ရေဒီယိုသြစတြေးလျက မြန်မာဘာသာဖြင့် ထုတ်လွှင့်

Tuesday, November 10, 2009 ·

မဇ္ဈိမ | (ချင်းမိုင်)။ ။ ရေဒီယို သြစတြေးလျ-ABC နိုင်ငံတကာ အသံလွင့် ဌာနကြီးက ယနေ့ မနက်မှ စ၍ မြန်မာ ဘာသာဖြင့် စတင် အသံလွှင့် နေပြီ ဖြစ်သည်။

မြန်မာ စံတော်ချိန် မနက် ၅ နာရီခွဲမှ စတင်၍ တပတ်လျင် ၇ ရက် ထုတ်လွှင့်မည် ဖြစ်ပြီး လှိုင်းတို မီတာ ၂၅၊ ကီလိုဟဒ် ၁၁၈၄၀ နှင့် ၄၉၊ ကီလိုဟဒ် ၅၉၉၅။ မနက် ၇ နာရီခွဲတွင် လိုင်းတို မီတာ ၁၆ ကီလိုဟဒ် ၁၇၆၆၅နှင့် ၃၁ ကီလိုဟဒ် ၉၇၃၀ တို့ အသီးသီး ဖြစ်ကြောင်း အသံလွှင့်ဌာန၏ ကြေညာချက်တွင် ပါရှိသည်။

ထို့အပြင် ညပိုင်း ၁၀ နာရီခွဲတွင် မီတာ ၂၅ ကီလိုဟဒ် ၂၂၉၈၀ တို့မှ ဖမ်းယူ နားဆင်နိုင်မည် ဖြစ်ကြောင်းလည်း ABC မြန်မာပိုင်း အသံလွှင့်ဌာန အင်တာနက် စာမျက်နှာတွင် ဖတ်ရှုရသည်။

မြန်မာဘာသာဖြင့် စတင်အသံလွှင့်ရန် ဆုံးဖြတ်ရခြင်းမှာ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ စိတ်ဝင်စားမှု တိုးပွာလာခြင်းနှင့် ၂၀၁၀ ခု ရွေးကောက်ပွဲနှင့် ဆက်ဆိုင်သော ဗဟုသုတအတွက် ဖြစ်သည်ဟု ABC အမှုဆောင်ချုပ် မစ္စတာ Hanh Tran က ပြောသည်။

သြတြေးလျ နိုင်ငံ မဲဘုန်းမြို့ အခြေစိုက် ရေဒီယို သြစတြေးလျ-ABC ဌာနသည် ယခုအခါ မြန်မာ ဘာသာ အပါအဝင် အင်္ဂလိပ်၊ တရုတ်၊ အင်ဒိုနီးရှား၊ ခမာ၊ ဗီယက်နမ်၊ ပြင်သစ်၊ Papua New Guinea ဘာသာ တို့ဖြင့် အသံလွှင့် နေခြင်း ဖြစ်သည်။

source by : မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */