အာဆီယံ ထိပ်သီး စည်းဝေးတက်မည့် လူထုအခြေပြုအဖွဲ့ ကိုယ်စားလှယ်များ ပယ်ချခံရ

Sunday, October 25, 2009 ·


ဆလိုင်းပီပီ ၊ ထိုင်းနိုင်ငံ ဟွာဟင်းတွင် ကျင်းပမည့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည့် မြန်မာလူမျိုးတဦး အပါအဝင် လူထုအခြေပြု အဖွဲ့အစည်း ကိုယ်စားလှယ် ၅ ဦးကို အာဆီယံအဖွဲ့ဝင် နိုင်ငံများက ပယ်ချလိုက်သည်။

ကိုယ်စားလှယ် ၁၀ ဦးအနက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဖိလစ်ပိုင်၊ စင်္ကာပူတို့မှ ကိုယ်စားလှယ် ၅ ဦးကို ယနေ့တွင် ကျင်းပမည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း - အာဆီယံ ခေါင်းဆောင်များနှင့် တွေ့ဆုံရမည့် အစည်းအဝေးသို့ တက်ရောက်ခွင့်ကို သက်ဆိုင်ရာ အစိုးရများက ပယ်ချခဲ့ကြောင်း ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိများက သူ့ကို အကြောင်းကြားခဲ့သည်ဟု ယှဉ်ပြိုင် အာဆီယံအဖွဲ့ကြီး (Alternative Asean Network) ၏ ညှိနှိုင်း ဆက်သွယ်ရေးမှူး မစ္စ ဒက်ဘီ စတော့ဟတ် (Debbie Stothard) က ပြောသည်။

''သူတို့က ၅ ယောက်ကို ပယ်ပြီး၊ ကျန် ၅ ယောက်ကိုတော့ အာဆီယံ ဝန်ကြီးတွေနဲ့ တွေ့ဆုံခွင့် ပေးလိုက်ပါတယ်'' ဟု စတော့ဟတ်က မဇ္ဈိမကို ပြောသည်။


မြန်မာနိုင်ငံမှ ဒေါ်ခင်ဥမ္မာ၊ ကမ္ဘောဒီးယားမှ Nay Vanda၊ လာအိုမှ Manichanh Philaphanh၊ ဖိလစ်ပိုင်မှ Sister crescencia L. Lucero၊ စင်္ကာပူမှ Snapan Samydorai တို့ကို အခြား ကိုယ်စားလှယ် ၅ ဦးနှင့်အတူ အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်ရန်အတွက် ယခုလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ ချန်အမ်း (Cha-am) တွင် ၃ ရက်ကြာ ကျင်းပခဲ့သော အာဆီယံ ပြည်သူ့ဖိုရမ်နှင့် အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ညီလာခံတွင် ရွေးချယ်ခဲ့သည်။

ဤသို့ အာဆီယံ အစိုးရ အရာရှိများနှင့် လူထုအခြေပြု အဖွဲ့အစည်းတို့ ထိတွေ့ ဆက်ဆံခွင့်ရမည့် အရေးပါသော အခွင့်အလမ်း တခုဖြစ်သည့် ဤတွေ့ဆုံပွဲသည် ကိုယ်စားလှယ်များကို ထိုကဲ့သို့ ပယ်ချလိုက်ခြင်းဖြင့် လုံးဝပင် အဓိပ္ပာယ် မဲ့သွားရကြောင်း အာဆီယံ ပြည်သူ့ဖိုရမ်က ယနေ့တွင် ထုတ်ပြန်လိုက်သော ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုသို့ ပယ်ချလိုက်ခြင်းသည် လူထုဗဟိုပြု လူ့အသိုင်းအဝိုင်းတရပ် ပေါ်ပေါက်လာရေး အယူအဆအပေါ် အခြေခံထားသည့် သူတို့၏ ပဋိဥာဉ်စာတမ်းကို အာဆီယံ အစိုးရများက သူတို့ကိုယ်တိုင် ဖောက်ဖျက်လိုက်ကြောင်း ပြသနေခြင်းပင် ဖြစ်သည်ဟု စတော့ဟတ်က ပြောသည်။

''အာဆီယံ အစိုးရတွေရဲ့ ဒီအပြုအမူဟာ ပြီးခဲ့တဲ့နှစ်ကမှ အတည်ပြုထားတဲ့ ပဋိဥာဉ်စာတမ်းကို ချိုးဖောက်လိုက်တာပဲ ဖြစ်ပါတယ်'' ဟု စတော့ဟတ်က ဆက်လက် ပြောကြားသည်။

အာဆီယံ ခေါင်းဆောင်များနှင့် အပြန်အလှန် တွေ့ဆုံ စကားပြောခွင့်ကို အခြား ကိုယ်စားလှယ် ၅ ဦးကို ခွင့်ပြုခဲ့သော်လည်း စင်္ကာပူနှင့် မြန်မာနိုင်ငံမှ အစိုးရများ ထောက်ခံ အားပေးထားသည့် ကိုယ်စားလှယ်များ တက်ရောက်နေသည့်အတွက် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားမှ ကိုယ်စားလှယ်များလည်း အစည်းအဝေးသို့ မတက်ရောက်တော့ဘဲ ထွက်ခွာလာခဲ့ကြသည်။

စင်္ကာပူနိုင်ငံက သူတို့၏ အရံ ကိုယ်စားလှယ်အဖြစ် ကုသိုလ်ဖြစ် အဖွဲ့အစည်းတခု၏ ကိုယ်စားလှယ်တဦးကို ရွေးချယ်ခဲ့ပြီး၊ မြန်မာ စစ်အစိုးရကလည်း မူးယစ်နှိမ်နင်းရေးမှ ရဲအရာရှိဟောင်းများဖြစ်သော ဦးစစ်အေးနှင့် ဦးဝင်းမြိုင်တို့ကို ရွေးချယ်ခဲ့သည်။

''ကျနော်တို့နဲ့ မြန်မာ မူးယစ်ဆန့်ကျင်ရေးအဖွဲ့က လူတွေနဲ့ တမျိုးတစားတည်းပဲလို့ အမြင်မခံနိုင်တာကြောင့် အစည်းအဝေးခန်းထဲက ထွက်လာခဲ့တာပါ။ ဒါ လုံးဝခြားနားတဲ့ တွေးခေါ်မှု၊ လုံးဝခြားနားတဲ့ အနေအထားပဲ။ ဒီလူတွေနဲ့အတူ အစည်းအဝေး တက်ရောက်သူတွေအဖြစ် မှတ်ပုံတင်စာရင်းသွင်းပြီး အစည်းအဝေးခန်းထဲ အတူသွားရမှာကို မလိုလားပါဘူး'' ဟု အင်ဒိုနီးရှားနိုင်ငံ ဖိုရမ်အေးရှားအဖွဲ့ဝင် Yu Yun က ပြောသည်။

''အစိုးရတွေရဲ့ ဒီလိုမျိုး သဘောထားတွေကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ဘယ်သူ လာရမယ်၊ ဘယ်သူ မလာရဘူး သူတို့ ဘာသာရွေးချယ်တာမျိုးကို လက်မခံနိုင်ပါဘူး။ ဒါ ကျနော်တို့ရဲ့ ယုံကြည်မှုတွေ၊ မူတွေနဲ့ ဆန့်ကျင်ပါတယ်'' ဟု Yu Yun က ပြောသည်။၏

သူတို့၏ အဓိကမူဝါဒများ၊ ညွှန်ကြားချက်များ၊ ဆုံးဖြတ်ချက်များကို အသိပေးနိုင်ရန်အတွက် ရပ်ရွာအခြေပြု လူမှုရေး အဖွဲ့အစည်းများ (Community-based Social Organizations-CSO) ကို သူတို့၏ လှုပ်ရှားမှုများတွင် ဆွဲသွင်းနိုင်ရန် အာဆီယံက ကြိုးစားလျက်ရှိသည်။

''အာဆီယံ ထိပ်သီး အစည်းအဝေးလိုမျိုးဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့ ပြဿနာပေါင်းစုံ အခြေအနေ ပေါင်းစုံကို တင်ပြဖော်ထုတ်ပြီး လွတ်လပ်စွာ ဆွေးနွေးနိုင်တဲ့ နေရာဖြစ်ပါတယ်'' ဟု ဒေါ်ခင်ဥမ္မာက မဇ္ဈိမကို ပြောသည်။

မြန်မာနှင့် ကမ္ဘောဒီးယား အစိုးရများက အပြင်းအထန် ကန့်ကွက်ခဲ့သဖြင့် ဒေါ်ခင်ဥမ္မာနှင့် ကမ္ဘောဒီးယား တက်ကြွ လှုပ်ရှားသူတဦးကို ထိုင်းနိုင်ငံတွင် ဖေဖော်ဝါရီလက ကျင်းပခဲ့သော ၁၄ ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် တက်ရောက်ခွင့် ပယ်ချခြင်း ခံခဲ့ရသည်။

''ဒီတခါ ဖြစ်တာကတော့ မနှစ်ကထက် ဆိုးပါတယ်'' ဟု Yu Yun က ပြောသည်။

အာဆီယံ ချာတာအပေါ်တွင် လေးနက်ရန်နှင့် အဆိုပါ ပဋိဥာဉ်စာတမ်းအတိုင်း လိုက်နာပါရန် ပြည်သူ့ဖိုရမ်က အာဆီယံ အစိုးရများကို တိုက်တွန်းခဲ့သည်။ ''ကျနော်တို့နဲ့ ပတ်သက်လို့ ကျနော်တို့နဲ့ ဆွေးနွေး တိုင်ပင်ခြင်းမရှိဘဲ ဆုံးဖြတ်တာမျိုးမဖြစ်ဖို့ အစိုးရတွေနဲ့ ထိတွေ့ ဆက်ဆံတာမျိုးကို ကျနော်တို့ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်'' ဟု Yu Yun က ပြောသည်။

(မုံပီး တည်းဖြတ်သည်)


source by :မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */