စပါး သိမ်းလိုသော ဦးတေဇ ကုမ္ပဏီကို တောင်သူ မကျေနပ်

Wednesday, March 10, 2010 ·

အောင်ထက် | ဦးတေဇ၏ ထူးကုမ္ပဏီ လက်အောက်ခံ ဧရာ ဒယ်လ်တာ ကုမ္ပဏီထံမှ မိုးစပါး စိုက်ပျိုး စရိတ် ချေးငွေ ယူထားသော ဒေးဒရဲ၊ ဖျာပုံနှင့် ကျိုက်လတ် ဒေသခံ တောင်သူတို့သည် ငွေသားအစား စပါးကို ကာလ ပေါက်ဈေး ဖြတ်၍ ပြန်ဆပ် ရမည် ဆိုခြင်းကြောင့် မကျေမနပ် ဖြစ်နေကြသည်။

“ကျနော်တို့က ငွေယူထားတာ။ ငွေပဲ ပြန်ပေးနိုင်မယ်။ ဒါကို သူတို့က လက်မခံဘူး။ ကတိအတိုင်း ငွေဆပ်၊ စပါးဆပ် သူတို့ လက်ခံရမယ်။ နောက်ဆုံး ကျနော်တို့က စပါးပြန်ဝယ်ပြီး ဆပ်မယ်လုပ်တော့ စပါးဈေးက မြောက်သွားပြီ။ ရောင်းတုန်းက (၃၆၀,၀၀၀) ကျပ်၊ ပြန်ဝယ်တော့ (၄၁၀,၀၀၀) ကျပ် ဖြစ်နေပြီ။ ဒီတော့ ဧရာဒယ်လ်တာက ချေးငွေယူထားတဲ့ ကျိုက်လတ် တနယ်လုံး ဘယ်သူမှ စပါးပြန်မသွင်းကြဘူး” ဟု ကျိုက်လတ်မြို့နယ်၊ ငပွေးတန်း စာဖြူစု ကျေးရွာ တောင်သူတို့က ပြောသည်။

၂၀၀၉ ခုနှစ်တွင် ဧရာဒယ်လ်တာ ကုမ္ပဏီ၊ ဧရာဒယ်လ်တာ ဆန်စပါးအထူးပြုကုမ္ပဏီနှင့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီတို့သည် ကျိုက်လတ်မြို့ စပါးစိုက်တောင်သူတို့အား နယ်မြေအပိုင်းအခြားခွဲ၍ (၂) ရာခိုင်နှုန်း အတိုးဖြင့် ချေးငွေများ ထုတ်ပေးခဲ့ကြစဉ်က “မိုးစပါးပေါ်လျှင် ဒေသပေါက်ဈေးအတိုင်း ငွေသား (သို့မဟုတ်) စပါးကို အတိုးရော အရင်းပါ ပြန်လည်ပေးဆပ်ရမည်” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

သို့သော် ၂၀၁၀ ဇန်န၀ါရီ မိုးစပါးပေါ်၍ တောင်သူတို့ ချေးငွေပြန်ဆပ်သောအခါ ဧရာဒယ်လ်တာမှ ငွေသားကို လက်မခံဘဲ စပါးကိုသာ ပေးရမည်ဟု ဖိအားပေးခဲ့ကြောင်း ကျိုက်လတ် ဒေသခံတောင်သူတို့က ပြောသည်။

ထင်းကွင်းကျေးရွာ တောင်သူတဦးက “ကျိုက်လတ်မှာ ဒဂုံအင်တာနေရှင်နယ်လည်း (၂) ရာခိုင်နှုန်တိုးနဲ့ ငွေချေးနေတာပဲ။ စပါးပေါ်လို့ ငွေဆပ်ဆပ်၊ စပါးဆပ်ဆပ် အကုန်လက်ခံတယ်။ ဧရာ ဒယ်လ်တာကျမှ စပါးပဲ ပေးသွင်းရမယ်။ ငွေကို လက်မခံဘူး ဖြစ်နေတယ်။ ဒီတော့ ကလပ်ရပ်၊ သမက်ပြေ၊ မယ်ဇလီကုန်း၊ ထားဝယ်မှိုင်း၊ ကျီးချောင်း၊ အုန်းပင်စု အပါအ၀င် ဘယ်သူမှ စပါး မဆပ်ရသေးဘူး” ဟု ပြောသည်။

တင်းမာ နေသော အဆိုပါ အနေအထားကြောင့် ဧရာဒယ်လ်တာ ကုမ္ပဏီသည် လတ်တလောတွင် တောင်သူတို့၏ ငွေအသွင်း၊ စပါး အသွင်းကို ယာယီ ဆိုင်းငံ့ထားသည်ဟု သိရသည်။

ကျိုက်လတ်မြို့ ဆန်စက် လုပ်ငန်းရှင် တဦးက “ဧရာဒယ်လ်တာက စပါးပဲ လိုချင်တဲ့ အာသီသ ရှိနေတယ်။ တောင်သူတွေ ချေးငွေ ပြန်ဆပ်တာ ယူလိုက်ပေါ့။ တောင်သူဆိုတာ ကိုယ့်စပါးကို ရောင်းချင်တဲ့သူကို ရောင်းတယ်။ ရောင်းချင်တဲ့ ဈေးရောင်းတယ်။ အခြင်အတွယ်ကအစ ကိုယ့်ကုန်သည်ပဲ ကိုယ်ယုံကြတယ်။ ကုမ္ပဏီလက် စပါးထိုး မပေးချင်ကြဘူး” ဟု ပြောသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆန်စပါး အထူးပြုကုမွဏီ (၂၉) ခုဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံ ဆန်စပါးအသင်းသို့ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတဦးက “စပါး (သို့မဟုတ်) ငွေသား (သို့မဟုတ်) ဆန်ကို ကာလပေါက်ဈေးဖြတ်ပြီး ယူရမယ်လို့ ကုမွဏီအားလုံးကို အသိပေးပြီးသားဖြစ်ပါတယ်” ဟုသာ ဖြေကြားခဲ့ပြီး ကျိုက်လတ်တောင်သူတို့၏ လက်ရှိအခြေအနေမှန်ကို တင်ပြမေးမြန်းရာ ၎င်းက ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ဆန်စက် ပိုင်ရှင် တဦးက “ဒီနယ်တွေက လယ်မြေ အမျိုးအစား ညံ့တယ်။ မိုးစပါး (ဇီယာနှံကား) တဧက (၂၅) တင်း လယ်မြေတိုင်း မထွက်ဘူး။ ဒီကြားထဲက ငွေသွင်းရင် ငွေယူလိုက်ပေါ့။ နွေစပါး (သီးထပ်ယဉ်) က ဧပြီလလယ် ထွက်တော့မယ်။ အထွက်နှုန်း နည်းရင် ပြဿနာ ပိုကြီးလာနိုင်တယ်” ဟု ခန့်မှန်းပြောကြားသည်။

လွန်ခဲ့သော (၇) နှစ်ခန့်ကလည်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဧရာဝတီတိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့စဉ်က ၎င်း၏သား သက်မန်းကိုကို၏ “ဧရာရွှေဝါ ဇီဝမြေသြဇာ” ကို တောင်သူတိုင်း မယူမနေရ အဓမ္မဖြန့်ဝေခဲ့ခြင်းအပေါ် အာဏာပိုင်နှင့် ဒေသခံတောင်သူတို့ ပဋိပက္ခအသွင် သဘောထားတင်းမာမှုများ ဖြစ်ခဲ့ကြဖူးသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */