ရွှေဈေးကြောင့် နိုင်ငံရေး မတည်ငြိမ်ဖြစ်နိုင်၊ ဈေးထိန်းရန် ဝန်ကြီးသတိပေး

Sunday, October 25, 2009 ·


နီမိုးမြင့် ၊ ရွှေဈေးနှုန်း အတက်အကျကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ဈေးနှုန်း မတက်အကျ မကြမ်းရန် လုပ်ငန်းရှင်များ အနေဖြင့် ထိန်းသိမ်းပေးရမည်ဟု သတ္တုတွင်းဝန်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်က ရွှေလုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် အစည်း အဝေးတွင် သတိပေးပြောကြားလိုက်သည်။

ရန်ကုန်မြို့ ပန်ဒါဟိုတယ်တွင် ယနေ့နေ့လည် ၁ နာရီတွင် ကျင်းပသည့် အသင်းအစည်းအဝေးတွင် ရွှေဈေးကြောင့် လူထု စိုးရိမ်ကြောင့်ကြမှုဖြစ်ကာ တိုင်းပြည်မပျက်ရေး ထိန်းဖို့ လိုသည်ဟု ဆိုသည်။

“ကမ္ဘာ့ရွှေဈေးကလည်း အတက်အကျဖြစ်တယ်။ ကျနော်တို့ဈေးကလည်း အတက်အကျဖြစ်တယ်။ ဒါပေမယ့် အတက်အကျ မကြမ်းဖို့။ ပြီးတော့ လူထုက


ထိတ်လန့်တကြားဖြစ်ပြီး ရွှေဈေးကြောင့် တိုင်းပြည် ပျက်သွားတာမျိုး မဖြစ်ဖို့ လိုပါတယ်”ဟု ဗိုလ်မှူးချုပ် အုန်းမြင့်က ပြောသွားသည်။

ယခင်က ရွှေဈေးနှုန်းများကို ဘယ်ရွေ့ဘယ်မျှ ရောင်းချရမည်ဟု စီးပွားရေးနှင့် ဝန်ထမ်းများ လာဘ်စားမှုဆိုင်ရာ ထောက်လှမ်းရသော အထူး စုံစမ်းစစ်ဆေးရေး ခေါ် စသုံးလုံး က ဝင်ရောက် သတ်မှတ်ပြီး အဆိုပါ သတ်မှတ်ချက်အတိုင်း ရောင်းချရသော်လည်း ယခုအခါတွင် အာဏာပိုင် အဖွဲ့အစည်းများက ဈေးမသတ်မှတ်ပေးတော့ဘဲ ရွှေးဈေးနှုန်း အတက်အကျ မကြမ်းစေရန်သာ ထိန်းသိမ်းပေးတော့ကြောင်းသာ ဝန်ကြီးက ပြောသည်။

လက်တလော မြန်မာပြည်တွင်းရွှေဈေးမှာ အခေါက်ရွှေ တကျပ်သားလျင် ၆ သိန်း ၅ ထောင်ကျပ်ရှိရာ လွန်ခဲ့သည့် ၁၂ နှစ်ကျော် ကာလကထက် အဆ ၃၀ ကျော် ဈေးမြင့်ခဲ့ခြင်းဖြစ်သည်။

“လွန်ခဲ့တဲ့ ၁၂ နှစ် ကျနော် ဝန်ကြီးဖြစ်တဲ့အခါမှာ ရွှေဈေးက နှစ်သောင်း ကျော်ကျော်ပဲ ရှိတယ်။”ဟု ဗိုလ်မှူး ချုပ်အုန်းမြင့်က ပြောသည်။

ငွေကြေးတန်ဖိုး ခိုင်မာမှုမရှိသော မြန်မာနိုင်ငံတွင် ရွှေဈေးပေါ်မူတည်ပြီး အခြားကုန်ပစ္စည်းများဈေးနှုန်း အတက်အကျ ဖြစ်ပေါ်လေ့ရှိသဖြင့် မကြာခဏ မြင့်တက် လှုပ်ရှားတက်သော ရွှေဈေးကို ထိန်းချုပ်ရန် လိုသည်ဟု ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဌ ဦးဝင်းမြင့်က ဆိုသည်။

မြန်မာနိုင်ငံ၏ ငွေကြေးတန်ဖိုးမှာ ခိုင်မာမှုမရှိသဖြင့် လူအများသည် ရွှေကို ဝယ်ယူ စုဆောင်းထားကြသဖြင့် နိုင်ငံရေး၊ စီးပွားရေး လှုပ်ခတ်မှုတခုခု ဖြစ်ပေါ်ပါက ရွှေဈေးနှုန်းများ ထိုးတက်လေ့ ရှိသည်။ ရွှေလုပ်ငန်းရှင် အသင်းမှ ဒုတိယဥက္ကဌ ဦးကျော်မြင့်က နိုင်ငံရေးနှင့် ရွှေဈေး ဆက်စပ်မှု ရှိနေသည်ဟု ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် အမိန့်ချတဲ့နေ့က ဒေါ်အောင်ဆန်းစုကြည် လွတ်မယ်၊ မလွတ်ဘူးကို မူတည်ပြီး ရွှေဈေးက နှစ်သောင်းလောက် တက်သွားတယ်။ ငါးထောင်တန် ထွက်တုန်းကလည်း ရွှေဈေးက ငါးသိန်းခုနှစ်သောင်းကနေ ၆ သိန်းနှစ်သောင်းအထိ၊ ငါးသောင်းလောက် တက်သွားတယ်။ ဒါက နိုင်ငံ မတည်မငြိမ်ဖြစ်လို့ ရွှေဈေးတက်တယ် ဆိုတဲ့ သဘောကိုပြတာ“ ဦးကျော်မြင့်က ပြောသည်။

နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ရွှေဈေးနှုန်းများမြင့်တက်သွားပါက အစိုးရက အတင်းအကြပ် ဈေးနှုန်း သတ်မှတ်ပေးလေ့ ရှိသည့်အခါ မှောင်ခိုဈေးကွက်များ ပေါ်လာလေ့ ရှိသည်။

နိုင်ငံတကာ ရွှေဈေးနှုန်းများ မြင့်တက်နေချိန်တွင် ပြင်တွင်းရွှေပေါက်ဈေးကို အမိန့်အာဏာသုံးပြီး လျော့ချရောင်းချခိုင်းသဖြင့် ဈေးကွက် သဘောတရားအရ မြန်မာ့ရွှေများသည် ပြည်ပနိုင်ငံများသို့ စီးဆင်းသွားလေ့ ရှိသည်ဟု ရွှေအသင်းဝင် တဦးက ပြောသည်။

source by :မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */