တောင်သူကြီးများ ကိုယ်တိုင် တောင်သူ လယ်သမားနေ့ ကျင်းပ

Wednesday, March 03, 2010 ·

စိုးမိုး | ယနေ့ ကျရောက်သည့် တောင်သူ လယ်သမား နေ့တွင် လယ်သမား အရေး ဆောင်ရွက်နေသည့် ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ စာချောက်ရုပ် တောင်သူ လယ်သမားဘ၀ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့က ဦးစီးကာ အထိမ်းအမှတ် အခမ်းအနား တရပ် ကျင်းပသည်။

မြန်မာ့လွတ်လပ်ရေးအတွက် တောင်သူလယ်သမား အရေးတော်ပုံကြီးဖြင့် ပါဝင်ကြိုးပမ်းခဲ့သည့် သမိုင်းဝင် တောင်သူ လယ်သမားနေ့ကို စစ်အစိုးရ လက်ထက်တွင် ကျင်းပခြင်း မရှိတော့သော်လည်း တောင်သူ လယ်သမားကြီးများ ကိုယ်တိုင် ယနေ့ ဦးစီး ကျင်းပခဲ့ခြင်း ဖြစ်သည်။

“အခမ်းအနားကို ခရမ်းမှာ လုပ်တယ်။ တောင်သူ အရေး လုပ်သူတွေရော လူ့အခွင့်အရေး လှုပ်ရှားသူတွေရော တောင်သူတွေရဲ့ အခက်အခဲတွေ ဆွေးနွေးကြတယ်။ စာတမ်းဖတ်တယ်။ ကြေညာချက်လည်း ထုတ်ပါတယ်” ဟု ဦးဆောင်ကျင်းပသည့် စာချောက်ရုပ် တောင်သူ လယ်သမား ဘ၀ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးက ပြောသည်။

ယနေ့ ခရမ်းမြို့နယ်တွင် ကျင်းပသည့် တောင်သူ လယ်သမားနေ့ အခမ်းအနားသို့ တောင်သူ လယ်သမားများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများ စုစုပေါင်း (၃၀) ကျော်ခန့် တက်ရောက်ခဲ့ပြီး အာဏာပိုင်များကလည်း ပိတ်ပင်မှုများ မရှိကြောင်း သိရသည်။

လယ်သမားများ လယ်ယာမြေ အသိမ်းခံရမှုများ၊ အခြားပိုင်ဆိုင်မှု ပစ္စည်းများ သိမ်းဆည်း ခံရခြင်းများ၊ စိုက်ပျိုး စရိတ်ချေးငွေ အပြည့်အ၀ မရရှိသည့် ကိစ္စများ အပါအ၀င် လယ်သမားများ အခွင့်အရေး နစ်နာနေမှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စာချောက်ရုပ် တောင်သူလယ်သမား ဘ၀ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့က ပြောကြားသည်။

“လယ်သမားတွေကို ဆောင်ရွက် ပေးနေတာတွေမှာတော့ အောင်မြင်ပါတယ်။ ရန်ကုန်နဲ့ ပဲခူးမှာရှိတဲ့ ရွာတွေက လယ်သမားတွေ လောက်ကိုပဲ လုပ်ပေး နိုင်ပါသေးတယ်” ဟု အဆိုပါလယ်သမားအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူက ပြောသည်။

နအဖ စစ်အစိုးရ လက်ထက်တွင် စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရန် ဆည်တာတမံများ တည်ဆောက်ပေးခဲ့သည် ဆိုသော်လည်း တောင်သူများ၏ လယ်ယာထွက်ကုန်များကို ကန့်သတ်ဈေးဖြင့် ရောင်းချစေခြင်း၊ လွတ်လပ်စွာ ပြည်ပတင်ပို့ ရောင်းချမှုကို ပိတ်ပင်ခြင်းများကြောင့် တောင်သူများမှာ ဆင်းရဲတွင်း နက်နေဆဲဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */