ဝတပ်ဖွဲ့၏ မြို့နယ် တောင်းဆိုချက် ကန့်ကွက်စာများ လျှို့ဝှက် ဖြန့်ဝေ

Friday, December 11, 2009 ·

ခိုင်လင်း | ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ တောင်းဆိုချက်ကို ကန့်ကွက်သည့် လှုံ့ဆော်စာများ ၀တပ်ဖွဲ့ ထိန်းချုပ်ရာ မိုင်းပေါက်နှင့် မိုင်းဖျန်ဒေသအတွင်း ဖြန့်ဝေမှုများ ရှိနေသည်။

မိုင်းပေါက်နှင့် မိုင်းဖျန်မြို့အား မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ကာ ဝကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းအတွင်း ထည့်သွင်းရန် နိုဝင်ဘာ (၁၄) ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း၊ တန့်ယန်းမြို့၌ စစ်ဘက်ရေးရာ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့် ဦးဆောင်သည့် နအဖ ကိုယ်စားလှယ် အဖွဲ့နှင့် ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝကိုယ်စားလှယ်တို့ တွေ့ဆုံစဉ် ဝတပ်ဖွဲ့၏ တောင်းဆိုမှုကို နအဖဘက်က ပယ်ချခဲ့သည်။

ထို့နောက်ပိုင်း အဆိုပါမြို့များတွင် ဝတပ်ဖွဲ့၏ တောင်းဆိုချက်ကို ကန့်ကွက်သည့် စာများ လျှို့ဝှက် ဖြန့်ဝေလာခြင်းဖြစ်သည်ဟု ဝတပ်ဖွဲ့နှင့် နီးစပ်သူက ပြောသည်။

၎င်းက “စာမှာက မိုင်းပေါက်၊ မိုင်းဖျန်ကို ဝတွေက တောင်းနေတာ မဖြစ်သင့်ဘူးပေါ့၊ လောဘကြီးတယ်ပေါ့။ အဓိကတော့ ဝတပ်ဖွဲ့ တောင်းဆိုမှု လုပ်ရပ်ကို ဆန့်ကျင်နေတဲ့ပုံစံမျိုး လုပ်နေတာ။ စာတွေကို ဟိုနားကပ်၊ ဒီနားကပ် လျှို့ဝှက်ကပ်တာပေါ့။ ရှမ်းဘာသာနဲ့ ကပ်တာ။ အဲဒီနယ်မြေက ဝတွေ ထိန်းထားတဲ့ နေရာပဲ” ဟု ပြောသည်။

၂ဝဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်ခမ်း) မြို့နယ် (၆) မြို့နယ်တို့ကို ခရိုင်(၂) ခုဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဟု ဖော်ပြသတ်မှတ်ထားသည်။

ထို့သို့ သတ်မှတ်မှုအပေါ် ဝတပ်ဖွဲ့က မိုင်းပေါက်၊ မိုင်းဖျန်ကို မိုင်းပေါက်မြို့နယ်အဖြစ် သတ်မှတ်ကာ မြို့နယ် (၇) မြို့နယ်အဖြစ် သတ်မှတ်ရန် ပြီးခဲ့သည့်လပိုင်းက နအဖနှင့် ဝတပ်ဖွဲ့အကြား နှစ်ဖက်တွေ့ဆုံမှုအတွင်း တောင်းဆိုထားခဲ့ခြင်းဖြစ်သည်။

မိုင်းပေါက်ဒေသသည် ဝတပ်ဖွဲ့၏ ခရိုင်ရုံးစိုက်ရာ မြို့ဖြစ်၍ ဝတိုင်းဒေသကြီး၏ မြို့နယ်အဖြစ် ရှိသင့်သည်ဟု အမည်မဖော်လိုသည့် ဝအရာရှိတဦးက ပြောသည်။

၎င်းက “အဲဒီနေရာက ငြိမ်းချမ်းရေးအနှစ် (၂ဝ) ကာလတလျှောက်လုံး ကျနော်တို့တပ်ဖွဲ့ရဲ့ ခရိုင်ဒေသပဲ။ အမျိုးသား ညီလာခံ တုန်းကလည်း ပြောခဲ့တာပဲ။ ဗကပရှိစဉ်ကတည်းက မိုင်းဖျန်တို့၊ မိုင်းပေါက်တို့ဆို တိုက်နယ်၊ မြို့နယ်အဆင့်တွေ သတ်မှတ်ထားခဲ့တာ။ ဒေသခံ တွေကလည်း ဝအမျိုးသားတွေ များတယ်။ အဲဒါကို ဝတိုင်းထဲမှာ မထည့်ဘူး။ အဲဒါကို ဗိုလ်ရဲမြင့်လာတုန်းက ထပ်ပြောတာ။ အဲဒါကို လက်မခံဘူး” ဟု ပြောသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */