မလေးရှား ဒုက္ခသည်စခန်းများတွင်လည်း ပွဲစားရှိ

Monday, October 26, 2009 ·


တတိယနိုင်ငံသို့ ထွက်ခွာခွင့်ရရန် လွယ်ကူနေသည့် မလေးရှားဒုက္ခသည်စခန်းများတွင်လည်း ပွဲစားများရှိနေကြောင်း အန်အယ်လ်ဒီ လွတ်မြောက်နယ်မြေ (မလေးရှား) မှ ကိုကျော်ကျော်က ပြောသည်။

“ဟိုတပတ်က ကျနော် လင်းခေးဆိုတဲ့ စခန်းတခုကို ရောက်သွားတယ်။ အဲဒီမှာ ယူအန်နဲ့တွေ့တဲ့အခါ အဆင်ပြေအောင်
မေးနိုင်မယ့် မေးခွန်းတွေကို ပွဲစားက ကြိုပေးထားတယ်။ အဲဒီအတွက် မလေးရှားရင်းဂစ် (၁,၅၀၀) ပေးရမယ်။ အဲလိုမျိုးလေးတွေကအစပေါ့လေ။ အဓိကက ယူအန်မှာ စကားပြန်လုပ်နေတဲ့သူနဲ့ စခန်းထဲကို အ၀င်အထွက်ရှိနေတဲ့ မလေးရှားလူမျိုးတွေ ပေါင်းပြီး လုပ်နေကြတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

ယခုနှစ်အတွင်း မလေးရှားဒုက္ခသည်စခန်းများမှတဆင့် တတိယနိုင်ငံထွက်ခွာရမှု ပိုမိုလွယ်ကူနေသဖြင့် ထိုင်းနိုင်ငံရှိ ဒုက္ခသည်များပင် မလေးရှားစခန်းများသို့ ပြောင်းရွှေ့မှုများ ရှိနေသည်ဟု သိရသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်စခန်း (၂၀) ခန့်တွင် မြန်မာနိုင်ငံမှ ဒုက္ခသည်ပေါင်း (၆,၀၀၀) ခန့်ရှိနေပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက တိုင်းရင်းသားများကို ဒုက္ခသည်အဖြစ် လက်ခံပေးနေသည်။

“အများဆုံးက ချင်း၊ မွန်၊ ကရင်၊ လူမျိုးတွေကိုပဲ ဒုက္ခသည်အဖြစ် လက်ခံပေးထားတယ်။ မြန်မာက တော်တော့်ကို နည်းပါတယ်။ တိုင်းရင်းသားတွေဟာ မြန်မာလူမျိုးကြီးရဲ့ အဖိအနှိပ်ကို ခံရတယ်ဆိုတဲ့သဘောကြောင့် ယူအန်က တိုင်းရင်းသားတွေကိုပဲ အဓိကထားလက်ခံတယ်” ဟု ကိုကျော်ကျော်က ပြောသည်။

ယခုနှစ် မေလမှစတင်ကာ တိုင်းရင်းသားအဖွဲ့အစည်းများမှတဆင့် ဒုက္ခသည်အသိအမှတ်ပြုလက်မှတ်များကို တလအတွင်း ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ဒုက္ခသည် (၂,၀၀၀) ကျော် တတိယနိုင်ငံသို့ ထွက်ခွာခဲ့ပြီးဖြစ်သည်။

မလေးရှားဒုက္ခသည်စခန်းရှိ ဒုက္ခသည်များ အများဆုံးသွားရသည့်နိုင်ငံမှာ အမေရိကန်နိုင်ငံဖြစ်ကြောင်း သိရသည်။
source by : NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */