နာမည်ကျော်အဆိုတော်များ နေပြည်တော်တွင် သင်္ကြန်ကျမည်

Wednesday, February 24, 2010 ·

သဲသဲ | ဧပြီလလယ်တွင် ကျရောက်မည့် သင်္ကြန်ပွဲကို မြို့တော်သစ် နေပြည်တော်က ယခင်နှစ်များကဲ့သို့ မဟုတ်ဘဲ နာမည်ကျော် အဆိုတော်များ၊ တီးဝိုင်းများဖြင့် ပထမဆုံးအကြိမ် စည်ကားစွာ ကျင်းပရန် စီစဉ်နေသည်။


၂၀၀၉ နှစ် တောင်ကြီးမြို့ သင်္ကြန်တွင် အဆိုတော် အငဲ ဖျော်ဖြေနေပုံ (ဓာတ်ပုံ - www.allrathashanlaytwaye.co.cc)
နေပြည်တော်ရှိ ဟိုတယ်များ၊ ကုန်တိုက်များ၊ ကုမ္ပဏီများက သင်္ကြန် မဏ္ဍပ် ထိုးကြမည် ဖြစ်သောကြောင့် ရန်ကုန်မှ အဆိုတော်များက အလွန် စိတ်ဝင်စား နေကြသည်ဟု အဆိုတော် ဇော်ဝင်းထွဋ်က ပြောသည်။

“မဏ္ဍပ်တွေ၊ တီးဝိုင်းတွေက အနည်းဆုံး ၁၄၊ ၁၅ ခုလောက် ရှိမယ် ဆိုတော့ အကုန်ပတ်ပြီး ဆိုလို့ရတော့ ၀င်ငွေ ပိုကောင်းနိုင်တာပေါ့” ဟု ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်က ဧရာဝတီကို ပြောသည်။

ရန်ကုန်၊ မန္တလေး မြို့ကြီးများတွင် အဆိုတော်များ သင်္ကြန်ကျလျှင် မဏ္ဍပ် အနည်းငယ်တွင်သာ ဖျော်ဖြေရလေ့ ရှိကြောင်း၊ နေပြည်တော် သင်္ကြန်တွင် အဆိုတော်များက မဏ္ဍပ် အများအပြားသို့ သွားရောက်နိုင်ဖွယ် ရှိကြောင်း ဇော်ဝင်းထွဋ်က ပြောသည်။

“အခုနှစ် သင်္ကြန်မှာ အဆိုတော်တွေ တော်တော် အဆင်ပြေမှာပါ။ ဈေးကောင်းပေးပြီး အပြိုင် ငှားနေကြတယ်။ ကျနော့်အထင် အခုအချိန်မှာ သွားငှားမယ် ဆိုရင်တောင် ရမှာ မဟုတ်တော့ဘူး၊ ငှားပြီး လောက်ပြီ” ဟု အဆိုတော် ဇော်ဝင်းထွဋ်က ရှင်းပြသည်။

နေပြည်တော် သင်္ကြန်တွင် ထူးခြားသည့် တင်ဆက်မှုများဖြင့် ဖျော်ဖြေရန် ဟစ်ပ်ဟော့ပ် အဆိုတော် သားစိုး ကလည်း အဆင်သင့် ဖြစ်နေသည်။

“ကျနော် ဒီနှစ်သင်္ကြန်ကို နေပြည်တော်က ဧဒင် ဟိုတယ်မှာ နတ်ကတော် တွေနဲ့ အတူ ရှိမယ်” ဟု သားစိုးက ဧရာဝတီကို ပြောသည်။

Plus-3 တေးဂီတ၀ိုင်းမှ မန်နေဂျာ ကိုဇော်ကြီးကလည်း “ကျနော်တို့ အဖွဲ့က လောလောဆယ်တော့ ဆောင်းဦးလှိုင်၊ မျိုးကျော့မြိုင်၊ စည်သူလွင်၊ ရှင်ဖုန်း၊ N ကိုင်ရာ တို့နဲ့ နေပြည်တော်က ရွိုင်ရယ် ကုမုဒြာမှာ ဖျော်ဖြေဖို့ ရှိပါတယ်” ဟု ပြောပြသည်။

နေပြည်တော် တည်ထောင်ပြီး ၂၀၀၆ ခုနှစ် နောက်ပိုင်းကာလ သင်္ကြန် ပွဲတော်များတွင် ၀န်ကြီး ဌာန မဏ္ဍပ်များ ရှိသော်လည်း စည်ကားခြင်း မရှိဟု သိရသည်။

နိုင်ငံအနှံ့ နှစ်စဉ် ကျင်းပသည့် သင်္ကြန် ပွဲတော်သည် ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် စည်ကားလေ့ ရှိသည်။ ယခုနှစ်၌မူ နေပြည်တော်တွင်သာ စည်ကားဖွယ် ရှိသည်ဟု ဂီတ၊ ရုပ်ရှင် လောကသားများက သုံးသပ်ကြသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */