မြန်မာ အလုပ်သမားများ အသတ်ခံရမှု အာဏာပိုင်များပါဝင်

Wednesday, February 03, 2010 ·

ရဲရင့် | မြန်မာ အလုပ်သမားများ အုပ်စုလိုက် အသတ်ခံရမှုတွင် အာဏာပိုင် အဖွဲ့ဝင်များ ပါရှိသဖြင့် မကြာမီရက် အတွင်း ၎င်းတို့ကို ဖမ်းဆီး မည်ဟု ထိုင်းအမှတ် (၆) ရဲတိုင်းမှူး ဒု- ဗိုလ်ချုပ်ကြီး ဆူရစီ ဆွန်ထောင်း ဆာရထွန်က မဲဆောက်မြို့တွင် ယနေ့ ပြောကြားသည်။

ယခင် သတင်းပတ် အတွင်း တောလမ်း ခရီးဖြင့် မဲဆောက်မှ ဘန်ကောက်သို့ သွားသည့် မြန်မာနိုင်ငံသား (၁၂) ဦးထဲမှ (၉) ဦးကို မြန်မာများနှင့် ထိုင်းအာဏာပိုင် အဖွဲ့အစည်းမှ လူအချို့က ဖမ်းဆီးပြီး ငွေတောင်းခံရာမှ ငွေမရသည့်အဆုံးတွင် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု တိုင်းမှူးက ပြောသည်။

ယနေ့ညနေ (၄) နာရီခွဲက မဲဆောက်ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲတိုင်းမှူးက “တောထဲမှာ ဒီလူတွေကို ဖမ်းပြီး အာဏာပိုင်အဖွဲ့က လူတချို့နဲ့ မြန်မာတချို့ပေါင်းပြီး အသတ်ခံရသူတွေရဲ့ ဆွေမျိုးတွေ ရှိရာ မြန်မာပြည်ကို တယ်လီဖုန်းနဲ့ ပိုက်ဆံ လှမ်းတောင်းတဲ့ အချက်အလက်တွေ စစ်ဆေး တွေ့ရှိခဲ့တယ်။ ပြစ်မှု ကျူးလွန်သူကို ဒီရက်ပိုင်း အတွင်းမှာပဲ ဖမ်းဆီးနိုင်မှာ ဖြစ်တယ်” ဟု ဒေသခံ သတင်းထောက်များကို ပြောသည်။

“မြန်မာ လူမျိုးတွေ ထိုင်းကို ဘယ်လိုပုံစံနဲ့ပဲ ၀င်လာဝင်လာ အခုလို လုပ်တာမျိုး၊ ဥပဒေမဲ့ သတ်ဖြတ်မှုကိုတော့ ဥပဒေ အရ ဘယ်လိုမှ ခွင့်မပြုဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။

ဝါရင့် ထိုင်း သတင်းထောက် တဦးကလည်း “ဒီအမှုနဲ့ ပတ်သက်ပြီး မဲဆောက်ကို ရဲတိုင်းမှူးဆင်းလာတယ်။ ရဲလုပ်ငန်းစဉ်အရ စစ်ဆေးမှုတွေ ပြီးသလောက် ဖြစ်သွားပြီး ပြစ်မှု ကျူးလွန်သူ တွေကိုလည်း ရဲက သိနေတဲ့ သဘော ဖြစ်နေပြီ ဆိုတော့ မနက်ဖြန် လောက်ဆိုရင် ပြစ်မှုကျူးလွန်သူကို ဖမ်းတော့မယ် ဆိုတဲ့သဘောမျိုး ပြောသွားတာဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည် မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏ အစီအစဉ်အရ ယခင်လ (၂၇) ရက်က တောလမ်း ခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယခင်လ (၃၁) ရက်နေ့က မဲဆောက် မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ သေဆုံးသူများမှာ မဲဆောက်မှ တဆင့် ဘန်ကောက်သို့ အသွား မဲဆောက်နှင့် ဖို့ဖတ် မြို့နယ် အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ် သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်း ဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများ ရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များ ဖြစ်ကာ အဆိုပါ ကျည်များမှာ လက်နက်ကိုင် အဖွဲ့အစည်းများတွင် သုံးသည့် ကျည်များ ဖြစ်သည်ဟု သိရသည်။

အဆိုပါ မြန်မာ (၁၂) ဦးထဲမှ သေဆုံးသူများ၏ အလောင်း (၇) လောင်းကို မဲဆောက် ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိပြီး အဆိုပါ အလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုး သားချင်းများက မဲဆောက်တွင် စောင့်ဆိုင်းလျက် ရှိသည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ထိုင်းရဲမှ စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ် ခံရမှုများ မဲဆောက်နှင့် အနီး ၀န်းကျင်ရှိ မြို့နယ် တို့တွင် ဖြစ်ပွားခဲ့ဖူးသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */