လိုင်စင်မဲ့ကား သိမ်းဆည်းမှုကြောင့် ပို့ဆောင်ရေး ထိခိုက်

Thursday, November 05, 2009 ·

ဝီရ | မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် ဒေသအချို့တွင် သုံးစွဲနေသည့် လိုင်စင်မဲ့ကား အပါအဝင် စက်မှုဇုန်ထုတ် ကားများကိုပါ အာဏာပိုင်တို့က သိမ်းဆည်းမှုများ ရှိလာသဖြင့် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း အချို့ ရပ်နား ထားရကြောင်း သိရသည်။

“အခု စစ်ဆေး နေတာက လိုင်စင်မဲ့ ကားတွေ သက်သက် မဟုတ်ဘူး။ ၂၀၀၈ အစောပိုင်း ကာလက ထိုင်းကားတွေကို စက်မှုဇုန်က ပြုပြင်ထားပြီး နားလည်မှုနဲ့ သုံးနေတဲ့ မာတီအိတ် ပုံပြောင်းကားတွေကိုပါ ဖမ်းနေတော့ မော်လမြိုင်နဲ့ ရွာတွေကို ပြေးဆွဲနေတဲ့ အဲဒီလို ကားတွေလည်း အပြင် မထွက်ရဲ ကြတော့ဘူး” ဟု မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်နှင့် ကျိုက်မရောမြို့နယ်ရှိ ကျေးရွာများသို့ ကားပြေးဆွဲနေသူတဦးက ပြောသည်။

သက်ဆိုင်ရာ အာဏာပိုင်တို့က လိုင်စင်မဲ့ ကားများကို ယခင်က အရေးယူ သိမ်းဆည်း ခဲ့သော်လည်း ယခုကဲ့သို့ စက်မှုဇုန်ထုတ်ကားများကို စစ်ဆေးအရေးယူခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း အဆိုပါကားပိုင်ရှင်က ဆိုသည်။

မြန်မာ စက်မှုဇုန်များမှ အသွင်ပြောင်း ထားသည့် အဆိုပါ ကားများသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းရှိ သယ်ယူပို့ဆောင်ရေးတွင် အစီးရေ (၁,၀၀၀) ကျော် သုံးစွဲလျက်ရှိပြီး အဆိုပါကားများတွင် နယ်စက်မှုဇုန်အသီးသီးမှ ထုတ်ပေးထားသည့် လိုင်စင်ပါရှိသော်လည်း ယခုစစ်ဆေးမှုတွင် တရားမဝင်၍ ပြသခွင့်မရှိကြောင်း သိရသည်။

၎င်းက “ဒီကားတွေက လက်ရှိတန်ဖိုး ကျပ်သိန်း (၃၀) အထက်မှာ ရှိတယ်။ ဒီလိုပုံပြောင်းထားတဲ့ကားတွေက လိုင်စင်မရှိတာ မဟုတ်ဘူး။ နယ်စက်မှုဇုန်က လုပ်ထားပေးတဲ့ လိုင်စင်တော့ ရှိတာပေါ့။ အခုလာစစ်တဲ့ အထက်ကလူတွေကို ဒီလိုင်စင်ကို ပြလို့မရဘူးလို့ ပြောတာ” ဟု ရှင်းပြသည်။

ယင်းကဲ့သို့ ပုံစံ ပြောင်းလဲ ထုတ်လုပ်ရာတွင် မာတီအိတ်ကား၊ Tiger ကားတို့၏ အောက်ပိုင်း ကိုယ်ထည် အပါအဝင် ဂီယာနှင့်ဘီးတို့ပါ အော်ရီဂျင်နယ် ပစ္စည်းများကို အသုံးပြုထားသောကြောင့် ဟိုင်းလတ်နှင့် တရုတ်စက် တပ်သည့် ကားနှင့် နှိုင်းယှဉ်လျှင် ပိုမို၍ ခရီးပေါက်ကြောင်း သိရသည်။

မြဝတီ - မော်လမြိုင်သို့ ပြေးဆွဲနေသည့် လိုင်စင်မဲ့ လိုင်းကားများမှာလည်း ယခုအခါ မော်လမြိုင်မှ (၄) မိုင်ကျော် ကွာဝေးသည့် ဇာသပြင် တံတား အထိသာ သွားလာခွင့်ရရှိပြီး ထိုမှတဆင့် ခရီးသည်များနှင့် ကုန်ပစ္စည်းများကို အခြားလိုင်းကားများဖြင့် ပြောင်းလဲ ပို့ဆောင်နေရကြောင်း သိရသည်။

မှန်လုံကား စစ်ဆေးမှုများမှာ ယခင်ကထက် ပိုမိုတင်းကျပ်လာကြောင်း မော်လမြိုင် အဝေးပြေးကားဂိတ် လက်မှတ်အရောင်းဌာနတခုက ပြောသည်။

လက်မှတ် အရောင်းဝန်ထမ်းက “အခု မှန်လုံကားက အင်ဂျင်နံပါတ်နဲ့ ဘော်ဒီ နံပါတ်က အစ အကုန်စစ်တာ။ အဲဒီဟာ (၂) ခု မကိုက်ညီရင် အရေးယူတာတို့ အထိ လုပ်လာတယ်။ မြန်မာပြည်က ကားတွေက သိတယ် မဟုတ်လား။ စက်က တမျိုး၊ ဘော်ဒီကတမျိုး။ ကြိုက်သလို ပြန်တပ်ထားတော့ အရေးယူလည်း ခံရတာပေါ့။ ဒါက လွန်ခဲ့တဲ့ စက်တင်ဘာလက နယ်စက်မှုဇုန်တွေကို ကားအသွင်ပြောင်းတာ ပိတ်လိုက်ပြီး နောက်ပိုင်းပေါ့” ဟု ပြောကြားသည်။

လိုင်စင်မဲ့ ကားများကို ထပ်မံ သိမ်းဆည်းမည်ဟု သတင်း ထွက်ပေါ် လာပြီးနောက် အပစ်ရပ် အဖွဲ့အချို့မှ ဝယ်ယူ ထားသည့် ဘုန်းကြီးကျောင်း ကားများလည်း အပြင် မထွက်ရဲ ကြကြောင်း စုံစမ်းသိရှိရသည်။

source by : ခေတ်ပြိုင်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */