ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သီရိလင်္ကာ သွားမည်

Monday, November 09, 2009 ·

ကိုထွေး | မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီး ဒေါ်ကြိုင်ကြိုင် တို့သည် မကြာမီ ကာလ အတွင်း သီရိလင်္ကာ နိုင်ငံသို့ သွားရောက် မည်ဟု ယနေ့ထုတ် အစိုးရ သတင်းစာ များတွင် ရေးထားသည်။


ယခုနှစ် ဇွန်လက နေပြည်တော် လေဆိပ်တွင် တွေ့ရသည့် သီရိလင်္ကာ သမ္မတ နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ဓာတ်ပုံ - Getty Images)
သီရိလင်္ကာ သမ္မတ မစ္စတာ မဟင်ဒါရာဂျာပတ်ခ်စာက ဗိုလ်ချုပ်မှူးကြီးကို အလည်အပတ် ဖိတ်ကြားခဲ့ကြောင်း ရေးသားထားပြီး သွားရောက်မည့် နေ့ရက်ကို ဖော်ပြထားခြင်း မရှိပေ။

ဇွန်လက တမီးလ်ကျား သူပုန်များကို နှိမ်နင်းပြီးနောက် သီရိလင်္ကာ သမ္မတသည် နေပြည်တော်သို့ သွားရောက် လည်ပတ်ခဲ့သည်။ ယင်း ခရီးစဉ်တွင် သီိရိလင်္ကာ သမ္မတက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တို့နှင့် ၂နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

သီရိလင်္ကာ သမ္မတ၏ ဇွန်လ ခရီးစဉ်သည် မြန်မာနှင့် သီရိလင်္ကာ နိုင်ငံတို့ သံတမန် ဆက်ဆံရေး နှစ် ၆၀ ပြည့် မြောက်သည့် အချိန် ကာလနှင့်လည်း တိုက်ဆိုင် နေသည်။

အပြန်အလှန် အားဖြင့် ပြုလုပ်မည့် မြန်မာ စစ်ခေါင်းဆောင်၏ သီရိလင်္ကာ ခရီးစဉ်သည် ထူးခြားမှု ရှိလိမ့်မည် မဟုတ်ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အခြေစိုက်သော မြန်မာ့အရေး လေ့လာသူ ကိုဝင်းမင်းက ယူဆသည်။

“ဗိုလ်ချုပ်ကြီး သန်းရွှေ ခရီးစဉ်က အကြောင်း၂ ခုကြောင့် ဖြစ်နိုင်ပါတယ်။ သီရိလင်္ကာ အစိုးရက တမီးလ် သူပုန်တွေကို နှိမ်နင်းတာကို သူအားကျတဲ့ အတွက်ရယ်၊ နောက်တခုက ဗေဒင်ဆရာက သွားခိုင်းလို့ ဖြစ်မှာပေါ့၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နိုင်ငံရေး သုံးသပ်သူတွေထက် ဗေဒင်ဆရာကို ပိုယုံတယ်” ဟု ကိုဝင်းမင်းက ဧရာဝတီကို ပြောသည်။

မြန်မာနှင့် သီရိလင်္ကာတို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာကို အခြေခံသည့် နိုင်ငံများ ဖြစ်သည်။ နှစ်နိုင်ငံစလုံးသည် လူ့အခွင့်အရေး အချိုးဖောက်ဆုံး နိုင်ငံများထဲတွင် ပါဝင်ကြောင်း လေ့လာသူများက ဆိုသည်။

သီရိလင်္ကာ အစိုးရသည် ပြည်တွင်းစစ်ပွဲကြောင့် ထွက်ပြေးနေရသည့် ဒုက္ခသည် ၂၅၀၀၀၀ တို့နှင့် ပတ်သက်၍ ဝေဖန် ရေးသား၊ ပြောဆိုခြင်း မပြုရန် မီဒီယာနှင့် လူ့အခွင့်အရေး အဖွဲ့များကို တားမြစ်ထားကြောင်း Human Rights Watch ဟု ခေါ်သည့် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ မှ ညွှန်ကြားရေးမှူးတဦး ဖြစ်သူ မစ္စတာ James Ross က ဧရာဝတီမဂ္ဂဇင်းတွင် ရေးသားခဲ့ဖူးသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ခုနှစ်တွင် ဗိုလ်ချုပ်ကြီး စောမောင်ထံမှ အာဏာကို လွှဲပြောင်းရယူပြီး နောက်ပိုင်း စင်္ကာပူ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ် စသည့် ဒေသတွင်း နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ယခု သီရိလင်္ကာသို့ သွားရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

ဒေသတခုအတွင်း တည်ရှိသော နိုင်ငံများဖြစ်သည့် မြန်မာနှင့် သီရိလင်္ကာတို့အကြား ထိတွေ့ ဆက်ဆံမှု တခါတရံရှိကြောင်း တွေ့ရသည်။

၁၉၈၈ ခုနှစ်တွင် သီရိလင်္ကာက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ သန်းဖိုး ရင်းနှီး မြှုပ်နှံခဲ့သည်။

ဇွန်လအတွင်းက စစ်အစိုးရသည် လက်နက်ကိုင် ပဋိပက္ခကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် သီရိလင်္ကာ နိုင်ငံသားများ အတွက် ဒေါ်လာ ၅၀၀၀၀ ပေးအပ် လှူဒါန်းခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်း အတွင်း သီရိလင်္ကာ ကိုယ်စားလှယ် အဖွဲ့တဖွဲ့ မြန်မာပြည်သို့ လာရောက်၍ ဆန် မက်ထရစ် တန်ချိန် ၅၀၀၀၀ ကို သီရိလင်္ကာသို့ တင်ပို့ရေး ဆွေးနွေးခဲ့သည်။

၂၀၀၆ နိုဝင်ဘာတွင် သီရိလင်္ကာက လေကြောင်း၊ ရေကြောင်း တိုက်ရိုက် ဆက်သွယ်၍ နှစ်နိုင်ငံ ကုန်သွယ်ရေးကို ပိုမို တိုးမြှင့်ရန် ကမ်းလှမ်းခဲ့ရာ မြန်မာဘက်က သဘောတူညီခဲ့သည်။

မြန်မာနှင့် သီရိလင်္ကာ နိုင်ငံတို့သည် ဘင်္ဂလား ပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (BIMSTEC)၏ အဖွဲ့ဝင် နိုင်ငံများလည်း ဖြစ်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */