ကြွပ်ကြွပ်အိတ်ဟောင်း ဈေးကောင်းပေး ဝယ်ယူ နေသော်လည်း ရောင်းရန် ခက်ခဲ

Wednesday, December 16, 2009 ·

ရှောင်ဆန့် | ဒီဇင်ဘာ လဆန်းမှစ၍ ရန်ကုန်မြို့တွင် ပလတ်စတစ် ကြွပ်ကြွပ်အိတ် အဟောင်းများကို ဈေးကောင်းပေး ဝယ်ယူနေသော်လည်း ရောင်းချရန် ခက်ခဲနေကြောင်း သိရသည်။


ကြွပ်ကြွပ်အိတ်ဟောင်းများ စုပုံနေသည့် ရန်ကုန်မြို့တွင်း တနေရာ (ဓာတ်ပုံ မြန်မာတိုင်းမ်စ်)
ကြွပ်ကြွပ်အိတ်ဟောင်း ရောင်းချလိုသူများ အနေနှင့် ဝယ်ယူသည့်နေရာသို့ သွားရန် ဝေးလံခြင်း၊ ဝယ်ယူသည့်ဆိုင် အရေအတွက် ကန့်သတ်ထားခြင်း တို့ကြောင့် ရောင်းချလိုသူ နည်းပါးနေသေးသည်ဟု သိရသည်။

ကြွပ်ကြွပ်အိတ် ဝယ်ယူသည့် ဆိုင်များကို ဒဂုံမြို့သစ် တောင်ပိုင်း မြို့နယ်၊ ဒဂုံ ဆိပ်ကမ်းနှင့် ရွာသာကြီးတွင် ၁ ဆိုင်စီနှင့် လှိုင်သာယာတွင် ၂ ဆိုင်၊ စုစုပေါင်း ၅ ဆိုင် တရားဝင် ဖွင့်လှစ်၍ ၀ယ်ယူသွားမည် ဖြစ်ကြောင်း ပလတ်စတစ် လုပ်ငန်းရှင်များ အသင်းက တရားဝင် သတင်း ထုတ်ပြန် ထားသည်။

“ကြွပ်ကြွပ်အိတ် အဟောင်း တပိဿာရဖို့မှမလွယ်တာ၊ ရပြန်တော့လည်း သွားရောင်းဖို့မလွယ်ဘူး၊ သွားရောင်းရမယ့် နေရာက အဝေးကြီးဆိုတော့ ရောင်းဖို့စုမနေတော့ဘူး၊ အမှိုက်ပုံးထဲထည့်၊ ပစ်လိုက်တာပဲ” ဟု လှိုင်သာယာ ဒေသခံ တဦးက ပြောသည်။

ကြွပ်ကြွပ်အိတ် အဟောင်းများကို ၀ယ်ယူရာတွင် အိတ်ပျော့ အမျိုးအစားကိုသာ ဝယ်ယူခြင်း ဖြစ်ပြီး အဆိုပါ ဝယ်ယူ ထားသော အိတ်များအား မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို မသိသေးကြောင်း ကြွပ်ကြွပ်အိတ် ဟောင်းများ ဝယ်ယူနေသည့် ရွာသာကြီး ပလတ်စတစ် စက်ရုံမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပလတ်စတစ်အိတ် အဟောင်းများကို အမျိုးအစားခွဲ၍ Grade A အဆင့် သုံးပြီးသား အစွန်းအထင်း မရှိသေးသော အိတ်သန့် တစ်ပိဿာလျှင် ကျပ် ၁၀၀၀၊ Grade B အဆင့် ရေဆေးအခြောက်ခံထားပြီးသား တပိဿာ ကျပ် ၆၀၀၊ Grade C အဆင့် အမှိုက်ခါပြီးသား တပိဿာ ကျပ် ၄၀၀ နှင့် Grade D အဆင့် ကျန်အမျိုးအစားအားလုံးလျှင် တပိဿာ ကျပ် ၂၀၀ ဈေး အသီးသီးပေး ဝယ်ယူနေကြောင်း ကြွပ်ကြွပ်အိတ်ဟောင်း ဝယ်ယူသည့် လှိုင်သာယာ ပလတ်စတစ် စက်ရုံမှ ဝန်ထမ်းတဦးက ဆိုသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး ကာတွန်းများကို ရေးဆွဲနေသည့် ကာတွန်း အော်ပီကျယ်က “ကြွပ်ကြွပ်အိတ် ဟောင်းတွေ ဈေးကောင်းပေး ၀ယ်နေတယ်ဆိုတာက တကယ်လုပ်ရင် ကောင်းတာပေါ့။ အပေါ်ယံပဲ ဆိုရင်တော့ အလကားပဲ” ဟု ပြောသည်။

ဆွေးမြေ့ရန် ခဲယဉ်းသောကြွပ်ကြွပ်အိတ်များမှာ သဘာဝပတ်ဝန်းကျင်ကို များစွာထိခိုက်စေသောကြောင့် ရန်ကုန်တိုင်းမှ ကြွပ်ကြွပ်အိတ် စက်ရုံများကို တိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အောက်တိုဘာလတွင် စတင်ပိတ်ခိုင်းခဲ့ကြောင်း ပြည်တွင်း သတင်းဂျာနယ်များတွင် ဖော်ပြထားသည်။ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်ခွဲ ၁၉ ခုတွင် မှတ်ပုံတင်ပြီး ကြွပ်ကြွပ်အိတ် လုပ်ငန်းပေါင်း ၁၄၆ ခုရှိပြီး တနိုင်တပိုင် လုပ်ငန်းပေါင်း ထောင်ဂဏန်းရှိကြောင်း ရန်ကုန်မြို့နယ် စည်ပင်သာယာရေး ကောင်စီ၏ စီမံဋ္ဌာနမှ စာရင်းများအရ သိရသည်ဟု The Voice Weekly ဂျာနယ်တွင် ဖော်ပြထားသည်။

ကချင်ပြည်နယ်တွင် ဒီဇင်ဘာလမှစ၍ ကြွပ်ကြွပ်အိတ် မသုံးရန် လမ်းဘေး၌ ဆိုင်းဘုတ်များ ထောင်ထားသော်လည်း ပြည်သူ လူထုကို ကြွပ်ကြွပ်အိတ် ဆိုးကျိုးနှင့် ပတ်သက်၍ ပညာပေးခြင်း၊ ဟောပြောခြင်း၊ နှိုးဆော်ခြင်းများ မပြုလုပ်သောကြောင့် အဆိုပါ ကိစ္စကို သိရှိသူ နည်းပါးသေးသည်ဟု ဒေသခံများက ဆိုသည်။

မြန်မာနိုင်ငံတွင် ကြွပ်ကြွပ်အိတ်များကို မထုတ်လုပ်ရန် ပိတ်ပင်ခြင်း၊ ကြွပ်ကြွပ်အိတ်များမသုံးစွဲရန် နှိုးဆော်ခြင်းများ ပြုလုပ် နေသော်လည်း ပြည်သူများ အစားထိုးသုံးစွဲရမည့် ပစ္စည်းကို ကောင်းစွာ ဖန်တီးပေးခြင်း မပြုလုပ်နိုင်သောကြောင့် အောင်မြင်မှုမရှိကြောင်း၊ ရန်ကုန်မြို့တွင် ယခုအခါ ကြွပ်ကြွပ်အိတ်ကို ဆက်လက်သုံးစွဲနေဆဲဖြစ်ကြောင်း ကာတွန်း အော်ပီကျယ်က သုံးသပ်ပြောဆိုသည်။

ယခု လက်ရှိတွင် ပလတ်စတစ် လုပ်ငန်းရှင်များ အသင်းအနေနှင့် စက်များကို အိမ်နီးချင်းနိုင်ငံများမှ မှာယူတင်သွင်းပြီး နည်းပညာများ ရယူနေကြောင်း၊ ယခင် ဆွေးမြေ့ရန် ခက်ခဲသော ကြွပ်ကြွပ်အိတ်များအစား ၂ နှစ်အတွင်း ဆွေးမြေ့ စေနိုင်သော ကြွပ်ကြွပ်အိတ်များကို ထုတ်လုပ်ရန်စီစဉ်နေကြောင်း အဆိုပါအသင်း တာဝန်ရှိသူ တဦးကပြောသည်ဟု နိုဝင်ဘာ ၁၉ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်စ် ဂျာနယ်တွင် ဖော်ပြထားသည်။

မြန်မာပြည်တွင် ပထမဦးဆုံးကြွပ်ကြွပ်အိတ် ကင်းမဲ့ဇုန်အဖြစ် မန္တလေးမြို့၌ ဇွန်လ၂၁ ရက်နေ့က မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်က စတင်လုပ်ဆောင်ခဲ့ပြီး ယခုအခါ မြန်မာပြည်အနှံ့အပြားတွင် ကြွပ်ကြွပ်အိတ်များ မသုံးစွဲရန် လှုံ့ဆော်လျက် ရှိကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */