ပါတီရေးရာကိစ္စများ အများဆန္ဒအတိုင်း လက်ခံမည်

Saturday, March 27, 2010 ·


စိုးမိုး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် စစ်အစိုးရထုတ်ပြန်သည့် ပါတီမှတ်ပုံတင်ရေး ဥပဒေအရ ပါတီကို ပြန်လည်မှတ်ပုံတင်ရေး မတင်ရေးအတွက် သဘောထားကွဲပြားမှုများ ဖြစ်ပေါ်နေသော်လည်း အများစုဆန္ဒအတိုင်းသာ ငြိမ်းငြိမ်းချမ်းချမ်း ဆုံးဖြတ်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောကြားသည်။

ပါတီ မှတ်ပုံတင်ရေး မတင်ရေးကို လာမည့် (၂၉) ရက်နေ့တွင် ပါတီအတွင်း မဲခွဲဆုံးဖြတ်မည်ဟု သတင်းများထွက်ပေါ်နေပြီး ယင်းမဲခွဲ ဆုံးဖြတ်မှုအရ အန်အယ်လ်ဒီပါတီ (၂) ခြမ်း ကွဲသွားနိုင်သည်ဟု လူထုအတွင်း စိုးရိမ်မှုများ ဖြစ်ပေါ်နေသည့်ကာလတွင် ဦးခင်မောင်ဆွေက ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ကျနော်တို့ကတော့ ဘာမှ ထူးထူးထွေထွေ စဉ်းစားထားတာ မရှိပါဘူး။ အများက သဘောကျတဲ့ အပေါ်မှာပဲ ဒါကတော့ သွားကြရမယ့် သဘောလေးရှိနေပြီ ဆိုတာကတော့ မြင်သာထင်သာဖြစ်နေပြီလေ။ ပြေပြေလည်လည်နဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်တဲ့ အပေါ်မှာလည်း ကျနော်တို့ အလေးအနက်ထား စဉ်းစားပေးကြရမှာကိုး” ဟု ပြောကြားသည်။



ယခုမတ်လအစောပိုင်းတွင် နအဖစစ်အစိုးရက ၂၀၁၀ ခုနှစ်အတွင်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးအတွက် သက်ဆိုင်အကျုံးဝင်နေသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ခဲ့သည်။

နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ၊ ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိ၊ ထောင်ကျသူကို ပါတီဝင်အဖြစ်မှ မထုတ်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟု ထည့်သွင်းဖော်ပြထားသည်။

ယင်းသို့ ပါတီမှတ်ပုံတင်ခြင်းဥပဒေများ ထွက်လာပြီးသည့်နောက် အန်အယ်လ်ဒီအတွင်း ပါတီကို မှတ်ပုံတင်သင့် မတင်သင့် သဘောထား (၂) ခု ပေါ်ထွက်လာရာတွင် ဦးခင်မောင်ဆွေက အန်အယ်လ်ဒီပါတီ မှတ်ပုံတင်သင့်သည့်ဘက်မှ ယုံကြည် ရပ်တည်နေသူဖြစ်သည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသည့် အန်အယ်လ်ဒီပါတီ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကမူ မတရားသည့်ဥပဒေနှင့် မှတ်ပုံတင်ခြင်းကို သူ့အနေဖြင့် လက်မခံကြောင်း၊ သို့သော် အဖွဲ့ချုပ်အနေဖြင့် ဒီမိုကရေစီ နည်းလမ်းနှင့်အညီ ဆုံးဖြတ်ကြရန် ရှေ့နေကြီး ဦးဉာဏ်ဝင်းမှတဆင့် ၎င်း၏တဦးချင်းသဘောထားကို ပြောဆိုခဲ့ပြီးဖြစ်သည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပြောဆိုချက်အပေါ် ဦးခင်မောင်ဆွေက “သူမှတ်ပုံမတင်ချင်ဘူးလို့ဘဲ ပြောတာကိုး၊ မှတ်ပုံမတင်ချင်ဘူးဆိုတာ မှတ်ပုံမတင်ချင်ဘူးဆိုတာရဲ့ နောက်မှာ အများဆန္ဒ လက်ခံမယ်ဆိုတာ ပါတဲ့အခါရောက်တော့ ဘယ်လို ပုံစံသွားမယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးဘူး” ဟု ပြောဆိုသည်။

အခြေခံလူ့အခွင့်အရေးအရ တဦးချင်းတွင်လည်း အဖွဲ့အစည်း ဖွဲ့စည်းပိုင်ခွင့် ရှိနေသည့်အပြင် ဒီမိုကရေစီကျင့်စဉ်တွင် အများစုဆန္ဒကို လေးစားရသကဲ့သို့ အနည်းစုဆန္ဒကိုလည်း မပစ်ပယ်သင့်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“တဖက်နဲ့တဖက် ကွဲပြားပြီး ရန်ဖြစ်တာမျိုးတို့၊ ငါနဲ့မတူ ငါ့ရန်သူဆိုတာမျိုးတို့ ဒါတွေ မလုပ်မိအောင်တော့ ကျနော်တို့အနေနဲ့ စောင့်ထိန်းရမယ့်တာဝန်တွေ ယုံကြည်ချက်တွေကို လေးစားလိုက်နာဖို့ လိုတာပေါ့လေ။ အဓိကကတော့ ဒီမိုကရေစီမှာ အများစုဆန္ဒကို လေးစားရသလို အနည်းစုဆန္ဒကိုလည်း မပစ်ပယ်ရဘူးလို့ ရှိသလို အများစု အနိုင်ကျင့်တာမျိုးလည်း မဖြစ်ဖို့ လိုတယ်လို့တော့ ယူဆဖွယ်ရာရှိတာပေါ့ဗျာ” ဟု ဦးခင်မောင်ဆွေက ပြောကြားသည်။

ဦးခင်မောင်ဆွေသည် ၁၉၉၁ ခုနှစ်နှင့် ၁၉၉၄ ခုနှစ်တို့တွင် စစ်အစိုးရ၏ (၂) ကြိမ်တိုင်တိုင် ဖမ်းဆီးထောင်ချခံခဲ့ရပြီး အကျဉ်းထောင်ထဲတွင် (၁၆) နှစ်တိုင် နေထိုင်ခဲ့ရကာ ၂၀၀၈ ခုနှစ်တွင် ဒေါက်တာ သန်းငြိမ်း၊ ဦးဝင်းတင်တို့နှင့်အတူ လွတ်မြောက်လာခဲ့ပြီး အန်အယ်လ်ဒီတွင် ပြန်လည်တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

ထောင်မှလွတ်မြောက်သည့် ၂၀၀၈ ခုနှစ်တွင် ဦးခင်မောင်ဆွေက စစ်အစိုးရအနေဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာခြင်းမလုပ်ဘဲ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို အတင်းအကျပ် အသက်သွင်းပြီး ရွေးကောက်ပွဲကို ဖြတ်သန်းရုံဖြင့် လက်ရှိ တိုင်းပြည်၏နိုင်ငံရေး ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ဗွီအိုအေသတင်းဌာနကို ပြောကြားခဲ့ဖူးသည်


source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */