ရန်ကုန်တွင် အင်တာနက် ဆက်သွယ်မှု ဆိုးဝါး

Tuesday, February 16, 2010 ·

တက်လူ | ယနေ့ ရန်ကုန်တွင် အင်တာနက် ကွန်နက်ရှင် အလွန် ဆိုးဝါးနေသည့် အတွက် သုံးစွဲသူများ အခက်တွေ့ နေကြကြောင်း အင်တာနက်ဆိုင် (ဆိုင်ဘာ) များမှ စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်မှ (၅) ရက်ထိ အင်တာနက်ဆာဗာ ပြုပြင်နေသည့်အတွက် ကွန်နက်ရှင် နှေးကွေးခဲ့ကြောင်း၊ ထို့နောက်ပိုင်းတွင်လည်း လိုင်းများ ကောင်းမွန်ခြင်း မရှိဘဲ ပြတ်တောင်း ပြတ်တောင်း ရှိနေရာမှ ယခု တဖန် လုံးဝ မရတော့ကြောင်း အင်တာနက် အသုံးပြုသူများက ပြောသည်။

“အရမ်းဆိုး လာတယ်။ တနေ့မှာ တချိန်မှ ကောင်းကောင်း အသုံးပြုလို့ မရဘူး။ အရင်က နှေးတာက သုံးလို့ ရသေးတယ်၊ အခုက မနက်ကတည်းကကို မရတော့တာလေ။ သုံးသူတွေကို ပြန်ပြန်လွှတ်ရတယ်၊ အားနာဖို့ ကောင်းတယ်” ဟု အနော်ရထာလမ်းရှိ အင်တာနက်ဆိုင်က ပြောသည်။

ပြည်တွင်းက ဆာဗာနှင့် တင်ထားသည့် ဒေါ့ကွန်း၊ ဒေါ့အမ်အမ်များ၊ ဥပမာ www.alpha.com.mm ကဲ့သို့ ၀က်ဘ်ဆိုက် များကိုသာ ကြည့်ရှုရကြောင်း ဆိပ်ကမ်းသာ လမ်းရှိ အင်တာနက်ဆိုင် မန်နေဂျာက ပြောသည်။

သို့သော် ထိုဆိုက်များကို မည်သူမျှ မသုံးကြောင်း၊ ရန်ကုန် အင်တာနက် သုံးသူများက ပြည်တွင်း သတင်းများကိုသာ ဖတ်ရှုလိုကြကြောင်း၊ ထို့ကြောင့် ပြည်တွင်း သတင်းပါ ဆိုက်များကိုသာ ဖွင့်လေ့ရှိကြောင်း အင်တာနက်ဆိုင် (၃) ဆိုင် ဖွင့်ထားသည့် ပိုင်ရှင်တဦးက ပြောသည်။

၎င်းက “ပြည်တွင်းက တင်ထားတဲ့ ဆိုက်တွေကို ဘယ်သူကမှ မဖွင့်ဘူး။ ကျနော်တို့ကတော့ လာတဲ့ Users တွေကို အဲဒီ ဆိုက်တွေတော့ ရတယ်လို့ ပြောပြပါတယ်။ ဒါပေမယ့် မကြိုက်တဲ့သူတွေချည်းပဲ” ဟု ပြောသည်။

မန္တလေး ရတနာပုံ ဆိုက်ဘာစီးတီး ပေါ်လာပြီး မိန်းဆာဗာကို ယင်းနေရာတွင် ထားရှိပြီးသည့် နောက်ပိုင်း အင်တာနက် ကွန်နက်ရှင်များ မကြာခဏ နှောင့်နှေးပြတ်တောက်မှုများ ဖြစ်လာကြောင်း ရန်ကုန် အင်တာနက် ဆိုင်များက ပြောသည်။

“အရင်ကထက် ဆိုးလာတယ်ဗျ၊ ရတနာပုံ ဆိုက်ဘာ စီးတီး ဆိုတာ ပေါ်လာပြီးနောက် Backbone က မကြာခဏ ကျနေတယ်” ဟု ကျောက်တံတား မြို့နယ်ရှိ အင်တာနက်ဆိုင် တဆိုင်က ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */