အိန္ဒိယ ကျောင်းများ အဆင့် နှိမ့်မည် ဆို၍ စာသင်သားများ ဆန္ဒပြ

Thursday, January 21, 2010 ·

ဇာနည်မာန် | အိန္ဒိယနိုင်ငံမှ အဆင့်မြင့် ပညာသင်ကျောင်း ၄၄ ခုကို အရည်အသွေး မမီဟု အစိုးရက ယူဆပြီး တက္ကသိုလ် အဆင့်မှ ပယ်ဖျက်ရန် စစ်ဆေးနေ သဖြင့် မြန်မာ စာသင်သား သံဃာများနှင့် နိုင်ငံတကာ ကျောင်းသားများ မကျေမနပ် ဖြစ်နေကြသည်။


မြန်မာ နှင့် နိုင်ငံတကာမှ စာသင်သား ၄၀၀ ကျော်တို့က အိန္ဒိယအစိုးရ၏ ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ယမန်နေ့က ဆန္ဒပြ ကန့်ကွက်နေပုံ
ထိုကျောင်း ၄၄ ခုအနက် တခုဖြစ်သည့် ဘီဟား ပြည်နယ်ရှိ နာလန္ဒာ တက္ကသိုလ်တွင် ပညာသင်နေသော မြန်မာ ရဟန်းများ အပါအ၀င် ကျောင်းသား ၄၀၀ ကျော်က အင်္ဂါနေ့တွင် လမ်းပေါ်ထွက်ပြီး အိန္ဒိယ အစိုးရ၏ အစီအစဉ်ကို ကန့်ကွက် ဆန္ဒပြ ခဲ့ကြသည်။

၎င်းတို့ ပညာသင်နေသည့် ကျောင်းများကို တက္ကသိုလ် အဆင့် ဆက်လက် ထားရှိစေလို သည်ဟု နာလန္ဒာမှ မြန်မာ ရဟန်းများက ဧရာဝတီကို မိန့်သည်။

“တက္ကသိုလ်က ၃ နှစ်ရှိပြီ။ အစိုးရ အသိအမှတ်ပြုပြီး လုပ်ထားတာ။ ပညာရေး အနေနဲ့ ဝန်ခံရမယ် ဆိုရင်တော့ ဟုတ်တယ် ဒီလောက်ကြီး တိုးတက်မှု မရှိသေးဘူး။ ကျန်တဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုကတော့ ရှိတယ်” ဟု ရဟန်းတပါးက မိန့်ကြားသည်။

နာလန္ဒာတွင် မြန်မာစာသင်သား ရဟန်း ၉၇ ပါး ပညာသင်ယူလျက်ရှိသည်။ နာလန္ဒာသည် ၂၀၀၈ ခုနှစ်က သီတဂူဆရာတော် ဒေါက်တာ အရှင် ဉာဏိဿရကို ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည့် တက္ကသိုလ် ဖြစ်သည်။

နာလန္ဒာကို အိန္ဒိယ၏ ရှေးဘုရင်တပါးဖြစ်သူ အသောကမင်းကြီး တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ တက္ကသိုလ်ကြီး၏ အမည်ကို အစွဲပြု၍ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ယနေ့တွင်လည်း ဗုဒ္ဓဘာသာ စာပေကျမ်းဂန် လေ့လာသူများကြားတွင် ထင်ရှားသည့် တက္ကသိုလ်ဖြစ်သည်။

မြန်မာ စာသင်သား ရဟန်းတော် အများစုသည် ကျောင်းပြင်ပတွင် အခန်းငှားပြီး ခက်ခဲကျပ်တည်းစွာ သီတင်းသုံးနေရစဉ်တွင် အိန္ဒိယအစိုးရ၏ အစီအစဉ်ကြောင့် ယူကြုံးမရဖြစ်ရသည်ဟု သိရသည်။

တခြား တက္ကသိုလ်များသို့ သွားရောက်ရာတွင်လည်း ပြီးဆုံးခဲ့သော စာသင်နှစ်များ၏ ရလဒ်များ ထိခိုက်နိုင်ကြောင်း၊ အနာဂတ်တွင်လည်း အရည်အချင်းမီဘွဲ့များ မရမည်ကို စိုးရိမ်ရကြောင်း ကျောင်းသားများ နှင့် မိဘများက ဆိုသည်။

ကျောင်း ၄၄ ကျောင်းကို ပြန်လည် စိစစ်မည် ဆိုသည်ကို လူသားရင်းမြစ်တိုးတက်ရေး ၀န်ကြီးဌာနက ဇန်န၀ါရီ ၉ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော ပညာရေးဆိုင်ရာ အစည်းအဝေးတခုတွင် လူသားရင်းမြစ်တိုးတက်ရေး ၀န်ကြီး Mr. Kapil Sibal က ထိုကျောင်းများကို ကျွမ်းကျင်သူများဖြင့် စိစစ်မည် ဖြစ်ကြောင်း၊ တွေ့ရှိချက်များနှင့် ပတ်သက်ပြီး တရားရုံးချုပ်က ချမှတ်မည့် ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု အိန္ဒိယ သတင်းစာများတွင် ရေးထားသည်။

ထိုကျောင်းများတွင် တက်ရောက်နေသူများအားလုံး သက်ဆိုင်ရာ ဘွဲ့များ မလွဲမသွေ ရကြမည်ဟုလည်း သူက အာမခံလိုက်သည်။ အိန္ဒိယ၏ ပညာရေး အဆင့်မြင့်မားရေး လုပ်ဆောင်ရာတွင် တက္ကသိုလ်များ အရည်အသွေး ပြည့်မီရေးအတွက် အလေးပေး ဆောင်ရွက် ရမည်ဟု သူက ဆိုသည်။

အစိုးရက စိစစ်နေသည့် စာသင်ကျောင်း ၄၄ ခုတွင် နိုင်ငံတကာ နှင့် ဒေသခံ ကျောင်းသား နှစ်သိန်းခန့် ပညာသင်ယူနေသည်ဟု သိရသည်။ ကျောင်းများ စာရင်းကို www.merinews.com တွင် တွေ့နိုင်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */