ဆက်သွယ်ရေးဝန်ကြီး ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်း

Tuesday, September 22, 2009 ·



ခိုင်လင်း / ပြည်ထောင်စုကြံ့ခိုင်ရေးအသင်း၏ ကချင်ပြည်နယ်တာဝန်ခံဖြစ်သူ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်သည် ယခုလ (၂ဝ) ရက်တွင် မြစ်ကြီးနားမြို့အထက်ပိုင်း၊ ဧရာဝတီမြစ်ဆုံအနီးရှိ တန်ဖဲကျေးရွာသို့ ရောက်ရှိလာပြီး ဒေသအတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ကြံ့ဖွံ့အသင်းဝင်များနှင့် တွေ့ဆုံပွဲတခုပြုလုပ်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းခဲ့သည်။

ယခုခရီးစဉ်တွင် ဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ဝန်ကြီးအချို့လိုက်ပါလာပြီး ဒေသခံလူထုနှင့် ကြံ့ဖွံ့အသင်းသားများကို တွေ့ဆုံစကားပြောဆိုခဲ့ကာ ဆန်နှင့်ဆီများ ပေးသွားသည်ဟု အစည်းဝေးတက်ရောက်ခဲ့သူများနှင့် နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

၎င်းက “ဗိုလ်မှူးချုပ်သိန်းဇော်နဲ့အတူ ကုန်သွယ်ရေးနဲ့ စွမ်းအင်ဝန်ကြီးတွေလည်း ပါလာတယ်။ သူတို့က တနင်္ဂနွေနေ့ နေ့လယ် (၁၁) နာရီမှာ ရောက်လာတယ်။ အဲဒီက ကြံ့ဖွံ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံတာပေါ့။ ပြီးတော့ အသင်းအဖွဲ့ တဖွဲ့စီကို ဆန်(၃)အိတ်နဲ့ (၁၀) ပိဿာပါတဲ့ ဆီ (၁) ပုံး ထောက်ပံ့သွားတယ်။ နေ့လယ် (၁) နာရီခွဲလောက်မှာ ပြန်သွားတယ်” ဟု ပြောသည်။



အစည်းဝေးအတွင်း ဆက်သွယ်ရေးဝန်ကြီးက ကြံ့ဖွံ့အသင်းအနေဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်သွားနိုင်ရေးအတွက် အဓိကပြောဆိုသွားသည်ဟု အဆိုပါဒေသခံက ပြောသည်။

အဆိုပါအစည်းဝေးအတွင်း မေခ-မလိခ မြစ်ဆုံရေကာတာစီမံကိန်းအတွက် မြေနေရာရွှေ့ပြောင်းခံကြရမည့် ဒေသခံလူထုအား နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေများ ပေးသွားမည်ဖြစ်ကြောင်း ထပ်မံကတိပေး ပြောဆိုသွားသည်ဟုလည်းသိရသည်။

“ဝန်ကြီးတွေနဲ့အတူ အေးရှားဝေါကုမ္ပဏီက တာဝန်ရှိသူတွေလည်း ပါလာတယ်။ အစည်းဝေးမှာပဲ အိမ်တွေ၊ ခြံတွေ ရွှေ့ပေးရတဲ့အပေါ် သူတို့အနေနဲ့ လျော်ကြေးငွေပေးမယ်ပေါ့။ အဲဒီလို နစ်နာကြေးပေးရင်လည်း ပြည်သူလူထုအနေနဲ့ ကောင်းကောင်းမွန်မွန်လက်ခံပြီး ကျေအေးကြဖို့လိုတယ်ပေါ့။ အဲလိုပြောနေတယ်” ဟု အဆိုပါဒေသခံက ပြောသည်။

မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာဝတီမြစ်ရိုးတလျှောက်နှင့် မြစ်ဆုံအနီးရှိ ကျေးရွာ (၆ဝ) ကျော်၊ ဥယျာဉ်ခြံများ၊ သစ်၊ ဝါးခြံများ၊ လယ်ယာမြေများ ရွှေ့ပြောင်းရန်ရှိနေပြီး လျော်ကြေးငွေပေးရေးအတွက် တန်ဖိုးတွက်ချက်နိုင်ရန် တိုင်းတာမှုများကို ပြီးခဲ့သည့်လအတွင်းက စတင်ပြုလုပ်နေသည်။

ဗိုလ်မှူးချုပ် သိန်းဇော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားသားဖြစ်ပြီး ကြံ့ဖွံ့အသင်းကြီး၏ ကချင်ပြည်နယ် တာဝန်ခံဖြစ်ကာ မကြာခဏ ကချင်ပြည်နယ်သို့လာရောက်ကာ ကြံ့ဖွံ့အသင်းသားများနှင့် တွေ့ဆုံနေပြီး လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည့်သူအဖြစ် သတင်းများပေါ်ထွက်နေသည်။

နအဖက ၂ဝ၁ဝ တွင် ရွေးကောက်ပွဲပြုလုပ်မည်ဟု ပြောဆိုထာပြီး ယနေ့အချိန်အထိ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ခြင်းမရှိသော်လည်း ကြံ့ဖွံ့အသင်းအပါအဝင် နအဖနှင့်နီးစပ်သည့် အသင်းအဖွဲ့အချို့က နေရာအချို့တွင် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်နေသည်။


source by :NEJ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */