ရန်ကုန်မြို့တွင်း ကြွပ်ကြွပ်အိတ် စက်ရုံများ ပိတ်ရမည်

Wednesday, October 28, 2009 ·

သန်းထိုက်ဦး | ရန်ကုန်မြို့ရှိ ကြွပ်ကြွပ်အိတ် (ပလတ်စတစ် အိတ်ပါး) ထုတ်လုပ် နေသည့် စက်ရုံများကို ပိတ်ရန် အစိုးရ အာဏာပိုင်များက ညွန်ကြားထားကြောင်း သိရှိရသည်။

အဆိုပါ ကြွပ်ကြွပ်အိတ် ထုတ်လုပ်နေသည့် စက်ရုံများပိတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အောက်တိုဘာ လဆန်းပိုင်းမှ စတင် ညွန်ကြားထားခြင်း ဖြစ်သည်ဟု ပြည်တွင်း သတင်းထောက် တဦးက ဧရာဝတီ သို့ ပြောသည်။

“ဒီနှစ်ကုန်ရင် ကြွပ်ကြွပ် အိတ်တွေ လုံးဝ အသုံးရပ်မယ်လို့ပြောထားတယ်”ဟု ၎င်းက ပြောသည်။

၎င်းအိတ်ထုတ်လုပ်နေသည့် စက်ရုံနှင့် စက်မှုလုပ်ငန်းများကို ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ နောက်ဆုံး ထားပြီး ပိတ်ရန် အာဏာပိုင်များက ညွန်ကြားထားကြောင်းလည်း သိရသည်။

“စုစုပေါင်း စက်ရုံ ၁၄၆ ရုံပါ၊ သူတို့ကို ပိတ်တာတော့ မဟုတ်ဘူး၊ မီးဖြတ်လိုက်မှာပါ ပလတ်စတစ် စက်ရုံအားလုံး မပါပါဘူး၊ ကြွပ်ကြွပ်အိတ်တခုတည်းပါ။ စည်ပင်ကသိမ်းထားတဲ့ ကြွပ်ကြွပ်အိတ် တွေကိုလည်း Recycle (ပြန်လည် အသုံးပြုခြင်း) ပြုလုပ်မယ့် အစီအစဉ် ရှိပါတယ်”ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဌ ဦးမြတ်သင်းအောင် ၏ ပြောကြားချက်ကို ၀ိကလီး အလဲဗင်း ဂျာနယ်က ကိုးကားဖော်ပြထားသည်။

ကြွပ်ကြွပ်အိတ်များသည် ဈေးသက်သာ၍ ထုတ်ပိုးရန် လွယ်ကူပြီး အသုံးတည့်သောကြောင့် လူအများက အလွယ်တကူ အသုံးပြုလျက် ရှိကြသည်။

သို့သော် ၎င်း ပလတ်စတစ် အိတ်ပါးများသည် ကျန်းမာရေးနှင့် သဘာဝ ပတ်ဝန်ကျင်းကို ထိခိုက် ပျက်စီးစေနိုင် ကြောင်း လေ့လာ တွေ့ရှိရသည် ဟုလည်း ၀ိကလီး အလဲဗင်း ဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့၌ လက်ရှိ ဈေးကွက်ထဲတွင် ရှိသော ပလတ်စတစ်အိတ်များကိုမှု ရောင်းခွင့်ပေးထားသေးကြောင်း သိရှိ ရသည်။ ၎င်းအိတ်များ၏ အရောင်းအ၀ယ် တစုံတရာ ထိခိုက်မှုမရှိသေးကြောင်းလည်း ပလတ်စတစ် ပစ္စည်းမျိုးစုံ ရောင်းဝယ်ရေး ဆိုင်ပိုင်ရှင် တဦးက ပြောသည်။

မြန်မာ နိုင်ငံတွင် ကြွပ်ကြွပ်အိတ်များ သုံးစွဲမှု ကန့်သတ်ချက်ကို မန္တလေးမြို့တွင် လွန်ခဲ့သည့် ဇွန်လ ၂၂ရက် နေ့တွင် စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ကြွပ်ကြွပ်အိတ် သုံးစွဲသူများအား အရေးယူမည်ဟူသည့် ကြေညာချက်ကို မန္တလေးမြို့တော်ဝန် ဗိုလ်မှူးကြီး ဖုန်းဇော်ဟန်၏ အမိန့်ဖြင့် ထုတ်ပြန်ခဲ့သည်။ ကြွပ်ကြွပ်အိတ် အသုံးပြုသူများကို အရေးယူမည်ဟု ဆိုထား သော်လည်း မည်သို့ အရေးယူမည်ကို ဖော်ပြထားခြင်း မရှိကြောင်းလည်း သိရသည်။

မန္တလေးမြို့သည် ကြွပ်ကြွပ်အိတ် ကင်းစင် မြို့တော် အဖြစ် မြန်မာပြည်တွင် ပထမဆုံး စတင်ဆောင်ရွက်ရန် ကြိုး စားသည့် မြို့ဖြစ်သည်။ သို့သော် လွန်ခဲ့သည့် ၃ နှစ်ခန့်ကပင် မန္တလေးမြို့တွင် ကြွပ်ကြွပ်အိတ် စက်ရုံများကို ပိတ်ပင် ခိုင်းမှုများလည်း ရှိခဲ့ကြောင်း သတင်း ဂျာနယ်များတွင် ဖော်ပြခဲ့ကြသည်။

ရန်ကုန်မြို့တွင် ယခု ကဲ့သို့ ကြွပ်ကြွပ်အိတ် များကို မထုတ်လုပ်ရန် ပိတ်ပင်လိုက်ခြင်း မည်မျှ အောင်မြင်မည်ဆို သည်မှာ အစားထိုး သုံးစွဲမည့် ပစ္စည်း အပေါ်တွင် မူတည်ကြောင်း သဘာဝ ပတ်ဝန်းကျင်နှင့် ပတ်သက်သည့် ကာတွန်းများကို ရေးဆွဲ နေသော ကာတွန်း အော်ပီကျယ်က သုံးသပ် ပြောဆိုသည်။

“အစားထိုး ပစ္စည်းတွေကို ဘယ်လို လုပ်ပေးမလဲ မသိသေးဘူး၊ အစားထိုးပစ္စည်အပေါ်မှာ မူတည်ပြီး အောင်မြင်နိုင် မှာပဲ၊ အစားထိုး ပစ္စည်းက လူတွေ အသုံးလည်းတည့်မယ် ပတ်ဝန်းကျင်လည် မညစ်ညမ်းဘူးဆိုရင် အောင်မြင် မှာပါ” ဟု ၎င်းက ဆိုသည်။

ကာတွန်း ဆရာ အော်ပီကျယ်သည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များနှင့် ပူးပေါင်း၍ ဆွေးနွေးပွဲ များတွင် ပါဝင်ခြင်းနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကာတွန်း များကိုလည်း ပညာပေးရေး အတွက် ရေးဆွဲ နေသူတဦးလည်းဖြစ်သည်။

အလားတူပင် နေပြည်တော် တွင်လည်း ကြွပ်ကြွပ်အိတ် သုံးစွဲမှုမျကို ကန့်သတ်ပြီး သဘာဝ ပစ္စည်းများဖြင့် အစားထိုး သုံးစွဲရန် အာဏာပိုင်များက ညွန်ကြား ထားကြောင်း သိရသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */