တရုတ် နှစ်သစ်ကူး ကာလ မလေးရှားတွင် အဖမ်းအဆီးကြမ်း

Monday, February 15, 2010 ·

ဘစောတင် | မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တွင် ဖေဖော်ဝါရီ ၁၃ ရက်နှင့် ၁၄ ရက်နေ့က နိုင်ငံခြား အလုပ်သမား ၃၀၀ ကျော်ကို မလေးရှား အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ကြားသိရသည်။

မြန်မာ အများစု အလုပ် လုပ်ကိုင်သည့် စားသောက်ဆိုင်များ၊ ကုန်တိုက်များကို ဝင်ရောက် ဖမ်းဆီး သောကြောင့် အဖမ်းအဆီး ခံရသူများထဲတွင် မြန်မာ အများစု ပါဝင်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှား ဌာနခွဲ၏ ဥက္ကဋ္ဌ ကိုကျော်ကျော်က ဧရာဝတီသို့ ပြောသည်။

ယခု သီတင်းပတ်သည် တရုတ်နှစ်သစ်ကူး ကာလနှင့် ကြုံသဖြင့် လုပ်ငန်း အများစု ပိတ်သောကြောင့် နိုင်ငံခြား အလုပ်သမားများ အပြင် ထွက်လည်လေ့ ရှိကြောင်း၊ ထိုသူများထဲမှ တရားမ၀င် အလုပ်သမား များသည် ကားမှတ်တိုင်များ၊ လူစည်ကားရာ ကုန်တိုက်များ၊ စားသောက် ဆိုင်များတွင် အဖမ်းဆီး ခံကြရကြောင်း ကိုကျော်ကျော်က ဆက်ပြောသည်။

မလေးရှား အခြေစိုက် ပြည်ထောင်စု သတင်းစာ ထုတ်ဝေသူ ကိုအောင်ထွန်းဦးက “FASAFINI ကားဂိတ် ရယ်၊ မြန်မာတွေ အများကြီးရှိတဲ့ ကိုတရယရယ်မှာ ဖမ်းတယ်၊ U.O ကုန်တိုက်မှာလည်း ဖမ်းသွားတယ်၊ တရုတ်တန်းထိပ်မှာနဲ့ My Din ကုန်တိုက်နားမှာလည်း လော်ရီကား တစီးစာ ဆွဲသွားတယ်” ဟုဆိုသည်။

ယင်းသို့ ဖမ်းဆီးရာတွင် အာဏာပိုင်များက ဖမ်းမိသူများကို လမ်းဘေးတွင် အချိန်ကြာမြင့်စွာ ထိုင်ခိုင်း ထားပြီးနောက် လော်ရီကားပေါ်သို့ ဆွဲတင်ကာ ထိန်းသိမ်းရေး စခန်းများသို့  ခေါ်ဆောင် သွားသည်ဟု သိရသည်။

မလေးရှားအစိုးရ လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိကြီးတဦးက ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ စတင်ကာ တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများကို အရေးယူ ဖမ်းဆီးတော့မည်ဟု ပြောကြားကြောင်း မလေးရှား သတင်းစာ The Star တွင် ဖော်ပြခဲ့သည်။

ယင်းသို့ ကြေညာပြီးနောက် သတ်မှတ်ကာလ မရောက်မီ မလေးရှားတွင် ထောင်နှင့်ချီသော တရားမ၀င် နိုင်ငံခြားသား အလုပ်သမားများ အဖမ်းအဆီးခံခဲ့ကြရသည်ဟု သိရသည်။

မလေးရှား နိုင်ငံတွင် မြန်မာနှင့် တောင်အာရှ နိုင်ငံများမှ အလုပ်သမား အများအပြား တရားမဝင် နေထိုင်ပြီး အလုပ် လုပ်ကိုင်လျက်ရှိသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */