မြေမြှုပ်မိုင်း အန္တရာယ်ကြောင့် ဒုက္ခသည်များ ပြန်မပို့ရေး ကရင် အမျိုးသမီး အဖွဲ့ အသနားခံ

Wednesday, February 03, 2010 ·

စိုးမိုး | စစ်အစိုးရနှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များ ထိုးစစ်ကြောင့် ထိုင်းဘက်သို့ ထွက်ပြေး တိမ်းရှောင် လာရသော ကရင် ဒုက္ခသည် (၃,၀၀၀) ကျော်ကို မြေမြှုပ်မိုင်း အန္တရာယ် ရှိနေသော နေရပ်သို့ အတင်းအကျပ် ပြန်မပို့ရေး အတွက် ကရင် အမျိုးသမီး အဖွဲ့က ယနေ့ ထိုင်းအစိုးရသို့ အသနားခံစာ ရေးသားပေးပို့လိုက်သည်။

ထိုင်းစစ်တပ်က ယခုလ (၅) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း အဆိုပါ အမျိုးသမီးနှင့် ကလေးငယ် အများစု ပါဝင်သော ကရင်ဒုက္ခသည် (၃,၀၀၀) ကို နေရပ်ပြန်ရန် ပြောကြားထားပြီး ဖြစ်သည်။

“မိုင်းတွေထဲမှာ ပြန်လွှတ်မယ် ဆိုတာတော့ မဖြစ်နိုင်ဘူးလေ။ အဲဒါကို ကျမတို့ သတိလည်းပေးတယ်၊ အသနားလည်း ခံထားတယ်။ သူတို့ရဲ့ ညှာတာ ထောက်ထားမှုလည်း ဆက်လက် ထားရှိပေးဖို့ ကျမတို့ ယုံကြည်တယ်။ ဒါကြောင့် ကျမတို့ ဒီစာကိုရေးတာပါ” ဟု ကရင် အမျိုးသမီး အစည်းအရုံး အတွင်းရေးမှူး (၁) ဖြစ်သူ Blooming Night Zan က ပြောကြားသည်။

ထိုင်းအစိုးရက မြေမြှုပ်မိုင်း အန္တရာယ်၊ စားနပ်ရိက္ခာ အခက်အခဲတို့ ရင်ဆိုင်နေရသည့် စစ်ဖြစ်ပွားခဲ့ရာ ဒေသများသို့ ကရင် ဒုက္ခသည်များကို အတင်းအကျပ် နေရပ်ပြန်ပို့နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ အသိပေး စာရေးသားရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“တိုက်ပွဲ မရှိသော်လည်း ဗုံးတွေ ရှိနေတယ်။ ဘယ်သူမှလည်း မရှင်းဘူး။ ဘယ်သူမှလည်း အာမခံချက် မပေးဘူး။ စားနပ် ရိက္ခာကလည်း ပြဿနာ။ စားနပ်ရိက္ခာက ဘယ်နှရက် ဘယ်နှလ ပို့ပေးနိုင်သလဲ။ ကျန်တဲ့ အချိန်က သူတို့ လုပ်ကိုင် စားသောက်ရမယ်။ ဒါပေမယ့် ဘယ်မှာမှ မိုင်းကြောင့် ဘယ်မှမသွားရဲတဲ့ အနေအထား ရှိတယ်” ဟု Blooming Night Zan က ဆက်လက်ပြောကြားသည်။

မြေမြှုပ် မိုင်းကြောင့် ဒုက္ခသည်များ အသက် ဆုံးရှုံးခြင်း၊ ကိုယ်အင်္ဂါ ဆုံးရှုံးခြင်းများ ဖြစ်ပွားနေကာ ပြီးခဲ့သည့် ဇန်န၀ါရီလ (၁၈) ရက်နေ့တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက် ဆုံးရှုံး သွားရကြောင်း သိရသည်။

“ဒီစစ်ကြောင့် မြေမြှုပ် မိုင်းဒဏ်ကို အဓိက ခံစားနေရတာက အမျိုးသမီးတွေနဲ့ ကလေးတွေ၊ ကျမတို့ ဘယ်လိုမှ မခံစားနိုင်ပါဘူး။ ကျမတို့ အမျိုးသမီးအဖွဲ့အနေနဲ့ ဒါကို ကြည့်မနေနိုင်ပါဘူး” ဟု ကရင်အမျိုးသမီးအဖွဲ့ အတွင်းရေးမှူး (၁) က ပြောကြားသွားသည်။

ပြီးခဲ့သည့်နှစ်က နအဖနှင့် ဒီကေဘီအေ ပူးပေါင်းတပ်များက ကေအန်ယူကို ထိုးစစ် ဆင်နွှဲခဲ့မှုကြောင့် ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေး လာရသည့် ကရင် ဒုက္ခသည် (၃,၀၀၀) ကျော်မှာ ထိုင်းနိုင်ငံ ထာ့ဆောင်ယန်း ဒေသတွင် ခိုလှုံနေခြင်းကို ထိုင်းစစ်တပ်က နေရပ်ပြန်ရန် ဖိအားပေးနေခြင်း ဖြစ်သည်။

ထိုင်းအမှတ် (၃) စစ်တိုင်းမှူး ဒုဗိုလ်ချုပ် ထနွန်စာ အဖိရတ်ယိုထင်က စစ်ပြေး ဒုက္ခသည် အချို့ ခိုလှုံနေသည့် နောင်ဘိုး ယာယီ ဒုက္ခသည် စခန်းသို့ ပြီးခဲ့သည့် ဇန်န၀ါရီ (၂၈) တွင် လာရောက်ပြီး ဒုက္ခသည်များအား နေရပ်သို့ အမြန်ဆုံး ပြန်ပို့မည်ဟု ပြောကြားခဲ့သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */