Global Fund အဖွဲ့က မြန်မာကို ပြန်လည် အကူအညီပေးမည်

Thursday, November 19, 2009 ·

ရန်ပိုင် | မြန်မာနိုင်ငံကို အိတ်ခ်ျအိုင်ဗီ၊ ငှက်ဖျား ရောဂါ နှင့် အဆုတ်ရောဂါ တိုက်ဖျက်ရေး အတွက် Global Fund အဖွဲ့က လာမည့် တနှစ် အတွင်း အမေရိကန် ဒေါ်လာ သန်း ၁၁၀ အကူအညီ ပေးမည် ဟုသိရသည်။

ယင်းအဖွဲ့၏ နိုဝင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ချက်တွင် “ယခုပေးအပ်သည့် အကူအညီများသည် ကမ္ဘာ တ၀န်းရှိ နေ့စဉ် ကြုံတွေ့ နေရသည့် အခက်အခဲ ပြဿနာများကို ဖြေရှင်းပေးရာ ရောက်သည်”ဟု အဖွဲ့၏ အကြီးအကဲ Tedros Adhanom Ghebreyesus ကပြောကြားကြောင်း ဖော်ပြထားသည်။

Global Fund အဖွဲ့ကြီးသည် ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အိတ်ခ်ျအိုင်ဗီ၊ ငှက်ဖျား ရောဂါ နှင့် အဆုတ်ရောဂါ တိုက်ဖျက်ရေး ကို လုပ်ဆောင်နေသည့် အဖွဲ့ကြီးဖြစ်သည်။

အလားတူ မြန်မာနိုင်ငံတွင် ထိုရောဂါများကို တိုက်ဖျက်ရန် အတွက် အကူအညီပေးနေသည့် ရောဂါသုံးမျိုး တိုက်ဖျက်ရေး (3D Fund ) အဖွဲ့ကြီးမှ ဆက်သွယ်ရေးအရာရှိ Denise Jeanmonod ကလည်း မြန်မာနိုင်ငံအား Global Fund အဖွဲ့ကြီး ကအကူအညီများ ပြန်လည်ပေးအပ်ခြင်းသည် မြန်မာပြည်သူများအတွက် ကြီးမားသော အခွင့်အရေးကြီးတခုဖြစ်ကြောင်း၊ လူထုအနေဖြင့် အကူအညီများစွာ လိုအပ်နေကြောင်း ဧရာဝတီသို့ပြောသည်။

ယခုကဲ့သို့ နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းကြီးတခုက အကူအညီများ ပြန်လည်ပေးသွားမည်ဆိုသည့်အတွက် ကြိုဆိုကြောင်း၊ သို့သော်လည်း အမှန်တကယ်လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကို သေချာစွာ စိစစ်ပြီးမှ အကူအညီ ပေးသင့်ပြီး၊ စစ်အစိုးရအနေဖြင့်လည်း လွတ်လပ်စွာ လှုပ်ရှားလုပ်ဆောင်ခွင့်ပေးသင့်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်(NLD) လူမှုအထောက်အကူအဖွဲ့ဝင် အိတ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေးကို လုပ်ဆောင်နေသည့် မဖြူဖြူသင်း က ပြောသည်။

“အခုလိုပြန်ကူညီတာကောင်းတာပေါ့၊ ဒါပေမယ့် ထိထိရောက်ရောက်လုပ်နိုင်ဖို့တော့လိုမယ်”ဟု ၎င်းက ဆိုသည်။

အိတ်ခ်ျအိုင်ဗီ ပြန့်ပွားမှုသည် ယခုအခါတွင် ပိုမိုဆိုးဝါးလာပြီး ယခင်က ရန်ကုန်-မန္တလေး ကားလမ်းမကြီးတလျှောက်နှင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် သာဖြစ်ပွားခဲ့သော်လည်း ယခုအခါ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများသို့ပါ ပျံ့နှံ့လာ နေကြောင်း၊ထိုကြောင့် ပညာပေးမှုထက်၊ဆေးဝါးကုသမှုကပိုမိုလိုအပ်နေကြောင်း မဖြူဖြူသင်းက ထောက်ပြသည်။

အဆိုပါ Global Fund အဖွဲ့ကြီးသည် စစ်အစိုးရက လွတ်လပ်စွာ သွားလာ လှုပ်ရှားခွင့်ကို ချုပ်ချယ် ကန့်သတ် ထားသည်ဟူ သော အကြောင်းပြချက်ဖြင့် ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံမှထွက်ခွာသွားခဲ့ရာ၊ ယင်းအဖွဲ့နေရာတွင် (3D)Fund အဖွဲ့ကြီးက ၂၀၀၆ ခုနှစ်တွင် အစားထိုး ၀င်ရောက် လုပ်ကိုင်ခဲ့သည်။

3D Fund အဖွဲ့ကြီးသည် အထက်ပါ ရောဂါ သုံးမျိုးအတွက် မြန်မာနိုင်ငံအား ၅ နှစ်ထောက်ပံ့ရန် ဖြစ်သည်။ ယင်းအတွက် အသုံးစရိတ် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း၁၀၀ သုံးစွဲရန်ရာထားပြီး၊ ယခုနှစ်အတွက် ဒေါ်လာ ၆ သိန်း ၃သောင်း သုံးစွဲမည်ဟု အဖွဲ့ အစီရင် ခံစာတွင် ဖော်ပြထားသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */