အိန္ဒိယ တက္ကသိုလ်များ အဆင့် လျှော့ချရေး ဆိုင်းငံ့ထား

Wednesday, January 27, 2010 ·

ဇာနည်မာန် | မြန်မာစာသင်သား ရဟန်းများ တက်ရောက်နေသော နာလန္ဒာ တက္ကသိုလ် အပါအ၀င် တက္ကသိုလ် ၄၄ ခုကို တက္ကသိုလ် အဆင့်မှ လျှော့ချမည့် အစီအစဉ်အား ဆိုင်းငံ့ထားရမည်ဟု အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်လိုက်သည်။


ယနေ့ မြန်မာ ဘုန်းတော်ကြီးများ တက်ရောက် နေသော နာလန္ဒာ တက္ကသိုလ် (ဓာတ်ပုံ - ဇာနည်မာန်)
တရားသူကြီး Dalveer Bhandari နှင့် A.K. Patnaik တို့က တရားရုံးချုပ်၏ အဆုံးအဖြတ် မပါဘဲ အဆိုပါ တက္ကသိုလ်များကို အဆင့် နှိမ့်ချခြင်း တစုံတရာ မပြုလုပ်ရန်နှင့် ထိုကိစ္စ အတွက် စစ်ဆေး စုံစမ်းမှုများ ပြုပြီးသည် အထိ ပုံမှန်အတိုင်း အတန်းများ ဖွင့်လှစ် ဆောင်ရွက် သွားရန် ယမန်နေ့က ဆုံးဖြတ်ခဲ့ သည်ကို အိန္ဒိယ ရုပ်မြင် သံကြားတွင် ထုတ်လွှင့် ခဲ့သည်။

အဆင့်နှိမ့်ရန် လျာထား ခံရသော (အခြေခံ အဆင့်မြင့် ကျောင်းကို တက္ကသိုလ် အဆင့်မီသည်ဟု သတ်မှတ်ထားသည့်) Deemed တက္ကသိုလ် ၄၄ ခုသည် စစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလဖြစ်သည့် လာမည့် မတ်လ အထိ သတ်မှတ် တက္ကသိုလ် အဆင့် ပြည့်မီရေး အတွက် မိခင် တက္ကသိုလ်များနှင့် ပူးပေါင်း ကြိုးစား ဆောင်ရွက်ကြရန် တရားရုံးချုပ်က ညွှန်ကြားထားသည်။

“အရင်အတိုင်းပဲ ပြန်ပြီး ဖွင့်ပါ ဆိုတာ ရုပ်မြင်သံကြား ကနေ ပါလာတော့ အတော်စိတ်ချမ်းသာ သွားတယ်။ ကျောင်းကတော့ ပြန်မဖွင့်သေးဘူး။ သူတို့ အိန္ဒိယနိုင်ငံ ထူထောင်တဲ့ အထိမ်းအမှတ် နေ့လည်းရှိတော့။ နောက်နေ့မှ ပြန်ဖွင့်လိမ့်မယ်” ဟု နာလန္ဒာ တက္ကသိုလ်မှ စာသင်သား ရဟန်းတပါးက မိန့်သည်။

ယခုကဲ့သို့ တရားရုံးချုပ်မှ ဆုံးဖြတ်ခြင်းမှာ Deemed တက္ကသိုလ်များတွင် ပညာသင်ကြားနေသော နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျောင်းသား ၂ သိန်းကျော်တို့၏ ပညာရေး ထိခိုက်မှုများ မရှိစေရန် ဖြစ်ကြောင်း သိရသည်။ အဆိုပါတက္ကသိုလ်များကို အဆင့်နှိမ့်ချရန် စီစဉ်ခဲ့သော လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးဌာနမှ တင်ပြထားသည်များကိုလည်း ပြန်လည်စိစစ်သွားမည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ဇန်န၀ါရီ ၉ ရက်နေ့က ပြည်နယ် ၁၃ ခုရှိ အဆိုပါ Deemed တက္ကသိုလ် ၄၄ ခုတို့ကို အဆင့်နှိမ့်မည်ဟု လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး ၀န်ကြီးဌာနမှ ကြေညာခဲ့သည်။

ကြေညာစာ ထွက်လာသည့် နောက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်များတွင် ပညာသင်ကြားနေသော ဒေသခံ ကျောင်းသားများက လမ်းပေါ်ထွက် ကန့်ကွက် ဆန္ဒပြမှုများ ဆက်တိုက် ပြုလုပ်ခဲ့ကြရာ ထိုကျောင်း ၄၄ ကျောင်းအနက် တကျောင်း ဖြစ်သည့် ဘီဟား ပြည်နယ်ရှိ နာလန္ဒာ တက္ကသိုလ်တွင် ပညာသင်နေသော မြန်မာ ရဟန်းများ ပါဝင်ခဲ့သည်။

တခြား စာသင်သား တပါးကလည်း “အစကတော့ အရေးကြီး စာရွက် စာတမ်းတွေ၊ ပစ္စည်းတွေ သိမ်းထားတာ။ ပြောလို့မရဘူး။ တခုခု ဖြစ်ရင် ဖြစ်မှာလေ။ ဒီမှာက ဒကာ၊ ဒကာမတွေ အထောက်အပံ့နဲ့ နေနေရတာ၊ အချိန်ကုန် ငွေကုန်နဲ့၊ ပြန်ရရင် ဘယ်လို ပြောရပါ့မလဲပေါ့။ အခုလို ကြားရတော့ စိတ်မပူရတော့ဘူး” ဟု ဧရာဝတီသို့ မိန့်သွားသည်။

ဗုဒ္ဓစာပေ လေ့လာရေးတွင် နာမည် ကျော်ကြားသော နာလန္ဒာ တက္ကသိုလ်တွင် မြန်မာ စာသင်သား ရဟန်းတော်ပေါင်း ၉၇ ပါး အပါအ၀င် ထိုင်း၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရဟန်းများလည်း ပညာသင်ကြားလျက်ရှိသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */