ယာဉ်အပိုပစ္စည်း အခွန် စည်းကြပ်ရာတွင် ပြင်ပ ဒေါ်လာ ပေါက်ဈေးသတ်မှတ်

Wednesday, February 03, 2010 ·

ခိုင်လင်း | ပြည်ပမှ တင်သွင်း နေရသည့် ယာဉ်အမျိုးမျိုးနှင့် စက်ယန္တရား များ၏ အပို ပစ္စည်းများအား အခွန် စည်းကြပ်ရာတွင် ယခင် တဒေါ်လာ ကျပ် (၄၅ဝ) အစား ယမန်နေ့ကစ၍ ပြင်ပ ပေါက်ဈေး အတိုင်း ပြောင်းလဲ သတ်မှတ် လိုက်သည်။

ကုန်သွယ် လုပ်ငန်းခွန်၊ အမြတ်ခွန်နှင့် အကောက်ခွန် ဟုဆိုကာ ပစ္စည်းအမျိုးအစားပေါ်မူတည်၍ ဒေါ်လာငွေဖြင့် အခွန်စည်းကြပ်ပြီး တဒေါ်လာ (၄၅ဝ) ကျပ်နှုန်း သတ်မှတ်ကာ ကျပ်ငွေဖြင့် အခွန်ပေးဆောင်နေခဲ့ရာမှ လက်ရှိ ပြင်ပပေါက်ဈေးအတိုင်း ပေးဆောင်ရန် သတ်မှတ်လိုက်သည်ဟု သွင်းကုန်လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ဇိမ်ခံကား၊ လိုက်ထရပ်ကား၊ ကုန်တင်ကား၊ မြေထိုးစက် အားလုံးပေါ့၊ ယာဉ်အားလုံးရဲ့ အပိုပစ္စည်းတွေကို ပြင်ပ ပေါက်ဈေး အတိုင်း သတ်မှတ် လိုက်တာ။ ကားဘက်ထရီတို့၊ တာယာတို့၊ မီးသီးတို့၊ မှန်တို့ အပို ပစ္စည်းတွေ အားလုံး ပြင်ပ ပေါက်ဈေး အတိုင်း အခွန်ဆောင် ရမယ်။ မနေ့က ရန်ကုန် ဆိပ်ကမ်း ကနေ စသတ်မှတ်လိုက်တယ်” ဟု ပြောသည်။

ယခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှစ၍ မော်တော်ယာဉ်များ တင်သွင်း ခွင့်ကို ပို့ကုန်မှ ရရှိငွေ (Earning) ရှိသည့် ပုဂ္ဂလိကသို့ လုပ်ပိုင်ခွင့် ချပေးခဲ့ပြီး အခွန် စည်းကြပ်ရာ၌ ကျပ် (၄၅ဝ) အစား ပြင်ပပေါက်ဈေးဖြင့် အခွန်ဆောင် ကြရာမှ ယခုကဲ့သို့ ယာဉ်အပို ပစ္စည်းများကိုလည်း အလားတူ ပြောင်းလဲ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုပါ သွင်းကုန်လုပ်ငန်းရှင်က ပြောသည်။

၎င်းက “နှစ်စကတော့ ယာဉ်သီးသန့်ပဲ ပြင်ပပေါက်ဈေးနဲ့ ပေးဆောင်ရတယ်။ အခုက အပိုပစ္စည်းတွေကို အရင်က (၄၅ဝ)၊ အခုက (၁,ဝဝဝ) ကျော်ဆိုတော့ (၁) ဆကျော် အခွန်တက်လာတာပေါ့။ သတ်မှတ်ထားတဲ့ အခွန် ရာခိုင်နှုန်းတွေက မပြောင်းဘူး။ အရင်အတိုင်းပဲ။ ဒါပေမယ့် ဒေါ်လာတန်ဖိုးကို ဈေးမြင့်လိုက်တာဆိုတော့ အခွန်တိုးကောက်သလိုဖြစ်နေတာ” ဟု ပြောသည်။

နယ်စပ် ကုန်သွယ်ရေး (နကသ) မှတဆင့် သွင်းကုန်ပစ္စည်းများ တင်သွင်းရာတွင်လည်း နေပြည်တော်ရှိ နကသရုံးချုပ်က သတ်မှတ် ထားသည့် ယခင် ကုန်ဈေးနှုန်းများကို မကြာသေးမီက တိုးမြှင့် သတ်မှတ် လိုက်သည်ဟု တရုတ်-မြန်မာ နယ်စပ်ရှိ ကုန်သည် တဦးက ပြောသည်။

၎င်းက “ကုန်ပစ္စည်း တန်ဖိုးတွေကို ဈေးမြှင့် လိုက်တာ။ လိုင်စင် လျှောက်တဲ့ခါ ကိုယ်သွင်းလာမယ့် ပစ္စည်းရဲ့ တန်ဖိုးကို နေပြည်တော်က သတ်မှတ်ထားတယ်။ အဲဒီဈေးနှုန်းအချက်အလက်တွေကို Data Base လို့ ခေါ်တယ်။ အဲဒီထဲမှာ ဖော်ပြထားတဲ့ သွင်းကုန်ပစ္စည်းတွေ အားလုံးကို ဈေးမြှင့်လိုက်တာ။ သဘောက ပစ္စည်းတခု ဒေါ်လာ (၇ဝ) တန်တယ်ဆိုပြီး သတ်မှတ်ထားတယ်၊ အဲဒါကို (၇၅) ဒေါ်လာဆိုပြီး သတ်မှတ်လိုက်တာ။ တဖက်နိုင်ငံထဲမှာ ဈေးတက်လို့ လိုက်တက်တာ မဟုတ်ဘူး။ နေပြည်တော်က နေရင်းထိုင်ရင်း လိုက်တက်နေတာ။ ကုန်သည်က ပိုအခွန်ဆောင် ရတာပေါ့ဗျာ” ဟု ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */