ရေတပ်သင်္ဘောပစ်ခတ်ခံရမှု အတွက် တုန့်ပြန်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

Friday, November 13, 2009 ·

ပလက်နက် | မိမိတို့၏ ရေတပ်သင်္ဘောကို ပစ်ခတ်ခဲ့မှုအတွက် တောင်ကိုရီးယားနိုင်ငံအနေနှင့် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်ဟု မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက်လိုက်သည်။ နိုဝင်ဘာ (၁၁)ရက်နေ့ ပြုံယမ်းနေ့မှ ကြေညာချက်အရ ထိုမတိုင်မီ (၂)ရက်တွင် ဖြစ်ပွားခဲ့သည့် နှစ်နိုင်ငံ ရေပိုင်နက် နယ်နိမိတ်အနီး ပစ်ခတ်မှုကြောင့် မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ် မီးလောင်သွားခြင်းအပေါ် တုန့်ပြန်သွားမည်ဟု ပါရှိသည်။ မြောက်ကိုရီးယား အစိုးရပိုင် ရိုဒွန်ဆင်မွန် သတင်းစာက “စစ်ပွဲကို အလိုရှိသဖြင့် မိမိတို့ရေယာဉ်အား ပစ်ခတ်ခဲ့သူများသည် တန်ဖိုးကြီးကြီး ပေးဆပ်ရမည်”ဟု ဖော်ပြထားသည်။

နှစ်ဖက် စစ်သင်္ဘောများ ပင်လယ်ဝါ အတွင်း အပြန်အလှန် ပစ်ခတ်မှုသည် (၇)နှစ်တာ ကာလအတွင်း ပထမဆုံး ရေတပ်တိုက်ပွဲလည်း ဖြစ်လာသည်။ (၂)မိနစ်မျှသာ ကြာမြင့်သည့် တိုက်ပွဲအတွင်း တောင်ကိုရီးယား စစ်သင်္ဘောမှာ ဆိုးဆိုးရွားရွား မထိခိုက်ခဲ့သော်လည်း မြောက်ကိုရီးယား ကင်းလှည့်ရေယာဉ်မှာမူ ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့သည်။ သတင်းစာက ပင်လယ်ဝါ အနောက်ဘက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသည် မတော်တဆ ဖြစ်ရပ်မဟုတ်ကြောင်း၊ တမင်တကာ ကြံရွယ်ပြီး ကိုရီးယား ရေလက်ကြား၏ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းသာဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ ထိုဖြစ်ရပ်များကြောင့် ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာ တကျော့ပြန် တင်းမာလာသလို တောင်ကိုရီးယား အစိုးရသည်လည်း ပင်လယ်ဝါသို့ စစ်သင်္ဘောများ အင်အားဖြည့် ပို့လွှတ်ထားရသည်။
အမေရိကန်နိုင်ငံကလည်း ရေတပ်ချင်း ပစ်ခတ်ရာမှ ကိုရီးယားနှစ်နိုင်ငံ ပဋိပက္ခ ကြီးထွားလာမည်ကို အလွန်စိုးရိမ်ကြောင်း ၀န်ခံထားသည်။ တောင်ကိုရီးယား အစိုးရကမူ ပစ်ခတ်မှုကို မြောက်ကိုရီးယား သင်္ဘောဘက်မှ စတင်ပြုလုပ်ခဲ့သည်ဟု ပြောကြားထားသော်လည်း အသေးစိတ် အခြေအနေကို တိတိကျကျ မသိနိုင်သေးပေ။ တောင်ကိုရီးယား သမ္မတ လီမြောက်ဘက်က ဖြစ်ပွားခဲ့သည့် ပြဿနာအတွက် နိုင်ငံရေးနည်းလမ်းများ အသုံးပြုကာ ညှိနှိုင်းဖြေရှင်းသွားနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

Source: GlobalSecurityNews, Planet

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */