ပြည်သူ့စစ် အသွင်ပြောင်းရန် SSA-N ခေါင်းဆောင်ထပ်မံခေါင်းခါ

Thursday, August 06, 2009 ·


သျှမ်းသံတော်ဆင့်

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန်အပစ်ရပ် သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်ဖွဲ့ ဥက္ကဌ အား လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း (ရမခ) တိုင်းမှူးက လားရှိုးစစ်တိုင်းရုံးသို့ထပ်မံခေါ်ယူတွေ့ဆုံ တိုက်တွန်းထိအားပေးခဲ့ကြောင်း မြောက်ပိုင်း သျှမ်းပြည် သတင်း ရပ်ကွက်က ဆိုသည်။

“ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကပေါ့၊ လားရှိုးတိုင်းမှူးဆင့်ခေါ်လို့ ဥက္ကဌကြီး စ၀်လွယ်မောဝ် စစ်တိုင်းရုံး ရွှေလီရိပ်သာအထိ သွားတွေ့ ရတယ်၊ ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်ပြောင်းဖို့ ထပ်ပြောတယ်ဆိုဘဲ”- ဟု လားရှိုးစစ်တိုင်းရှုံးအရာရှိများ နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းက ဆိုသည်။

<= အပစ်ရပ် SSA မြောက်ပိုင်းတပ်ဖွဲ့၏ ဥက္ကဌ စ၀်လွယ်မောဝ်

ထိုတွေ့ဆုံပွဲ၌ လားရှိုးစစ်တိုင်းမှူးဗိုလ်ချုပ်အောင်သန်းထွဋ်က အပစ်ရပ် SSA မြောက်ပိုင်း ဥက္ကဌအား ပြည့်သူ့စစ်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းရန် အဆင်သင့်ဖြစ်မဖြစ် မေးမြန်းခဲ့ကြောင်း၊ စ၀်လွယ်မောဝ်ကလည်းသျှမ်းပြည်တပ်မတော်အပစ်ရပ် တပ်ဖွဲ့ အနေဖြင့် ဂျွန် ၂၃ ရက်နေ့က ဗိုလ်ချုပ်ရဲမြင့်ထံ အခြေအနေမှန် အားလုံးတင်ပြခဲ့ပြီးဖြစ်ကြောင်း၊ အောက်ခြေ အဆင့်လူငယ် အရာရှိများ/တပ်မှူးများက အစိုးရ၏စေတနာအပေါ်နားလည်ရန် အချိန်ယူရှင်းပြနေရကြောင်း၊အလယ် အလတ် စစ်ရေး ခေါင်းဆောင်အများစု လက်မခံနိုင်သေးသဖြင့် ဘာမျှမတတ်နိုင်ကြောင်း၊ ရွေးကောက်ပွဲပြီး၍ ဒီမိုကရေစီ အစိုးရသစ်ပေါ် ပေါက်လာမှသာလျှင် အသွင်ပြောင်းရေးကိစ္စ ပြန်လည်ဆွေးနွေးစေလိုကြောင်း၊ စိတ်ရှည်သီးခံရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားခဲ့သည်ဟု ဆို၏။


“စ၀်လွယ်မောဝ်ကအဲဒီလိုလှည့်ပတ်ငြင်းတော့ တိုင်းမှူးကြီးက ဘာမှဆက်မဆွေးနွေးတော့ဘူး၊ အခြားအပစ်ရပ်အဖွဲ့တော် တော် များများကလဲလက်ခံဘူး ကျနော်တို့လဲလက်မခံနိုင်သေးဘူးလို့ အဓိပ္ပါယ်ပေါက်တဲ့ အချက်အလက်တွေလဲပြော တယ်”- ဟု အဆိုပါပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

(စစ်အစိုးရ၏ နိုင်ငံတော်ပုန်ကန်မှုအပြင် အခြားအမှုပေါင်းများစွာ စွပ်စွဲမှုဖြင့် ခန္တီးထောင်၌ ထောင်ဒဏ် ၁၀၆ နှစ် ပြစ်ဒဏ် ကျခံရသူ) SSA ခေါင်းဆောင် ဗိုလ်ချုပ်ဆေထဲန် နှင့် န၀တ အစိုးရတို့ ၁၉၈၉ စက်တင်ဘာ ၂၄ ရက်က - ၁။ နှစ်ဦးနှစ် ဘက် အပစ်အခတ်ရပ်စဲထားရန်၊ ၂။ ဒေသဖွံ့ဖြးရေးလုပ်ငန်းများကို နှစ်ဖက်ပူးပေါင်းလုပ်ဆောင်ရန်၊ ၃။ နိုင်ငံရေး ကိစ္စများကို နောင် တက်လာမည့် ဒီမိုကရေစီ အစိုးရသစ်နှင့်သာပြောဆိုဆွေးနွေးရန်စသည့် သဘောတူညီချက်များဖြင့် အပစ်ရပ်ခဲ့ ကြောင်း - ဆိုပါသည်။

ဤအချက်အလက်များကို အပစ်ရပ်သျှမ်းပြည်တပ်မတော် တပ်မှူးများ၊ အရာရှိများ ခိုင်ခိုင်မြဲမြဲစွဲကိုင်ကျင့်သုံးသောကြောင့် ပြည်သူ့စစ်အသွင်ကူးပြောင်းရေးကို လက်ခံလာအောင် စည်းရုံးနိုင်ရန် များစွာအခက်အခဲရှိကြောင်းလည်း ၂၃/၆/၀၉ စရဖ အရာရှိချုပ် ဗိုလ်ရဲမြင့်ထံပေးစာ၌ အတိအလင်းဖေါ်ပြခဲ့သည်ဟုဆို၏။


source by :
သျှမ်းသံတော်ဆင့်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */