အစိုးရ သတင်းပေးများ အတွက် ဝေါ်ကီတော်ကီများ ထုတ်ပေး

Tuesday, February 23, 2010 ·

တက်လူ | နအဖစစ် အစိုးရအား ဆန့်ကျင်သည့် လှုပ်ရှားမှုတို့ကို အချိန်မီသတင်းပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်ရှိ စည်ပင် ဧရိယာ မြို့နယ်များရှိ ဈေးအသီးသီးမှ ဈေးသည်အချို့ကို ဝေါ်ကီတော်ကီ ခေါ် စကားပြော ဆက်သွယ်ရေး စက်များ ချထားပေးကြောင်း ရန်ကုန်တိုင်း အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (တယက) မှ သိရသည်။

“လောလောဆယ် ကုန်စိမ်း ရောင်းတဲ့ သူတွေကို ချပေးထားတယ်။ ဥပမာ ကြက်သား ရောင်းတဲ့သူတွေ၊ ဟင်းသီးဟင်းရွက် ရောင်းတဲ့ သူတွေပေါ့။ ဘယ်လို အကြောင်းပဲ ဖြစ်ဖြစ် သတင်းပေးဖို့ပါပဲ။ သူတို့အနေနဲ့ အစိုးရဆန့်ကျင်တဲ့သူတွေကို ဖမ်းဆီးခွင့်မရှိပါဘူး၊ သတင်းပေးရုံပါပဲ။ သူတို့ကို လခပေးထားတာဖြစ်တယ်။ အနည်းဆုံး တနေ့ကို (၂,၀၀၀) ကျပ်နဲ့ တွက်ပေးတာဖြစ်တယ်” ဟု တယက၏ ခိုင်လုံသော သတင်း ရပ်ကွက်မှ ပြောသည်။

ရန်ကုန်မြို့လယ်ရှိ (၃၈) လမ်းဈေးဟု အများသိသော ဈေးတွင် ကြက်သားရောင်းချသူတဦး၏ ဆိုင်တွင် ရောင်းချနေသော ကြက် အကောင်များ၏ အောက်တွင် ပလတ်စတစ်အကြည်ရောင် အပါးစားဖြင့် အုပ်ထားသော စကားပြောစက်ကို တွေ့ခဲ့ရကြောင်း ယင်းဈေးတွင် အမြဲတမ်းဈေးဝယ်နေကျ အိမ်ရှင်မတဦးက ပြောသည်။

၎င်းက “တွေ့နေတာပါပဲ၊ ကျမတို့လည်း အရမ်းကြီး ဂရုမစိုက်ပါဘူး။ သူတို့လည်း ကျမအထင်တော့ စားဝတ်နေရေးကြောင့် လုပ်တာဖြစ်မှာပါ။ ကိုယ့်အလုပ်အပြင် တလကို ကျပ် (၅) သောင်း (၆) သောင်းလောက် ရတာတော့ ဒီခေတ်မှာ လုပ်မယ့်သူ ချည်းပဲလေ” ဟု ပြောသည်။

တယကတာဝန်ရှိသူ၏ ပြောပြချက်အရ စကားပြောစက် အလုံးရေ (၂၀၀) ကျော်ကို မြို့နယ်အလိုက်ရှိသော ဈေးများတွင် ချထားပေးကြောင်း သိရသည်။

ယခုနှစ်တွင် စစ်အစိုးရက ရွေးကောက်ပွဲပြုလုပ်ရန် ကြေညာထားသည့်အတွက် အစိုးရအနေဖြင့် ပြည်သူတို့၏ သဘောထားများကို လွတ်လပ်စွာ ပြောဆိုနိုင်ခွင့် ပေးရန်လိုကြောင်း၊ သို့သော် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ပြည်သူတို့က လွတ်လပ်စွာ ပြောဆိုမှု ပြုလုပ်သည်ကို မတွေ့ရကြောင်း ပြည်တွင်းမှ သတင်းစာနယ်ဇင်းသမားတဦးက ပြောသည်။

၎င်းက “ကျနော်တို့က မေးတယ်၊ တွေ့တဲ့သူတချို့ကိုပေါ့ဗျာ။ ရွေးကောက်ပွဲကို စိတ်ဝင်စားမှု ရှိ မရှိပေါ့။ ဒါပေမယ့် တော်တော် များများ မပြောရဲဘူးဗျ။ သူတို့ အဲဒီစကားကို ပြောရင်ပဲ အဖမ်းခံရမှာကို ကြောက်နေတာ တွေ့ရတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အတားအဆီးတွေ ရှိနေဆဲဆိုတာ ပေါ်လွင်နေပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံအနှံ့တွင်လည်း အစိုးရ ဆန့်ကျင်သော သူများကို စစ်အစိုးရက သတင်းပေးသင်တန်း ဖွင့်လှစ်ရန်အတွက် လူငယ်များအား စိစစ် ရှာဖွေ နေကြောင်း၊ ယင်းသင်တန်းကို “စွမ်းရည် မြှင့်တင်ရေးနှင့် စည်းရုံးရေး သင်တန်း” ဟု ညွှန်ကြားချက်ဖြင့် (၁၀) တန်းအောင် ပြီးသော လူငယ်များကို ဦးစားပေးရွေးချယ်နေသည်။

ဆယ်တန်းစာမေးပွဲများ ကျင်းပပြီးစီးပါက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်မည်ဟုလည်း ရန်ကုန်တွင် သတင်းများ ထွက်ပေါ်နေသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */