေ့တာ၊ နောက်တော့ ဗုံးပေါက်တာ တဲ့။ လူအုပ်ကြီးက ခြေဦးတည့်ရာ ထွက်ပြေးကြတာ၊ အဲဒီ မဏ္ဍပ်ရှေ့မှာ လူ ၇ယောက် ၈ယောက်လောက် မှောက်လျက် လဲနေတာ တွေ့လိုက်တယ်။ ကျွန်တော် ထင်တယ်။ အဲဒီလူတွေတော့ သေနိုင်တယ်လို့။ နောက် ကျွန်တော်တို့ ရပ်ကွက်ထဲက ရ၀တ တယောက် ဒဏ်ရာရပြီး ပြေးလာတာ ကယ်ပါဦးလို့ လှမ်းအကူအညီ တောင်းတယ်၊ သွေးတွေနဲ့ ကျွန်တော်လည်း ဘယ်လိုမှ မတတ်နိုင်ဘူး ၊ ဒီအတိုင်းပဲ ကြည့်နေလိုက်ရတာ´ဟု သူကိုယ်တိုင် ကြုံတွေ့ရသည့် အဖြစ်ကို ပြောပြသည်။

အခြား ရပ်ကွက်ခံ တဦးက ပြောရာတွင် မင်္ဂလာတောင်ညွှန့် မြို့နယ် မင်္ဂလာဈေးအနီး ရပ်ကွက်မှ ရ၀တ အဖွဲ့ဝင်များထဲမှာ အနည်းဆုံး ၂ဦး သေဆုံးကြောင်း၊ ၂ဦးကို အရေးပေါ် ဌာနသို့တင်ထားရပြီး အခြား၂ဦး ဒဏ်ရာ ရရှိသွားသည် ဟုဆိုသည်။

ယခုထိခိုက်မှုတွင် မဏ္ဍပ်မျက်နှာစာတွင် ရပ်နေသည့် လုံခြုံရေးများနှင့် ကြည့်ရှုနေသူများထဲမှ ထိခိုက် ဒဏ်ရာရသူများသည်ဟု ပြောဆိုသည်။ ဗုံးကို သင်္ကြန် ရေလည်ခံ ကစားသည့် ကားပေါ်မှ ပစ်ချသွားသည်ဟု ပြောဆိုမှုများရှိသော်လည်း အဆိုပါ သတင်းကို အခြားသော အတည်ပြုချက်များ မရရှိပေ။

ပေါက်ကွဲမှု ဖြစ်ပွားပြီး မိနစ် အနည်းငယ်အကြာ ၃နာရီ ခွဲဝန်းကျင်တွင် ဒဏ်ရာရသူများကို တင်ဆောင်လာသည့် လိုက်ထရပ် ကားတစီး၊ ကိုယ်ပိုင်ကား၂စီး၊ ၃စီးကို သိမ်ဖြူလမ်းအတိုင်း မောင်းဆင်းလာသည်ကို တွေ့ရပြီး အဆိုပါမဏ္ဍပ်ရှေု့တွင်မှု ပြန့်ကျဲနေသည့် ဖိနပ်များ၊ သွေးကွက်များကို တွေ့ရပြီး ရဲများနှင့် လုံခြုံရေး အရာရှိများက ပေကြိုးဖြင့် တိုင်းထွာခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ရသည်။

ရေကစားသူများနှင့် မိဘများက ၄င်းတို့၏ မိသားစုဝင်များ ၊ သူငယ်ချင်းများကို ရှာဖွေရန် အဆိုပါ မဏ္ဍပ်အနီး တ၀ိုက်တွင် စောင့်ဆိုင်းလျက် ရှိနေကြသည်ကို တွေ့ရပြီး သားသမီးများအား ဘေးကင်းမှု ရှိမရှိ ဖုန်းဆက်ခြင်း လိုက်လံ စုံစမ်းလျက်ရှိသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။

ကန်တော်ကြီး ပတ်လမ်း တ၀ိုက်မှ ရေကစားသူများမှာ အုပ်စုလိုက် လှည့်ပြန်ခြင်း အခြားသော နေရာများသို့ ထွက်ခွာသွားခြင်းများ ရှိသော်လည်း အနီးဆုံး ဒေါ်သိန်းတင်လမ်း နှင့် သိမ်ဖြူဈေး တ၀ိုက်၊ မြန်မာ့ဂုဏ်ရည်လမ်း တလျှောက်တွင် ရေပက်ခံသူများနှင့် ရေပက်သူများဖြင့် စည်ကားဆဲ ရှိသည်ကို တွေ့ရသည်။

ယခု ဗုံးပေါက်ကွဲမှုမှာ ၂၀၀၅ခုနှစ် မေလတွင် ဖြစ်ပွားသည့် ရန်ကုန် ကုန်သွယ်မှု ဗဟိုနှင့် အခြား စီးတီးမတ် ၂နေရာတပြိုင်နက် ပေါက်ကွဲမှု နောက်ပိုင်း လူ အသေအပျောက် အများဆုံး ဗုံးကွဲမှု ဖြစ်သည်။

မကြာခဏ ဗုံးကွဲမှုများ ရှိခဲ့သော်လည်း ယခုလို လူစည်ကားရာ တွင်ပေါက်ကွဲခြင်းမှာ ၂၀၀၅ ခုနှစ် မေလ ဗုံးကွဲမှုနောက်ပိုင်းတွင် ယခုတကြိမ်သည် ပထမဆုံးဖြစ်သည်။



source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */