ရန်ကုန်မြို့လယ် မြို့နယ်များတွင် ရေမလာ သဖြင့် လူအများစိတ်ညစ်နေကြရ

Wednesday, October 21, 2009 ·

မိုးမခ အထောက်တော် | အောက်တိုဘာ ၂၀ရက်နေ့ နံနက်မှ စတင်ပြီး ရန်ကုန်မြို့လယ် မြို့နယ်များသို့ ရေပေးဝေခြင်း မရှိသဖြင့် ရန်ကုန်မြို့လယ်တွင် နေထိုင်သူ၊ စီးပွားရေးလုပ်ကိုင်သူ များအပါအ၀င် စိတ်ညစ်နေကြရသည်ဟု သိရသည်။

ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်တွင် နေထိုင်သူ တဦးက “မနက်တတည်းက ရေမရတာကို မသိပဲ ရေသုံးနေကြ အတိုင်း သုံးပြီးညနေစောင်းမှ တင်လို့မရတော့ ပတ်ဝန်းကျင်ကိုမေးမှ တော်တော်များများ ရေမလာတာ သိရတယ်၊ ရေမလာဘူး ဆိုတာကို စောစော သိရင်လည်း ချွေတာ သုံးတာ၊ လှောင်ထားတာတို့ လုပ်လို့ ရတာပေါ့၊ အခုတော့ ဘာမှလဲ မကြေငြာ၊ အသိမပေးတာ လူတွေကို ဂရုမစိုက်တဲ့ သဘောပဲ” ဟုဆိုသည်။

ဗိုလ်တထောင် မြို့နယ်ရှိ ကုမ္ပဏီ တခုတွင် အလုပ်လုပ် နေသူ တဦးကလည်း“ ကျွန်မတို့ ရုံးမှာ နေ့လည်က ၀န်ထမ်း တွေကို အော်လံနဲ့ လိုက်သတိ ပေးနေတယ်။ ရေကုန်သွားလို့ အိမ်သာတက်ရင် ရေမရှိတော့ တခြား နေရာကို သွားကြဖို့ လိုက်ပြောနေတာ” မိုးတွင်း မကုန်သေးလည်း ရေက ပြတ်နေတာ၊ လျှပ်စစ်မီးကြောင့်လား ရေကြောင့်လား မပြော တတ်တော့ဘူး” ဟုဆိုသည်။


ရန်ကုန်မြို့တွင် ရေပြတ်မည်၊ မီးပျက်မည် ဆိုသည်ကို မည်သည့် အခါမျှ လူထုအား ကြိုတင် အသိပေးလေ့မရှိပေ။

ရန်ကုန် မြို့စည်ပင် သာယာရေး ကော်မတီမှ ထုတ်လွှင့်သည့် စီတီး အက်ဖ်အမ် မှလည်း ရန်ကုန် မြို့တွင် နေထိုင် သူများ အတွက် အသုံးဝင်မည့် ယခုလို သတင်း အချက်အလက်မျိုးကို ထုတ်ပြန်လေ့ မရှိပဲ အခကြေးငွေ ရသည့် စီးပွားရေး ကြော်ငြာများကို သာအသားပေး ထုတ်လွှင့်လေ့ရှိသည်။

ထိုသို့ ရေတွန်းစက်မှ ရေမတွန်းသဖြင့် ပိုက်ထဲ ရေမရှိသည်ကို မသိရှိပဲ ရေမော်တာဖြင့် ရေတင်ထား မိပြီး မော်တာ လောင်ကျွမ်းကာ ပြင်ဆင် ရသည့် အဖြစ်မျိုးလည်း ရန်ကုန်တွင် မကြာခဏ ဖြစ်ပျက်လေ့ ရှိသည်။

source by : မိုးမခ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */