အမေရိကန်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးများ မြန်မာ အကြောင်း ဆွေးနွေးမည်

Thursday, January 14, 2010 ·

RFA | အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်နဲ့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ခတ်ဆုယ အိုခါဒါတို့ တွေ့ဆုံ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း ထည့်သွင်း ဆွေးနွေးဖို့ ရှိကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (ဝဲ) နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခတ်ဆုယ အိုခါဒါ (ယာ) တို့ ဇန်နဝါရီ ၁၂ ရက်နေ့က ဟာဝိုင်ယီကျွန်း၊ ဟိုနိုလူလူတွင် နှစ်နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲသို့ ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: AFP)
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတဲ့အခါ၊ နှစ်နိုင်ငံ ကိစ္စတွေအပြင်၊ နိုင်ငံတကာ ကိစ္စတွေ ကိုပါ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးသွားဖို့ ရှိကြောင်း၊ မြောက်ကိုရီးယား၊ အီရန်၊ မြန်မာစတဲ့ နိုင်ငံတွေအရေး ဆွေးနွေးဖို့ ရှိသလို၊ တရုတ် နိုင်ငံနဲ့ ဆက်ဆံရေး ကိစ္စတွေကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာဂေါ်ဒင် ဒူဂိုက် က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေးမှာလဲလို့ သတင်းထောက်တွေ မေးမြန်းတာကိုတော့ မြန်မာကိစ္စနဲ့ ပတ်သက်ပြီး ကျယ်ကျယ် ပြန့်ပြန့် ပြန်လည် သုံးသပ် ဆွေးနွေးကြလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ မြန်မာစစ်အစိုးရအနေနဲ့ မူဝါဒတွေ ပြောင်းလဲ လာပြီး၊ အတိုက်အခံ အင်အားစုတွေကို လက်ခံလာဖို့၊ ဒီမိုကရေစီ အပြောင်းအလဲတွေကို ဖော်ဆောင်ခွင့်ပြုဖို့၊ မြန်မာစစ်အစိုးရကို ဘယ်လိုဘယ်ပုံချဉ်းကပ်၊ တွန်းအားပေး ဆောင်ရွက်နိုင်မလဲ ဆိုတာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ပြီး ကူညီ အားပေးသွားနိုင်ဖို့ စတာတွေကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အဓိကကတော့ ယေဘုယျ ခြုံငုံ ဆွေးနွေးဖို့ပါပဲလို့ မစ္စတာ ဂေါ်ဒင် ဒူဂိုက်က ပြောဆိုသွားတာပါ။

ဒါ့အပြင် နိုင်ငံခြားရေးဝန်ကြီး နှစ်ဦးရဲ့ ဆွေးနွေးပွဲမှာ လာမဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးကောင်း ဆွေးနွေး နိုင်တယ်လို့လည်း သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ အိုခါဒါဟာ ဝါရှင်တန်ကို ဇန်နဝါရီ ၁၁ ရက် တနင်္လာနေ့က ရောက်ရှိခဲ့ပြီး၊ အမေရိကန် ဂျပန်ဆက်ဆံရေးဟာ ခိုင်မြဲလျက် ရှိကြောင်း၊ အီရန်၊ မြန်မာ၊ အာဖဂန် စတဲ့ ပြဿနာတွေ အပါအဝင် နိုင်ငံတကာ ရေးရာတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဆွေးနွေးလိုကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ဝါရှင်တန်ပို့စ် သတင်းစာကြီးကို ပြောဆိုခဲ့ပါတယ်။

source by : အာအက်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */