ဒေါ်အောင်ဆန်းစုကြည်၏ အရေးကြီးသည့် ကြေညာချက် NLD ထုတ်ပြန်မည်

Thursday, November 12, 2009 ·

ကိုထွေး | အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟို အလုပ်အမှုဆောင် (CEC) များကို မြန်မာ နိုင်ငံအတွက် အကျိုး ကျေးဇူးရှိမည့် အပြုသဘော ဆောင်သော ဆောင်ရွက်ချက် တခုကို ဆွေးနွေးရန် ဒေါ်အောင်ဆန်း စုကြည်က တင်ပြလိုက်ကြောင်း သိရသည်။

ယင်း CECများနှင့် ဆွေးနွေးရန် ဆောင်ရွက်ချက်ကို ယနေ့ နံနက် ၁၀နာရီက သွားရောက် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက် တခုရှိတယ်၊ အဲဒီ ဆောင်ရွက်ချက်ကို CECကို တင်ပြ ထားတယ်၊ CECက တနင်္လာနေ့မှာ ဆွေးနွေးမှာပါ၊ သဘောတူရင် အဲဒီ ထုတ်ပြန်ချက်ကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ သတင်း ထုတ်ပြန်မှာပါ၊ အခု တင်ပြ ထားတဲ့ဟာ မြန်မာ နိုင်ငံ အတွက် အကျိုး ကျေးဇူးရှိပြီးတော့ အပြုသဘော ဆောင်တဲ့ အတွက် ဒါဟာ အရေးကြီးတယ်လို့ ဆိုရင်မှန်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယနေ့ နေ့လယ် ၁၂း၃၀ နာရီတွင် ရန်ကုန် ရွှေဂုံတိုင်ရှိ NLDရုံးချုပ်၌ ၈၉ ကြိမ်မြောက် အမျိုးသားနေ့ အခမ်း အနားကို ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူ အားလုံး အထူးသဖြင့် နိုင်ငံရေး တာဝန်များကို ထမ်းဆောင် နေသည့်ကြားမှ တက်ရောက်လာသည့် ပြည်နယ်နှင့် တိုင်းအသီးသီးမှ အဖွဲ့ဝင်များကို ကျေးဇူးတင်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သ၀ဏ်လွှာပါးလိုက်ကြောင်း ပြန်ကြားရေး အဖွဲဝင် ဦးအုန်းကြိုင်က ဆိုသည်။

“အဲဒါပြီးတော့ အမျိုးသားနေ့ အထိမ်းအမှတ် စာပေဟောပြောပွဲလုပ်ပါတယ်၊ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်)နဲ့ မကြာသေးမီက ထောင်ကလွတ်လာတဲ့ ကဗျာဆရာ စာရေး ဆရာ မုံရွာ အောင်ရှင်တို့က ဟောပြောပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။

ယင်းအခမ်းအနားသို့ NLD အဖွဲ့မှ နာမကျန်းသည့် ခေါင်းဆောင် တချို့မှ လွဲ၍ ပြည်နယ်၊ တိုင်း၊ မြိုနယ် အသီးသီးမှ NLD ခေါင်းဆောင် များနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော်ပါတီ အဖွဲ့ဝင်များ၊ ၀ါရင့် နိုင်ငံရေးသမားများ အဖွဲ့မှ ခေါင်းဆောင်များ စုစုပေါင်း ၁၀၀၀ ခန့် တက်ရောက် ခဲ့ကြကြောင်း သိရသည်။

အမျိုးသားနေ့ အထိမ်းအမှတ်NLDက ထုတ်ပြန်သည့် ကြေညာချက် အမှတ်၂၈/၂၀၀၉တွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ် ပေးရန် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီကို တောင်းဆိုလိုက်သည်။

ထို့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ တရားဝင်ရပ်တည်ထားသည့် NLD၏ အဆင့်ဆင့် သော ရုံးများကို ဥပဒေနှင့် ညီညွှတ်ခြင်းမရှိဘဲ ခေတ္တဆို၍ ယနေ့ထိ ကာလကြာရှည်စွာ ပိတ်ထားခြင်းမှ အမြန်ဆုံး ပြန်လည်ဖွင့်ပေးရန်၊ လွတ်လပ်စွာ စည်းရုံးခွင့်ပေးရန် ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ အပါအ၀င် ဖျက်သိမ်းခံ ထားရသည့် ပါတီများကို မှတ်ပုံတင်ခွင့်ပေး၍ လွတ်လပ်စွာ လှုပ်ရှားခွင့်ပေးရန်လည်း တောင်းဆိုထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */