ဦးတင်ဦး လွတ်မြောက်မှု ဒေါ်အောင်ဆန်းစုကြည် ဝမ်းသာ

Wednesday, February 24, 2010 ·

ကိုထွေး | ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဒု ဥက္ကဋ္ဌ ဦးတင်ဦး ပြန်လည် လွတ်မြောက်၍ နိုင်ငံရေး လှုပ်ရှားမှု များကို ပြန်လည် ဆောင်ရွက် နေသည့် အတွက် ၀မ်းသာ ကျေးဇူး တင်သည်ဟု ပြောကြောင်း ယနေ့ သွားရောက် တွေ့ဆုံသည့် ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။

ရှေ့နေများ ဖြစ်သော ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်းတို့သည် နေ့လယ် ၁ နာရီမှ ၃ နာရီခန့်အထိ တွေ့ဆုံခဲ့ကြောင်း သိရသည်။

“ဦးတင်ဦး လွတ်လာပြီး စဉ်ဆက်မပြတ် ရုံးလာတယ်၊ ရုံးလုပ်ငန်း တွေမှာလည်း ကြီးကြပ်တယ်၊ သတင်းမီဒီယာ များကိုလည်း သူ့ရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေကို ပြောတယ်၊ ဒီဟာတွေ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်ကြောင်း ၀မ်းသာအားရ ကျေးဇူးတင်ကြောင်း ကိုယ်တိုင် ပြောပါလို့ မှာတဲ့ အတွက် ကျနော် ကိုယ်တိုင် သွားပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းတရားရုံးတွင် နေအိမ်ပြင်ဆင်ခြင်းကို အစ်ကို ဖြစ်သူ ဦးအောင်ဆန်းဦးက ကန့်ကွက်သည့်ကိစ္စကိုလည်း ဆွေးနွေး ကြောင်း၊ မတ်လ ၄ ရက်နေ့တွင် ယင်းကိစ္စနှင့် ပတ်သက်၍ ပေးအပ်ရမည့် လျှောက်လဲချက် အတွက် ပြင်ဆင်ထားမှုများ ကို တင်ပြရာ ဒေါ်အောင်ဆန်းစုကြည်က သဘောတူညီ၍ ဖြည့်စွက်ရမည့် အချက်အလက်များကို ပြောဆိုကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦး အပါအ၀င် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် တွေ့ဆုံလိုကြောင်း ပြောသည် ဟုလည်း ဦးဉာဏ်ဝင်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေဖြစ်သူ ဒေါ်ခင်ကြည်က လက်ရှိနေထိုင်လျက်ရှိသော ခြံဝင်းအတွင်းမှ အစိတ်အပိုင်းတခုကို ဦးခင်မောင်အေးအား ပေးအပ်ထားသည်ဟုဆိုကာ ၂၀၀၉ ခုနှစ်က ရောင်းချရန် ဦးခင်မောင်အေးက သတင်းစာတွင် ထည့်သွင်း ကြေညာခဲ့သည်။

“ကျနော်တို့က အဲဒါတွေကို ကန့်ကွက်တယ်၊ အခုအဲဒီကိစ္စတွေက အရေးကြီးတယ်ထင်လာလို့ ကျနော်တို့ ဒီကိစ္စတွေကို ဆွေးနွေး ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

၂၀၁၀ ဇန်န၀ါရီလတွင် နေအိမ် လုံခြုံရေးအတွက် ပြင်ဆင်နေမှုကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက တားဝရမ်းဖြင့် ကန့်ကွက်ခဲ့ သည်။

အာဏာပိုင်များ ခွင့်ပြုချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အပေါ်ထပ်ရှိ ဝရန်တာကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် စတင် ပြင်ဆင်ခဲ့ရာ ဦးအောင်ဆန်းဦး၏ ကန့်ကွက်မှုကြောင့် ခေတ္တရပ်ဆိုင်းထားရကြောင်းလည်း သိရသည်။

စက်တင်ဘာလက ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်တွင်း အမှု ရင်ဆိုင်နေရစဉ် ကတည်းက ၎င်း၏ နေအိမ်ကို လုံခြုံရေး အတွက် ပြန်လည် ပြုပြင်ရန် ပြောဆိုသဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာနှင့် တိုင်ပင်ခဲ့သည်။ အိမ် အပေါ်ထပ်တွင် ရှိသော ၀ရန်တာ နှစ်ခုကို အဓိကထားပြီး ပြုပြင်မည် ဖြစ်ကြောင်း၊ အိမ်ပြင်ရန်အတွက် အာဏာပိုင်များကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အကြောင်း ကြားခဲ့ကြောင်း သိရသည်။

မေလက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ အမေရိကန်နိုင်ငံသားတဦး တိတ်တဆိတ် ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း နေအိမ် လုံခြုံရေးအတွက် ပြုပြင်ရန် ယခုကဲ့သို့ ဆောင်ရွက်ခြင်း ဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */