ခရစ်ယာန် ဘာသာရေး ခေါင်းဆောင် များအား တိုင်းမှူးက ဖမ်းဆီးရသည့်ဗုံးများ ပြသ

Wednesday, March 24, 2010 ·

ခိုင်လင်း | ယမန်နေ့က ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အောင်နန်း ရပ်ကွက်တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းက ကချင်ပြည်နယ်အတွင်းရှိ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များကို မကြာသေးခင်က ဖမ်းဆီးရမိထားသည့် ဗုံးများအား ပြသခဲ့သည်။

ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (ကေအိုင်အို) က ပြုလုပ်ခဲ့သည့် မိုင်းဗုံး အလုံး (၃ဝ) ကျော်အား မပခ စစ်တိုင်း ဌာနချုပ်၏ အစီစဉ်ဖြင့် တနိုင်း၊ ဖားကန့်၊ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနား စသည့် ဒေသ အသီးသီးမှ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များအား ခေါ်ယူပြသခဲ့သည်ဟု ခရစ်ယာန်သင်းအုပ် ဆရာတဦးက ပြောသည်။

၎င်းက “စိန့်ကိုလန်ဘတ် ကျောင်းမှာ မနေ့မနက် (၁ဝ) နာရီကျော်လောက်ကနေ နေ့လယ် (၁) နာရီအထိ လုပ်တယ်။ တိုင်းမှူးအဓိက ပြောတာက ဒီဗုံးတွေဟာ ပြင်းအား ကြီးမားတဲ့ ဗုံးအမျိုးအစား ဖြစ်တယ်ပေါ့။ အခုလို လုပ်နေတာဟာ ဒေသလူထုရဲ့ ငြိမ်းချမ်းမှုကို ထိခိုက် ပျက်ပြား စေနိုင်တယ်ပေါ့။ ဘာသာရေး အဖွဲ့ အနေနဲ့ တားဆီး ဟန့်တားပေးဖို့ လိုတယ် ဆိုပြီး ပြောတယ်” ဟု ပြောသည်။

အဆိုပါ မိုင်းဗုံးများ ပြသပွဲသို့ ဒေသ အသီးသီးမှ ကချင် နှစ်ချင်း ခရစ်ယာန် အသင်းတော် (KBC)၊ ကက်သလစ် စသည့် ဘာသာရေး အသင်း အသီးသီးမှ ဘာသာရေး ခေါင်းဆောင် (၂ဝဝ) ခန့် တက်ရောက်ခဲ့သည်။

မတ် (၁၃) ရက်က ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ဝဝမ်ကျေးရွာအနီးနှင့် ကျခန်းဒပ်ကျေးရွာတို့တွင် အဝေးထိန်း ကိရိယာဖြင့် ဖောက်ခွဲနိုင်သည့် မိုင်းဗုံး (၃၃) လုံးကို နယ်မြေခံ အာဏာပိုင်များက သိမ်းဆည်းရမိခဲ့ပြီး ၎င်းကိစ္စနှင့် ဆက်စပ်ကာ ကျခန်းဒပ် ကျေးရွာ ဥက္ကဋ္ဌ၊ ဝဝမ်ကျေးရွာ အတွင်းရေးမှူး အပါအဝင် ကေအိုင်အို ပြည်သူ့ စစ်နှင့် ဒေသခံ အရပ်သား စုစုပေါင်း (၉) ဦးအား ဖမ်းဆီးခဲ့သည်။

ယခုဗုံးများအား လုံခြုံရေးအရ သိုဝှက် သိမ်းဆည်း နိုင်ရန် အတွက် ဒေသအတွင်း တနေရာနှင့် တနေရာ ရွှေ့ပြောင်းမှု ပြုလုပ်နေစဉ် အတွင်း ဖမ်းဆီး ခံခဲ့ရခြင်း ဖြစ်သည်ဟု ကေအိုင်အိုအဖွဲ့မှ အရာရှိတဦးက ပြောခဲ့သည်။

ဗုံးကိစ္စဖြင့် ဖမ်းဆီးခံထားရသည့် သူများအား မည်သို့ အရေးယူ ဆောင်ရွက်သွားမည် ဆိုသည်ကို ယနေ့အချိန်အထိ မသိရှိ ရသေး သကဲ့သို့ ကေအိုင်အိုဘက်ကလည်း တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် နအဖက ယမန်နှစ်၊ ဧပြီလကတည်းကစ၍ ပြောဆိုထားခဲ့သော်လည်း ကေအိုင်အိုဘက်က လက်မခံခဲ့ပေ။

သို့အတွက် ကေအိုင်အိုအား စစ်ရေးအရ ခြိမ်းခြောက်သည့် သဘောဖြင့် တရားမဝင် သစ်ခိုးထုတ်မှု ဖမ်းဆီးရေးနှင့် ဘိန်းခင်းများ ဖျက်ဆီးရေး အကြောင်းပြချက်ဖြင့် နအဖစစ်တပ်များက ကေအိုင်အို တပ်စခန်းများအနီး ချဉ်းကပ်၍ စစ်ရေးလှုပ်ရှားမှုများ ရှိနေချိန်တွင် ကေအိုင်အို၏ မိုင်းဗုံးများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */