ဒုက္ခသည် အမျိုးသမီးများ အပေါ် နှိပ်စက်မှုများ ထိုင်းဥပဒေ အရ အရေးယူနိုင်ရန် အိုင်အာစီ ကူညီ

Thursday, January 07, 2010 ·

ဝီရ | ထိုင်း-မြန်မာ နယ်စပ် ဒုက္ခသည် စခန်းများရှိ အမျိုးသမီးများနှင့် ကလေးငယ်များအား နှိပ်စက် ညှဉ်းပန်းမှုများကို အကာအကွယ် ပေးရန် ထိုင်းနိုင်ငံ ဥပဒေကြောင်း အရ အပြစ်ပေး၊ အရေးယူမှုများ အောင်မြင်မှု ရရှိလာကြောင်း ယင်းအမှုများကို လိုက်လံ ဖြေရှင်း ပေးနေသည့် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ (အိုင်အာစီ) က ပြောကြားသည်။

ဒုက္ခသည် အမျိုးသမီးများ အပေါ် မုဒိမ်းမှု အပါအဝင် အိမ်တွင်း အကြမ်းဖက်မှုများကို ကိုင်တွယ် ဖြေရှင်းပေးရန် မဲဟောင်ဆောင်နှင့် မဲဆောက် ခရိုင်ရှိ ဒုက္ခသည် စခန်း (၂) ခုအတွင်း၌ ၂၀၀၇ ခုနှစ်ကတည်းက တရားဝင်ဖွင့်လှစ်ထားရှိသည့် ထိုင်းဥပဒေသည် စခန်းများ အတွင်း၌လည်း သက်ရောက် အကျုံးဝင်မှုရှိသည်ကို အများ ပြည်သူတို့က သိရှိနားလည်လာကြောင်း အိုင်အာစီက ပြောသည်။

အိုင်အာစီမှ ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ခံ Shane Scanlon က “ထိုင်းဥပဒေဟာ ဒုက္ခသည်တွေ အတွက်လည်း သက်ဝင်လှုပ်ရှား နေတယ်ဆိုတာ ဒုက္ခသည်တွေရဲ့ စစ်တမ်း အရဆို အရင်က သူတို့ မသိကြသေးဘူး။ ဒါပေမယ့် အခု တဖြည်းဖြည်း ပြောင်းလဲ လာပြီ” ဟု ပြောကြားသည်။

ဒုက္ခသည် စခန်းများတွင် နှစ်ပေါင်းအတန်ကြာ မျှော်လင့်ချက်ကင်းမဲ့စွာ နေထိုင်ရခြင်း၊ အရက် အလွန်အကျွံ သောက်သုံးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း မရှိခြင်းတို့ကြောင့် ဒုက္ခသည်များအကြား နှိပ်စက်ညှဉ်းပန်းမှုဖြစ်စဉ် များပြားလာရခြင်းဖြစ်ကြောင်း အိုင်အာစီက ထောက်ပြထားသည်။

မဲဟောင်ဆောင်ခရိုင် Ban Mai Nai Soi (နိုင်ဆွန်) ကရင်နီဒုက္ခသည်စခန်းတွင် နေထိုင်သူ အမျိုးသမီးတဦးကို ကွာရှင်းထားသည့် လင်ယောက်ျားက နှိပ်စက်ညှဉ်းပန်းမှုကို အိုင်အာစီက ထိုင်းဥပဒေအရ တရားရုံးတွင် ဖော်ထုတ် အရေးယူနိုင်ခဲ့ကြောင်း၊ နှိပ်စက်သူ အဆိုပါအမျိုးသားကို မဲဟောင်ဆောင် ထိုင်းတရားရုံးက ထောင်ဒဏ် (၈) နှစ် ချမှတ်ခဲ့ကြောင်း အိုင်အာစီ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ထိုင်းနိုင်ငံရှိ ဒုက္ခသည် စခန်းထဲက ဒီလိုမှုခင်းမျိုးမှာ ပြစ်မှုထင်ရှားလို့ ထောင်ဒဏ် စီရင်နိုင်ခဲ့တာ စံပြအနေနဲ့ ဖြစ်တယ်။ အလားတူ ပြစ်မှုတွေကို ကိုင်တွယ် ဖြေရှင်းတဲ့ နေရာမှာ အောင်မြင်နိုင်ဖို့ ပိုပြီး လမ်းစပွင့်သွားစေပါတယ်” ဟု အိုင်အာစီ တာဝန်ခံက ပြောသည်။

လူကုန်ကူးမှု၊ ညှဉ်းပန်းသတ်ဖြတ်မှု၊ မုဒိမ်းမှုကဲ့သို့သော ပြစ်မှုတို့ကြောင့် အလားတူ အကာအကွယ် လိုအပ်နေသည့် ဒုက္ခသည်ပေါင်း (၁,၀၀၀) ကျော်ကိုလည်း အိုင်အာစီက ၎င်းတို့၏ အကူအညီပေးရေးရုံးများတွင် စောင့်ရှောက်ထားကြောင်း သိရသည်။

ယင်းကဲ့သို့ ပြစ်မှုများကို ဒုက္ခသည်စခန်းများတွင် လိုက်လံ စုံစမ်းနိုင်ရန် ဒုက္ခသည် အမျိုးသမီး (၁၅) ဦးကိုလည်း ပညာပေး အစီအစဉ်များနှင့် ဖိနှိပ်ခံရသူများအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများ လုပ်ဆောင်ရန် အိုင်အာစီက ခန့်အပ်ထားရှိသည်။

နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ (အိုင်အာစီ) သည် ၁၉၃၃ ခုနှစ်မှ စ၍ ကမ္ဘာတလွှား အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု ပြဿနာ အရပ်ရပ်ကြောင့် အတိ ဒုက္ခရောက်နေသူများနှင့် ဒုက္ခသည်များကို လူသားချင်း စာနာ ထောက်ထားရေး အကူအညီများနှင့် ၎င်းတို့၏ ဘ၀ရည်မှန်းချက်များ ပြည့်ဝ စေရေး အတွက် ကူညီဖြည့်ဆည်းပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */