သျှမ်း - ကချင်နယ်စပ် စစ်အစိုးရတပ် အင်အားတိုးမြင့် KIA ကိုတိုက်ဘွယ်ရှိ

Sunday, August 09, 2009 ·


သျှမ်းသံတော်ဆင့်

နအဖ စစ်အစိုးရတပ်များလှုပ်ရှားသွားလာမှု အခြေအနေကို စောင့်ကြည့်လေ့လာ နေသည့် ထိုင်းနယ်စပ်အခြေစိုက်တော်လှန် ရေးအဖွဲ့အစည်းအချို့က သျှမ်း - ကချင် နယ်စပ်တလျှောက် စစ်အစိုးရအင်အားတိုးမြှင့်မှုသည် KIA ကို ဦးစွာထိုးစစ်ဆင် တိုက်ခိုက်နိုင်ဘွယ်ရှိကြောင်း ယခုလဆန်းပိုင်း၌ သုံးသပ်ပြော ဆိုနေကြသည်ဟုဆိုသည်။

“သျှမ်းပြည်မြောက်ပိုင်းအခြေစိုက် စစ်အစိုးရတပ်တွေ မိုးမိတ်ဘက်ဖြတ်ပြီး ကချင်နယ်ခြားဘက် အင်အားတွေပို့လွှတ် ဖြည့် တင်းနေတယ်၊ အခုလ (၂) ရက်နေ့ လားရှိုးမှာ ရမခတိုင်းမှူး အောင်သန်းထွဋ်အစည်း အဝေးခေါ်တယ်၊ အဲဒီ နောက်ပိုင်း ၀ နဲ့ အပစ်ရပ် SSAမြောက်ပိုင်းထိန်းချုပ်နယ် မြေအကြား ကူးလူးဆက်ဆံမှုခက်ခဲအောင် ထိုးဖေါက်အင်အားဖြည့်နေရာယူလာ သလို


တပ်တွေတော်တော်များများ မြောက်ဘက်ကို တက်သွားကြတယ်”- ဟု လားရှိုး ကုန်သည်တဦးက ဆိုသည်။
ကချင်လွတ်လပ်ရေးတပ်မတော်ု၍ဗ နယ်ခြားဘက်တွင်လည်း ရှိရင်းစွဲစစ်အစိုးရအခြေချတပ်များအပြင် အခြားဒေသ မှ စစ်ကူအင်အားများလည်း မထင်မရှားဝင်ရောက်ဖြည့်တင်းနေကြောင်း၊ KIO/KIA ဌာနချုပ် လိုင်ဇာ နှင့် မလှမ်း မကမ်းတွင် လက်နက်ကြီး ၁၅၅ အမ်အမ် ဟောင်ဝစ်ဇာ (Howitzer) တောင်ပစ်အမြောက်အချို့လည်းချထားကြောင်း ပြောဆိုနေကြသည်။

“ကချင်လက်နက်ကိုင် တပ်ဖွဲ့ထိန်းချုပ်ဒေသက ၀ ၊ ကိုးကန့်၊ မိုင်းလား တို့နဲ့နယ်မြေချင်းမထိစပ်ဘူး၊ သီးခြားဖြစ်နေ တဲ့အတွက် စစ်အစိုးရက ၀ တပ်မတော် UWSA မတိုက်ခင် ကချင် KIA အဖွဲ့ကို ဖြတ်လေးဖြတ်နဲ့ အရင်ရှင်းပစ်ဖို့အလား အလာများတယ်။ ဘာလို့လဲဆိုတော့ ၀ ပြီးရင် ကချင်တပ်ကအင်အားအတောင့်ဆုံး”- ဟု အပစ်ရပ်အဖွဲ့ များအားစောင့်ကြည့် လေ့လာသည့် ပြည်တွင်း သျှမ်းအသိုင်းအ၀ိုင်းက ဆိုသည်။

ဝ ပြည်သွေးစည်းရေးတပ်မတော်ထိန်းချုပ်နယ်မြေ၏ မြောက်ဘက်တွင် - ကိုးကန့်၊ တောင်ဘက်တွင် မိုင်းလား၊ အရှေ့ ဘက်တွင်တရုတ်နိုင်ငံ အနောက်ဘက်တွင် သံလွင်မြစ်နှင့် အပစ်ရပ်သျှမ်းပြည်တပ်မတော် SSA မြောက်ပိုင်း တပ်ဖွဲ့များဝန်းရံ အကာအကွယ်ြုပနေသလိုဖြစ်ခြင်းကြောင့် ဗမာစစ်တပ်က ၀ တပ်မတော်ကို တိုက်ခိုက်မည် ဆိုပါက သျှမ်းပြည်တပ်တော် SSA-N တပ်ဖွဲ့နှင့် ဦးစွာတိုက်ခိုက်ရမည်ဖြစ်သည်ဟုလည်းဆို၏။

NDA-K ဒီမိုကရေစီသစ်တပ်မတော် - ကချင် မှာမူ UWSA ၀ တပ်ဖွဲ့၊ MNDAA ကိုးကန့်၊ NDAA-ESS မိုင်းလား တပ်ဖွဲ့တို့နှင့် PDF စစ်ရေးမဟာမိတ်ဖွဲ့ထားသော်လည်း နယ်မြေထိစပ်မှုမရှိခြင်း၊ ကချင်အမျိုးသားချင်းဖြစ်သည့် KIO/ KIA နှင့်လည်း ပဋိပက္ခရှိခြင်းတို့ကြောင့်၊ စစ်အစိုးရ အင်အားသုံးတိုက်ခိုက်လာလျှင် ကချင်အဖွဲ့ပထမဆုံး ရင်ဆိုင်နိုင်ဘွယ်ရှိကြောင်း - ပြောဆိုနေကြသည်။


source by :သျှမ်းသံတော်ဆင့်

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */