ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်း စတင် ကောက်ယူ

Friday, December 11, 2009 ·

| ရန်ကုန်တိုင်း အတွင်း မြို့နယ် အချို့တွင် လာမည့် ရွေးကောက်ပွဲ အတွက် အသက် (၁၈) နှစ် ပြည့်ပြီးသူ မဲဆန္ဒရှင် စာရင်းများ စတင် ကောက်ခံနေပြီ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“ကျနော်တို့ဆီမှာ ရာအိမ်မှူးတွေက အိမ်တွေကို လိုက်ပြီး နှိုးဆော်တယ်။ လူတိုင်း ကိုယ့် အိမ်ထောင်စု စာရင်း ပုံစံ စာရွက်ယူပြီး ရပ်ကွက် ရုံးမှာ စာရင်းသွားပေးကြပါလို့ ဆိုတယ်။ အဲဒါ အိမ်ထောင်စု စာရင်း ကိုင်ပြီး သွားတော့ အသက် (၁၈) နှစ်ပြည့်ပြီးသူတွေ စာရင်းကို ယူတယ်။ နောက် အဖေ၊ အမေ နာမည်တွေ ပေးရတယ်။ ဘာလုပ်ဖို့ ဒီစာရင်း ကောက်တာလဲ မေးတော့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် အသက် (၁၈) ပြည့်ပြီးတဲ့ မဲဆန္ဒ ပေးနိုင်သူ စာရင်းကောက် နေတာလို့ ပြောတယ်” ဟု လှိုင်မြို့နယ် (၇) ရပ်ကွက်တွင် နေထိုင်သူ တဦးက ပြောသည်။

အလားတူ တောင်ဒဂုံတွင် နေထိုင်သူ တဦးက ၎င်းတို့ ရပ်ကွက်တွင် ရအဖနှင့် ရာအိမ်မှူးများ တအိမ်တက်ဆင်း စာရင်းကောက်ပြီး အိမ်ထောင်စု စာရင်း တောင်းကြည့်ကာ အသက် (၁၈) နှစ်ပြည့်ပြီးသူတို့၏ အမည်၊ မိဘအမည် စသဖြင့် စာရင်းယူကြောင်း ပြောသည်။

၎င်းက “လူဦးရေ အိမ်ထောင်စု စာရင်းကောက်တာ လဝက အလုပ် မဟုတ်ဘူးလား၊ ခင်ဗျားတို့က ဘာကြောင့် လာကောက်တာလဲလို့ မေးတော့ ရွေးကောက်ပွဲအတွက် မဲပေးနိုင်သူစာရင်း ပြုစုနေတာလို့ ပြောတယ်” ဟု ဆိုသည်။

နအဖစစ်အစိုးရ၏ အဆင့်ဆင့် ညွှန်ကြားချက်များအောက်တွင် ယခုကဲ့သို့ ရပ်ကွက်အချို့အတွင်း စာရင်းကောက်သော်လည်း အချို့ရပ်ကွက်များတွင်မူ မကောက်သေးကြောင်း စုံစမ်းသိရသည်။

အလားတူ ၈၈ မျိုးဆက်ကျောင်းသား ပြည်ထောင်စုမြန်မာနိုင်ငံအဖွဲ့မှ ဦးအေးလွင်ကလည်း လှိုင်မြို့နယ် (၅) ရပ်ကွက်ဘက်တွင် ရပ်ကွက်နေသူများကို ၎င်းတို့ဖွဲ့မည့် ပါတီထဲဝင်ရန် စည်းရုံးမှုများ ရှိနေပြီး မကြာခင် တရားဝင် စည်းရုံးရေးပွဲများ ကျင်းပပြုလုပ်မည်ဟု ပြောဆိုနေကြောင်း ရပ်ကွက်နေသူများက ပြောသည်။

နအဖစစ်အစိုးရသည် ယခုကဲ့သို့ အောက်ခြေ လူစာရင်း ပြုစုခိုင်းခြင်းတို့ လုပ်နေသော်လည်း နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ဆိုင်ရာ၊ ရွေးကောက်ပွဲကျင်းပရေးဆိုင်ရာ ဥပဒေများကိုမူ တရားဝင် ထုတ်ပြန်ခြင်း မပြုလုပ်သေးပေ။

ယခုကိစ္စ ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာတဦးက နအဖစစ်အစိုးရသည် ပြီးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လူထုဆန္ဒပေးပွဲတုန်းကဲ့သို့ လုပ်လာခြင်းဖြစ်ကြောင်း၊ အဆိုပါအချိန်က ဆန္ဒမဲပေးပွဲ အဆင့်ဆင့်တွင် မည်သူကိုမှ ပါဝင်ခွင့် မပြုဘဲ ၎င်းတို့အာဏာပိုင် အဆင့်ဆင့်ကသာ လုပ်ချင်သလို လုပ်သွားခဲ့ကြောင်း ပြောသည်။

၎င်းက “ကုန်ကုန်ပြောရရင် တိုင်းနယ်ပြည်နယ်အလိုက် မဲစာရင်း၊ မြို့နယ် တမြို့နယ်ခြင်း၊ ရပ်ကွက်တခုခြင်း၊ မဲရုံတခုခြင်း ဆန္ဒမဲ အရေအတွက်တွေကိုတောင် လုံးဝ ထုတ်ဖော်ခြင်း မပြုခဲ့ဘူး။ အခုလည်း ၂ဝဝ၈ က လုပ်ခဲ့သလို သူ့သဘောနဲ့သူ ထင်ရာစိုင်း လုပ်မယ့် အရိပ်လက္ခဏာမျိုး ဖြစ်တယ်” ဟု ဝေဖန်ပြောဆိုသည်။

စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ပြောဆိုနေသော်လည်း ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရအဖွဲ့သစ်ကို အာဏာ လွှဲပေးပါ့မည်၊ ယင်းအတွက် ပြင်ဆင်မှုများ လုပ်နေပါသည်ဆိုသည့် ကတိမျိုး ပေးခြင်း လုံးဝ မရှိသကဲ့သို့ ပြည်သူ အများစုကလည်း လာမည့် ရွေးကောက်ပွဲသည် စစ်အစိုးရက ထင်ရာလုပ်ပြီး ၎င်းတို့ကိုယ်တိုင် ပုံစံတမျိုးဖြင့် ဆက်အုပ်ချုပ် သွားရန် လုပ်ကိုင်နေခြင်းသာဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သုံးသပ် ပြောဆို နေကြသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */