မြို့နယ် အချို့ ရေမလာသဖြင့် ရေသန့်ဘူး ၀ယ်သုံးနေရ

Tuesday, February 16, 2010 ·

မျိုးဝင်းဇော် | ရန်ကုန်တိုင်း အတွင်းရှိ ဒဂုံဆိပ်ကမ်း မြို့နယ် ယုဇန ဥယျာဉ် အိမ်ရာ၊ တောင်ဒဂုံနှင့် လှိုင်သာယာ မြို့နယ်များ အတွင်း ရေမလာသဖြင့် ရေသန့်ဘူး ၀ယ်ယူသုံးစွဲ နေရကြောင်း မြို့ခံများက ပြောသည်။

အဆိုပါ မြို့နယ်များတွင် အဝီစိတွင်းရေကို စုပ်ပြီး တိုက်ခန်းများသို့ ရေတင်သည့် စနစ်သုံးရခြင်းကြောင့် လျှပ်စစ်မီး မှန်မှန် မရသည့် အတွက် ရေအခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန ဥယျာဉ်အိမ်ရာတွင် နေထိုင်သူတဦးက “မြေညီထပ် နေသူတချို့ပဲ ရေရပြီး ပထမထပ်ကနေ (၄) ထပ် အထိ နေသူတွေ ရေမရတာ (၂) ပတ်လောက် ရှိပါပြီ။ ဒီအတွက် မြို့ပတ်ဝန်းကျင် ရေတုံကင်တွေဆီကနေ ရေဝယ်ပြီး တွန်းလှည်းနဲ့ ရေထမ်း ရောင်းသူတွေထံကနေ ရေတစည် (၁,၅ဝဝ) ကျပ်နဲ့ ဝယ်သုံးရပါတယ်။ အဲဒါကလည်း ရေတစည်ဝယ်ရဖို့ အကြာကြီး စောင့်ရတော့ လူအများစုက တဘူးကို ကျပ် (၂၅ဝ) ပေးရတဲ့ (၂ဝ) လီတာ ရေသန့်ဘူးတွေ ဝယ်ပြီးတော့ပဲ မျက်နှာသစ် ရေချိုးကြရတယ်၊ ထမင်းဟင်းချက်ကြရတယ်” ဟု ပြောသည်။

၎င်း၏ ပြောပြချက်အရ ယုဇနဥယျာဉ်အိမ်ရာမြို့တော်တွင် အဝီစိရေစုပ်စက် (၅) လုံးခန့်ရှိပြီး မြို့ပတ်ပတ်လည်၌ ချထားကြောင်း၊ မီးလာပြီဆိုပါက ရေစုပ်စက်မောင်းသူက ရေစုပ်စက်များကို လိုက်လံမောင်းကြောင်း၊ ရေစုပ်စက် အလုံးရေ မစေ့မီ မီးက ပြန်သေသွား၍ ရေကောင်းကောင်း မတက်တော့ကြောင်း၊ ယခုကဲ့သို့ အကြိမ်ကြိမ် နေ့စဉ်ဖြစ်နေခြင်းကြောင့် ရေစုပ်ချိန်နည်းပြီး မြို့ခံလူအများ ရေမရရှိခြင်းဖြစ်ကြောင်း သိရသည်။

ယုဇနဥယျာဉ်အိမ်ရာတွင် နေထိုင်သူများသည် ယခင်က ရေဖိုး တလ ကျပ် (၂ဝဝ) သာပေးရပြီး နောက်ပိုင်း ဈေးမြှင့် ကောက်ခံကာ ယခုနောက်ဆုံး ရေလာလာ မလာလာ တလ ကျပ် (၂,၅ဝဝ) နှုန်း ကောက်ခံနေသည်ဟု ယုဇနဥယျာဉ်အိမ်ရာတွင် နေသူတဦးက ပြောသည်။

ထို့အပြင် တောင်ဒဂုံ (၇ဝ၊ ၅၄၊ ၇၁၊ ၁ဝ၇) ရပ်ကွက်တို့နှင့် လှိုင်သာယာရပ်ကွက် အများစုမှာလည်း အဝီစိတွင်းမှ ရေကိုသာ သုံးနေရသဖြင့် မီးမလာသည့်အတွက် ရေမတင်နိုင်ဘဲဖြစ်နေသည်။

လှိုင်သာယာမြို့နယ်တွင်မူ အဝီစိတွင်းရေကို ရပ်ကွက်အုတ်ကန်မှတဆင့် နေအိမ်များသို့ ပိုက်ဖြင့် သွယ်တန်းသည့် စနစ်ကို သုံးသော်လည်း အဆိုပါ အုတ်ကန်ကြီးထဲသို့ ရေမရောက်ရှိသည်မှာ လနှင့်ချီ ကြာမြင့်ပြီ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ယခု ဖော်ပြခဲ့သည့် မြို့နယ်တို့တွင် နေထိုင်သူများသည် တနေ့လုပ် တနေ့စား ဆင်းရဲသားများသည့်အတွက် ရေပြဿနာကြောင့် အခက်အခဲပိုဖြစ်နေကြကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကမူ ယခုကဲ့သို့ ရေခက်ခဲမှု ဆက်တိုက်ဖြစ်ပေါ်ပါက မီးစက်များသုံးပြီး ရေစုပ်ပေးမည်ဟု ပြောနေသော်လည်း လက်တွေ့တွင် ဖြစ်မလာသေးပေ။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */