အသက် မပြည့် မြန်မာ မိန်းကလေးငယ်များ ပြည့်တန်ဆာ အဖြစ် လုပ်ကိုင် နေကြ

Saturday, February 20, 2010 ·

ရဲရင့် | ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့တွင် မြန်မာ ကလေး ပြည့်တန်ဆာ (၅၀) ခန့် အလုပ် လုပ်ကိုင်လျက် ရှိသည်ဟု အစိုးရ မဟုတ်သည့် အဖွဲ့အစည်း တခုမှ တာဝန်ရှိသူ တဦးက ပြောသည်။

၎င်းက “ကျမတို့ အဖွဲ့က မဲဆောက်မှာ ရှိတဲ့ရုံတွေက လိင် အလုပ်သမတွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေရတော့ (၁) လကို (၂) ကြိမ်ရောက်ဖြစ်တယ်။ ကလေးလိင်အလုပ်သမတွေက တရုံကို ပျမ်းမျှ (၃) ဦးတော့ ရှိတယ်။ မဲဆောက်မှာ ရုံပေါင်း (၁၅) ရုံလောက် ရှိတယ်” ပြောသည်။

ကလေး ပြည့်တန်ဆာ အသုံးပြုသည့် အတွက် လွန်ခဲ့သည့် (၄) နှစ်ခန့်က ကလေး အခွင့်အရေး ကာကွယ်ရေး အဖွဲ့များနှင့် ဒေသခံ အာဏာပိုင်များ ရုံများတွင် ၀င်ရောက် စစ်ဆေးမှုများ ရှိခဲ့သည့် အတွက် အသက် မပြည့်သည့် လိင် အလုပ်သမများကို ပြင်ပတွင် ထားရှိခြင်း ဖြစ်ပြီး အလုပ် ရှိမှသာ သွားရောက် ခေါ်ဆောင် ပေးရသည်ဟု မော်တော် ဆိုင်ကယ်ဖြင့် အကြိုအပို့ လုပ်ပေးသူ ကိုဂျက်လီက ပြောသည်။

၎င်းက “ပြဿနာ ရှိတော့ သူတို့ကို သီးသန့် ထားရတယ်။ တကြိမ် ဆိုရင် ဘတ် (၂,၀၀၀) လောက်ရတယ်။ သူတို့ကို ခေါ်တဲ့သူ အများစုက တိုင်ဝမ်နဲ့ တရုတ်ပြည်က လာတဲ့သူတွေများတယ်။ ဒီအလုပ်က တရားဝင် မဟုတ်တော့ လစဉ် လိုင်းကြေးတော့ ပေးရတယ်” ဟု ရှင်းပြသည်။

လိင် အလုပ်သမထိန်း တဦးဖြစ်သူ ဒေါ်ညိုက အသက် မပြည့်သည့် လိင် အလုပ်သမများ အနက် ထက်ဝက်ခန့်မှာ မိခင်ဖြစ်သူ ကိုယ်တိုင်နှင့် ဆွေမျိုးသားချင်းများက အလုပ်ရှင်ထံတွင် လာရောက် ရောင်းချ ခဲ့သူများ ဖြစ်သည်ဟု ပြောသည်။

ထိုင်းရှေ့နေများ ကောင်စီရုံး အဖွဲ့မှ ထိုင်း ရှေ့နေ တဦးက “ဒီပြဿနာတွေက ထိရောက်တဲ့ အရေးယူမှုတွေ မရှိသရွှေ့ ဆက်ပြီး ရှိနေဦးမှာဖြစ်တယ်” ဟု ပြောသည်။

မဲဆောက်ရှိ ကလေးလိင် အလုပ်သမ (၅၀) ခန့်၏ ပျှမ်းမျှ အသက်မှာ (၁၄) နှစ်နှင့် (၁၅) နှစ်အရွယ်များ ဖြစ်သည်ဟု အစိုးရ မဟုတ်သည့် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့ တခု၏ မှတ်တမ်းများ အရ သိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */