ဖမ်းဆီးသစ်များ တရုတ်ပြည်သို့ ခိုးထုတ်

Wednesday, January 27, 2010 ·

ခိုင်လင်း | ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းရရှိသော ဖမ်းဆီး သစ်များကို အောင်မိုင် ကုမ္ပဏီက တရုတ်ပြည်သို့ မှောင်ခို ခိုးထုတ် နေသည်ဟု ဒေသခံ သစ်ကုန်သည်တဦးက ပြောသည်။

ယခင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မခပ) တိုင်းမှူးဟောင်း ဗိုလ်ချုပ် အုန်းမြင့်၏ယောက်ဖ ရှယ်ယာပါဝင်သည့် အောင်မိုင်ကုမ္ပဏီက ဗန်းမော်ခရိုင်၊ မန်စီမြို့နယ်၊ နန့်ဟန်ကျေးရွာတွင် အခြေစိုက်ပြီး ဒေသအတွင်း ကျွန်းနှင့် သံမလန်းသစ်အပါအဝင် သစ်မာများကို ထုတ်ယူပြီး နန့်ဟန် ကျေးရွာ အရှေ့ဘက် မိုင် (၉ဝ) ကျော်အကွာ တရုတ်-မြန်မာနယ်စပ် မန်ဝိန်းကြီးသို့ စတင်ခိုးထုတ်နေသည်ဟု အဆိုပါ သစ်ကုန်သည်က ပြောသည်။

၎င်းက “အောင်မိုင် ကုမ္ပဏီက အခု ဧရာဝတီ မြစ်ကူးတံတား ဆောက်မယ် ဆိုတဲ့ စင်းခန်းနားလေးက ဝက်သိုး သစ်ချဆိပ်မှာ ဖမ်းဆီး ရမိတဲ့ သစ်တွေ စုပုံပေးရတယ်။ ဒီနှစ် သစ်တွေတောင် မဖမ်းသေးဘူး ကန်ထရိုက် ယူနေ ပြန်တယ်၊ ကောင်းတဲ့ သစ်တွေကိုတော့ တရုတ်ပြည် ပို့နေတယ်။ ကွေးကွေး ကောက်ကောက်၊ ရောင်းပန်း မလှတဲ့ သစ်တွေကျတော့ သစ်ဆိပ်ကို ပို့တယ်၊ လုပ်စားနေတာ နှစ်စဉ်လို ဖြစ်နေပြီ” ဟု ပြောသည်။

ဗန်းမော် ခရိုင် အတွင်းရှိ တောတောင်များ အတွင်း တရားမဝင် သစ်ခိုးထုတ် နေမှုကို ဒေသခံ စစ်တပ်နှင့် သစ်တော အဖွဲ့က လိုက်လံ ဖမ်းဆီးပြီး သိမ်းဆီးရမိသည့် သစ်များကို ဧရာဝတီမြစ်ဆိပ်သို့ ပို့ဆောင် နေကြရာတွင် ၂ဝဝ၆ ခုနှစ်၊ မပခတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့် လက်ထက် ကတည်းက စ၍ ကန်ထရိုက် စနစ် ချပေးခဲ့ရာတွင် အောင်မိုင် ကုမ္ပဏီက ယခုနှစ် အပါအ၀င် နှစ်စဉ် ရရှိခဲ့ခြင်း ဖြစ်သည်။

“အခု စစ်ကြောင်းတွေတော့ ဝင်မယ်ကြားတယ်၊ ဒီနှစ်က ကျနော်တို့ဒေသခံတွေ သိပ်မလုပ်ကြဘူး။ မနှစ်က အတော်လေး ရှုံးတာရော၊ ငွေပြန် မပေါ်သေးတာရော အဲလို အခြေအနေကြောင့်ပါ။ အခု အောင်မိုင် ကုမ္ပဏီက သူတို့ ကိုယ်တိုင် သူများတွေရဲ့ သစ်တွေကို လိုက်ရှာဖမ်းခိုင်းတယ်။ သူကိုယ်တိုင်လည်း ရွာသားတွေကို ငွေပေးပြီး ခုတ်ခိုင်း၊ ဖမ်းဆီးရမိ သစ်ဆိုပြီး တံဆိပ်ရိုက် အဲလိုလုပ်နေတယ်” ဟု အဆိုပါသစ်ကုန်သည်က ပြောသည်။

ရွှေကူ၊ မိုးမိတ်၊ မဘိန်း ဒေသဘက်မှ သစ်များကို နန့်ဟန်သို့ သယ်ယူပြီး ထိုမှတဆင့် တရုတ်ပြည်သို့ သယ်ထုတ် နေခြင်း ဖြစ်ကြောင်း၊ ယခု ပြောင်းရွှေ့လာသည့် မိုးမိတ် စစ်ဗျူဟာမှူး၏ အရိပ်အခြေအနေကို စောင့်ကြည့်နေပုံရကြောင်း ဗန်းမော်ဒေသခံ တဦးက ပြောသည်။

၎င်းက “သစ်တွေတော့ နယ်စပ်ကို စပို့နေပြီ၊ အုံလိုက် ကျင်းလိုက်တော့ မဟုတ်သေးဘူး။ တနေ့ (၄-၅-၁ဝ) စီးလောက်ပေါ့။ အခု ဗျူဟာမှူးကို သစ်ကုန်သည်တွေတော့ ဝင်ရောနေကြပြီ။ သူက မီးစိမ်းပြရင်တော့ သစ်ကားတန်းကြီးတွေ ဖြစ်လာဦးမှာပေါ့” ဟု ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */