မတော်တဆမှုကြောင့် ရွှေတူးသမားများစွာ သေဆုံး

Wednesday, February 24, 2010 ·

သန်းထိုက်ဦး | ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ ရွှေတူးဖော်နေသည့် အလုပ်သမား များသည် ထိခိုက် ဒဏ်ရာ ရရှိမှုကြောင့် ယခုနှစ် ၂ လအတွင်း သေဆုံးသူ စုစုပေါင်း လူဦးရေ (၂၀) ကျော်ရှိပြီ ဖြစ်ကြောင်း အလုပ်ခွင်သို့ သွားရောက်ခဲ့သူ တဦးက ပြောသည်။

သေဆုံးသည့် အလုပ်သမားများသည် ကားပေါ်က ပြုတ်ကျခြင်း၊ မြေပိ၍ သေဆုံးခြင်း၊ စက် ယန္တရားကြီးများနှင့် နင်း ကြိတ်မိ ခြင်း စသည်တို့ကြောင့် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“စက် ယန္တရားတွေနဲ့ သုံးတာဖြစ်တဲ့ အတွက်ကြောင့် စက် ယန္တရားတွေနဲ့ ကြိတ်မိပြီး သေတာရှိတယ်၊တချို့က ပြုတ်ကျပြီးတော့ အောက်မှာ ထောင်ထားတဲ့ သံတိုင်ပေါ်ကို ကျတဲ့ အတွက်ကြောင့် သံတိုင်နဲ့ ထိုးမိပြီးတော့ သေတာလည်း ရှိတယ်”ဟု အလုပ်ခွင် သို့ သွားရောက်ခဲ့သူက ဧရာဝတီသို့ ပြောသည်။

ရွှေတူးဖော်သည့် အလုပ်သမားများသည် ၂၀၀၉ ခုနှစ် အတွင်း ရွှေကျင်မြို့နယ်ရှိ ရွှေလုပ်ငန်းများ အားလုံး၌ လူဦးရေ ၁၅၀ ခန့် သေဆုံးခဲ့ပြီး ယခုနှစ်တွင် သေဆုံးသူ ၂၀ ကျော်ရှိကြောင်း ၎င်း ဒေသခံက ဆိုသည်။

ယင်း ရွှေတူးဖော်သည့် လုပ်ငန်းကို ဇမ္ဘူရဇ်၊ အေးမြပြည့်စုံ၊ ရွှေကျင်သား အပါအ၀င် ကုမ္ပဏီ ၅ခုခန့် လုပ်ကိုင်နေကြောင်း သိရှိရ သည်။

ရွှေ တူးဖော်ရေး လုပ်ငန်းများကို သတ္တူတွင်း ၀န်ကြီးဌာနမှ အသေးစား တူးခွင့်ပြုထားသော်လည်း စက်ယန္တရားကြီးများဖြင့် အသုံး ပြုနေသည့် အတွက်ကြောင့် လူအသေ အပျောက်များ ရှိသကဲ့သို့ သဘာဝ ပတ်ဝန်းကျင်များလည်း ပျက်စီးကြောင်း အလုပ်ခွင်သို့ ရောက်ခဲ့သူက ဆိုသည်။

“ရွှေကျင်သားတွေ ရေသန့်သန့် မသောက်ရတော့ဘူး၊ ရွှေကျင်မှာရှိတဲ့ ချောင်းမှန်သမျှ အားလုံးဟာ အင်ဂျင် ဆီ၊ ဒီဇယ်ဆီတွေနဲ့ ရောနေတဲ့ ရေတွေဖြစ်ကုန်တယ်”ဟု ၎င်းက ပြောသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ လောင်ဖောင် ကျေးရွာ၌ ရွှေတူးဖော်ရေး ကုမ္ပဏီ နှစ်ခုကိုလည်း ရွှေတူးဖော်မှုကြောင့် နေအိမ် ၈လုံး နှင့် လယ်မြေ ၂၃ ဧက ပျက်စီး ဆုံရှုံးမှုကြောင့် အမည်ပျက် စာရင်း ထည့်သွင်း ကြေညာခဲ့ ကြောင်း သတင်းများအရ သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */