အခြေခံ ပညာကျောင်းသားများ သမဂ္ဂ ပြန်လည်ဖွဲ့စည်း

Tuesday, October 20, 2009 ·

RFA | ၈၈မျိုးဆက် ဗကသ ခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၇ နှစ်မြောက် မွေးနေ့ဖြစ်တဲ့ အောက်တိုဘာလ ၁၈ ရက် မနေ့က ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အခြေခံပညာအဆင့် ကျောင်သားလူငယ်တွေက ရှစ်လေးလုံး အရေးတော်ပုံ နောက်ပိုင်း ပေါ်ထွက်ခဲ့ဖူးတဲ့ အခြေခံပညာ ကျောင်းသားများ သမဂ္ဂ (အကသ) ကို ပြန်လည်ပြီး ဖွဲ့စည်း ခဲ့ပါတယ်။

ရွှေဝါရောင် သံဃာနှင့် လူထု လှုပ်ရှားမှု ကာလတွင် ၂၀၀၇ခုနှစ် စက်တင်ဘာ ၂၇ရက်နေ့က ရန်ကုန်မြို့လယ်၌ ကျောင်းသားများ သမဂ္ဂ လူငယ်များ စုဝေး ဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: AFP)
လောလောဆယ် အသစ်ပြန်လည်ဖွဲ့စည်းတဲ့ (အကသ) အဖွဲ့ ရန်ကုန်မှာ အင်အား ၇၀ လောက် ရှိနေပြီး၊ အဖွဲ့ဝင် တချို့ဟာ မနေ့က တီရှပ်အဖြူရောင်တွေ ကိုယ်စီဝတ်ပြီး အကျဉ်းကျခံနေတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် ရွှေတိဂုံဘုရားကို သွားပြီးဆုတောင်းမှုတွေ လုပ်ခဲ့သလို ဒီကနေ့လည်း (အကသ)ရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေ ရေးသားထားတဲ့ ကြေညာချက်ကို အထက်တန်းကျောင်းတချို့မှာ လိုက်လံပြီး ဝေငှခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရန်ကုန်မြို့ တဝိုက်က အထက်တန်းကျောင်း ၁၃ ကျောင်းမှာ ဝေငှခဲ့တဲ့အခြေအနေနဲ့ ပတ်သက်ပြီး (အကသ) တာဝန်ခံတဦးအဖြစ် လှုပ်ရှားနေတဲ့ ကိုမင်းမင်းဦးက RFA ကို အခုလိုပြောပါတယ်။

ကိုမင်းမင်းဦး။ ။ “တာမွေ၊ သင်္ဃန်းကျွန်း၊ အင်းစိန်၊ ဒဂုံမြို့သစ်နဲ့ မြောက်ဥက္ကလာပမြို့နယ် တွေက ကျောင်းတွေ အဲဒီကျောင်း တွေကို အဓိကထား ဝေလိုက်တယ်ခင်ဗျ။ ကျနော်တို့ စာရွက် တထောင်လောက် ထုတ်ထားတယ် ငါးရာကျော်လောက် ဝေလိုက်ရတယ်ခင်ဗျ၊ ဝေပုံဝေနည်းကတော့ ကျောင်းရှေ့မှာ ကျောင်းလွှတ်အောင် စောင့်တယ်ခင်ဗျ၊ နေ့ခင်းဖက် ကျောင်းလွှတ်တော့ အရင်းနှီးဆုံး ကျောင်းသားတယောက်ကို ပေးလိုက်တယ်။” သူကတဆင့်ဖြန့်တယ်။ ကျနော်တို့က သိုသိုသိပ်သိပ် လုပ်သွားတာပါ။

အခုချိန်မှာ ငွေပေးမှ ပညာသင်လို့ရတော့တဲ့ အနေအထား ဖြစ်လာတဲ့အတွက် လူငယ်တွေ ပညာကို ဆုံးခန်းရောက်အောင် မသင်နိုင်ကြတော့တာရယ်၊ ကျောင်းသားအခွင့်အရေးတွေ မရရှိတဲ့ကိစ္စတွေ ဒီအရေးတွေအတွက် ခုလို (အကသ)ကို ပြန်လည်ဖွဲ့စည်းဖို့ ဖြစ်လာရတာ ဖြစ်တယ်လို့ ကိုမင်းမင်းဦးကပြောပါတယ်။

ကိုမင်းမင်းဦး။ ။ “အခုက ကျနော်တို့နိုင်ငံရဲ့ ပညာရေးက ငွေနဲ့ဝယ်နေရတဲ့ ပညာရေးဖြစ်နေတော့ မိဘတွေအနေနဲ့က ကလေးတွေ ကို ဆက်လက်ပြီးတော့ ပညာမသင်ပေးနိုင်တဲ့အတွက် အခုကလေးတွေမှာ ပညာမသင်ကြားနိုင်ပဲနဲ့ လုပ်ငန်းခွင် ကို ဝင်နေရတဲ့အတွက် ပညာကို ဆုံးခန်းတိုင်အောင် မသင်ယူရဘူး။ ကျောင်းသားအခွင့်အရေးတွေ မရဘူး၊ အဲဒါတွေကြောင့် သူတို့မှာ မခံမရပ်နိုင်ဖြစ်ပြီး စိတ်ဓာတ်တွေ တက့်ကလာတာပါ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ ဒီ (အကသ) ဆိုတဲ့ အဖွဲ့အစည်းကို ထူထောင်လိုက်တာပါ။”

(အကသ) ခေါင်းဆောင် ကိုမင်းမင်းဦး ပြောသွားတာပါ။ သူတို့လို လူငယ်ကျောင်းသားအဖွဲ့တွေ ပေါ်ပေါက်လာတာကို နောင်တော် ဗကသအဖွဲ့ကလည်း ကြိုဆိုတဲ့အကြောင်း နောင်လုပ်ဆောင်စရာရှိတာတွေကို အတူလက်တွဲပြီး ပူးပေါင်းဆောင်ရွက်မဲ့အကြောင်း ဗကသ ကျောင်းသားခေါင်းဆောင် ကိုဇာနည်က ပြောပါတယ်။

ကိုဇာနည်။ ။ “သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ မိဘတွေ သူတို့ခံစားနေရတဲ့ဒုက္ခတွေနဲ့ ပတ်သက်ပြီး သူတို့က နက်နက်ရှိုင်းရှိုင်း သဘောပေါက်ပြီးတော့ သူတို့နိုင်သလောက်တာဝန်ကို တိုင်းပြည်အတွက်ယူပေးတဲ့သဘောပါပဲ။ အဲဒါကို ကျနော်တို့က ထောက်ခံကြိုဆိုရမှာပါ။ ကျနော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သားကောင်းရတနာလေးတွေပါပဲ။ သူတို့ကိုမြေတောင်မြှောက်ပေးရမှာ ကျနော်တို့တာဝန်ပါပဲ။”

အခြေခံပညာ ကျောင်းသားသမဂ္ဂကို မန္တလေးနဲ့ ရန်ကုန်တိုင်းတွေမှာ စတင်စုဖွဲ့ခဲ့ပြီ ဖြစ်ပြီး ကျန်ပြည်နယ်နဲ့တိုင်း တွေမှာလည်း တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

(အကသ) အဖွဲ့ကို အခြေပညာ အထက်တန်း ကျောင်းသား တွေက ၁၉၈၉ ခုနှစ်မှာစတင် ဖွဲ့စည်းခဲ့ပြီး ဒီမိုကရေစီ အရေး လှုပ်ရှားမှု တွေမှာ တက်တက် ကြွကြွ ပါဝင် ဆောင်ရွက်ခဲ့ကြပါတယ်။ ၁၉၉၀ လွန် နှစ်ကာလတွေမှာတော့ (အကသ) ခေါင်းဆောင်တွေကို စစ်အစိုးရက ဖမ်းဆီးထောင်ချ အရေးယူတာတွေ လုပ်ခဲ့တဲ့အတွက် (အကသ) လှုပ်ရှားမှုတွေ အားပျော့သွားခဲ့ပါတယ်။

၁၉၉၈ ခုနှစ်မှာ ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံရပြီး ၂၀၀၆ ခုနှစ်တုန်းက မန္တလေးထောင်ထဲမှာ ကွယ်လွန်သွားခဲ့တဲ့ ကိုသက်ဝင်းအောင်ဟာ (အကသ) ခေါင်းဆောင်တွေထဲက တဦးအပါအဝင် ဖြစ်ပါတယ်။
အခုတခါ (အကသ) အဖွဲ့ကို လက်ရှိ အထက်တန်းကျောင်းသားတွေက ပြန်လည်ဖော်ထုတ်ပြီးတော့ လှုပ်ရှားမှုတွေ စတင်လိုက်တာ ဖြစ်ပါတယ်။ သူတို့ရဲ့ မူတွေကတော့ အချက် ၅ ချက်ဖြစ်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနဲ့ ဒီမိုကရေစီပညာရေး၊ ကျောင်းသားထုအခွင့်အရေးကာကွယ်ရေးနဲ့ ငြိမ်းချမ်းရေးတို့ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

source by : အာအက်ဖ်အေ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */