ဒုက္ခသည်များ တရားဝင် နေထိုင်ခွင့် ကတ်ပြား မလေးရှားက ထုတ်ပေးမည်

Thursday, February 04, 2010 ·

ဝီရ | မလေးရှား နိုင်ငံ၌ ကုလသမဂ္ဂ ဒုက္ခသည် အဖြစ် အသိအမှတ် ပြုခံထားရ သူများကို တတိယ နိုင်ငံ အခြေမချ နိုင်ခင် စပ်ကြား ကာလတွင် အသုံးပြုနိုင်ရန် မလေးရှား အစိုးရက တရားဝင် နေထိုင်ခွင့် ကတ်ပြား တမျိုးကို ထုတ်ပေးသွားရန် စီစဉ် နေကြောင်း သိရသည်။

မလေးရှားရောက် တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို ဖမ်းဆီး ရာတွင် ဒုက္ခသည် အသိအမှတ်ပြု လက်မှတ် ကိုင်ဆောင် ထားသူတို့ကိုလည်း သက်ဆိုင်ရာက ဖမ်းဆီးမှု များပြား လာနေခြင်း၊ လက်ရှိ ဒုက္ခသည်ဦးရေနှင့် တတိယ နိုင်ငံသို့ ထွက်ခွာခွင့် ရရှိသူတို့၏ အချိုးအစား ကွာဟနေခြင်း တို့ကြောင့် ယင်းကဲ့သို့ စီစဉ်ရန် အစိုးရနှင့် သဘော တူညီမှု ရရှိခဲ့ခြင်း ဖြစ်ကြောင်း ကွာလာလမ်ပူ အခြေစိုက် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာ) ရုံး ပြောခွင့်ရပုဂ္ဂိုလ် မစ္စစ် ယန်တီး အစ္စမေးလ်က သတင်းစာ ရှင်းလင်းပွဲ တရပ်တွင် ပြောကြားသည်။

အသစ်ထုတ်ပေးမည့် တရားဝင်နေထိုင်ခွင့် ကတ်ပြားကို မည်သည့်အချိန် စတင်ထုတ်ပေးမည်ကို မပြောကြားသေးသော်လည်း အဆိုပါ ကတ်ပြား ကိုင်ဆောင်ထားသူသည် သက်ဆိုင်ရာ အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းမှ ကင်းလွတ်မည်ဖြစ်ပြီး မလေးရှားတွင် ရှိနေစဉ် အတွင်း အလုပ် လုပ်ကိုင်ခွင့်လည်း ရရှိမည်ဖြစ်သည်။

အဆိုပါ ကတ်ပြား၏ သက်တမ်း သတ်မှတ်ရေး အပါအဝင် အသေးစိတ် အစီအစဉ်ကို ယူအန်အိပ်ခ်ျစီအာနှင့် မလေးရှား ပြည်ထဲရေးဝန်ကြီးတို့က ဆက်လက် ဆွေးနွေးသွားရန်ရှိသည်။

ထိုအစီအစဉ်ကို မလေးရှားရောက် အလုပ်သမားရေးရာအဖွဲ့အစည်းတို့က ကြိုဆိုကြကြောင်း သိရသည်။

ကွာလာလမ်ပူမှ အလုပ်သမားအရေး ကူညီပေးနေသူ ကိုကျော်ထွန်းမင်းက “မလေးရှားအစိုးရက ဇန်နဝါရီ (၁၅) ရက်နေ့ ကတည်းက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေကို ဖမ်းဆီး အရေးယူမယ်လို့ ကြေညာပြီး နောက်ပိုင်းမှာ ဒုက္ခသည်ကတ် ကိုင်ထား သူတွေကိုလည်း ဖမ်းဆီး သွားကြတယ်။ လဝက်အတွင်းမှာ မြန်မာအလုပ်သမားတွေ ထောင်ချီ အဖမ်းခံလိုက်ရတယ်။ ဒုက္ခသည်ကတ် ရှိတဲ့ သူတွေကို ယူအန်ရုံးက တယောက်ချင်း ပြန်ထုတ် ရတယ်။ ဒီကိစ္စ ပြေလည်အောင်လို့ အစိုးရနဲ့ ယူအန်ကြားမှာ ဆွေးနွေး ကြပြီးတော့ အခုလို အဖြေထွက်လာတဲ့အပေါ်မှာ ကြိုဆိုပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မလေးရှား နိုင်ငံသည် ဒုက္ခသည်များ ခိုလှုံခွင့်နှင့် ပတ်သက်သည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီမှု စာချုပ်ကို လက်မှတ် ရေးထိုး ထားခြင်း မရှိသေးချေ။

တရားဝင် နေထိုင်ခွင့် ကတ်ပြား ထုတ်ပေး လိုက်ခြင်းဖြင့် မလေးရှား နိုင်ငံတွင် လွတ်လပ်စွာ အလုပ်လုပ်ကိုင်ခွင့် ပိုမိုများပြားလာ နိုင်၍ တတိယနိုင်ငံသို့ အခြေချလိုသည့် ဦးရေလည်း လျော့နည်းသွားနိုင်ကြောင်း ကိုကျော်ထွန်းမင်းက ပြောကြားသည်။

မလေးရှား နိုင်ငံတွင် ဒုက္ခသည် အဖြစ် အသိအမှတ် ပြုခံထားရသူ (၇၅,၀၀၀) ကျော်အနက် (၆၀,၀၀၀) ကျော်မှာ မြန်မာ နိုင်ငံသားများ ဖြစ်ကြောင်း ယူအန်အိပ်ခ်ျစီအာ စာရင်းတွင် ဖော်ပြထားသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */