စားသုံးသူထံမှ ၁၀ ရာခိုင်နှုန်း အခွန်ကောက်ခံတော့မည်

Thursday, August 20, 2009 ·

ဟိန်းဇော် | မြန်မာနိုင်ငံအတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များတွင် ဝယ်ယူ စားသုံး သူများထံမှ စားသောက် ထားသော တန်ဖိုး၏ ဆယ်ရာခိုင်နှုန်း အခွန်ကောက်ခံရန် ဆိုင်ပိုင်ရှင် များကို သက်ဆိုင်ရာ မယက မှတဆင့် ခေါ်ယူ ပြောကြားထားကြောင်း သတင်းရရှိသည်။

ယင်းသို့ ခေါ်ယူ အသိပေးမှုများကို ယခင်လ နောက်ဆုံး အပတ်အတွင်းက စတင် လုပ်ဆောင်ခဲ့သည်ဟု ကျောက်တံတား မြို့နယ်တွင် စားသောက်ဆိုင်ဖွင့်လှစ် လုပ်ကိုင်သူ တဦးကဆိုသည်။

“စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တွေကို မယက ရုံးမှာခေါ်ပြောတယ်။ လာသောက်တဲ့ သူတွေ ဆီကနေ ဆယ်ရာခိုင်နှုန်း တောင်းရမယ်တဲ့။ ရောင်းလို့ ရတဲ့ ဘောက်ချာတွေ သိမ်းထားဖို့ မှာတယ်” ဟု ၎င်းကပြောသည်။

စားသုံးသူတို့၏ အခွန်ငွေများကို စက်တင်ဘာ ၁ ရက်နေ့မှစ၍ နိုင်ငံတော်သို့ပေးသွင်းခြင်း မရှိသော စားသောက်ဆိုင်အား ကုန်သွယ်ခွန် ဥပဒေ အရ အရေးယူသွား မည်ဟု ရန်ကုန်တိုင်း အခွန်ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးထွန်းသန်းက အသိပေး ပြောကြားကြောင်း ဇွန်လ၂၀ ရက်နေ့ ထုတ် 7 Day News သတင်း ဂျာနယ်တွင် ဖော်ပြထားသည်။

စားသုံးသူ စားသောက်သွားသည့် အပေါ်တွင် ပေးရသော ကုန်သွယ် လုပ်ငန်းခွန်ကို တလတခါ မပေးသွင်းပါက အရေးယူသွားမည်ဖြစ်ပြီး မည်သို့ အရေးယူမည်ကိုမူ မသိရကြောင်း ရန်ကုန် စားသောက်ဆိုင် ပိုင်ရှင်များက ပြောသည်။

ယင်းသို့ အခွန် ကောက်ခံပါက ရောင်းသူနှင့် ဝယ်ယူသူကြားတွင် အခက်အခဲများ ရှိလာနိုင်ကြောင်း၊ မြန်မာ နိုင်ငံတွင် အခွန် ကောက်ခံခြင်း နှင့် ကျွမ်းဝင်မှု မရှိသေး၍ အချိန်ယူဆောင်ရွက်ရန် လိုအပ်နေသေးကြောင်း စီးပွားရေး ပညာရှင် တဦးက သုံးသပ်သည်။

ပုစွန်တောင် မြို့နယ်တွင် လက်ဖက်ရည်ဆိုင် ဖွင့်လှစ်ထားသူ တဦးက “ဒီလို အခွန် ကောက်မယ်ဆိုရင် ကျနော်တို့လို ဆိုင်တွေက ကိုယ့်အိတ်ထဲက စိုက်ဆောင်ရမှာ။ သောက်တဲ့ သူတွေက အထက်က ကောက်ခိုင်းတယ်လို့ မြင်မှာမဟုတ်ဘူးလေ” ဟုပြောသည်။

ဆိုင်ခန်းဖြင့် ရောင်းချသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအားလုံး အခွန်ဆောင်ရမည် ဖြစ်ပြီး တလ ရောင်းချရငွေ ကျပ် တသောင်းကျော် ရရှိသော ဆိုင်များအားလုံး အကျုံးဝင်ကြောင်း 7 Day News သတင်း ဂျာနယ်တွင်ဖော်ပြထားသည်။

အဆိုပါ ကုန်သွယ်ခွန်ကို ၁၉၉၀ ပြည့်နှစ် ကတည်းက ပြဋ္ဌာန်းခဲ့သည်ဟု ပြည်တွင်း အခွန်များ ဦးစီးဌာန မှ တာဝန်ရှိသူ တဦးက ပြောသည်။

မန္တလေးမြို့မှ စားသောက်ဆိုင်မန်နေဂျာ တဦးက “ဒီလိုလုပ်တော့မယ်ဆို စားသုံးသူ တွေကို ကြိုတင် အသိပေး ထားဖို့ လိုလာပြီ။ တချို့နားမလည်တဲ့ သူတွေရှိတယ်”ဟု ဆိုသည်။

တခြား နိုင်ငံများတွင်မူ အခွန်တမျိုး ကောက်ခံမည်ဆိုပါက အခွန်ပေးဆောင်ရမည့် သူအတွက် အကျိုးခံစားခွင့် တမျိုး ပြန်လည် ခံစားခွင့် ရသော်လည်း မြန်မာနိုင်ငံတွင် ပြည်သူများ အနေဖြင့် အခွန်ပေးဆောင်ရမှု များပြား လွန်းနေကြောင်း စီးပွားရေးပညာရှင် တဦးက ပြောသည်။

အဆိုပါသတင်း ထွက်ပေါ်ခဲ့ပြီးနောက် မည်သည့်ဆိုင်တွင်မှ သွားရောက်မစားသောက် တော့ဘဲ မိမိအိမ်တွင်သာ စားသောက် တော့မည် ဟူ၍ ရန်ကုန်မြို့တွင်း၌ ပြောဆိုနေကြကြောင်း ကြားသိရသည်။

ယခုကျင့်သုံးမည့် ကုန်သွယ် လုပ်ငန်းခွန်နှင့် ပတ်သက်၍ မြန်မာပြည်သူလူထု ကြားတွင် သိရှိ နားလည်မှု အားနည်း သေးသည်ကို တွေ့ရသည်။

ကုန်သွယ် လုပ်ငန်းခွန်နှင့် ပတ်သက်၍ ဆိုင်ပိုင်ရှင်များသည် မိမိတို့၏ မြို့နယ်အခွန်ရုံးများ တွင် စည်းမျဉ်း ၅၂ အရ ဘောက်ချာ စာအုပ် များကို တံဆိပ်ရိုက်နှိပ်ရမည်ဖြစ်ပြီး စားသုံးသူများထံမှ ရရှိသောအခွန်များအား လတလ၏ လဆန်း ၁၀ ရက်အတွင်း မြန်မာ့ စီးပွားရေး ဘဏ်များတွင် ပေးသွင်းရမည် ဖြစ်သည်။

ပြေစာဖြတ်ပိုင်း (ဘောက်ချာ) သုံးလေ့မရှိသော လက်ဖက်ရည်ဆိုင်ကဲ့သို့ စားသောက်ဆိုင်များ အနေဖြင့် အခက်အခဲ များစွာ ရှိလာ နိုင်ကြောင်း သာကေတ မြို့နယ်မှ လက်ဖက်ရည်ဆိုင် ပိုင်ရှင်တဦးကပြောသည်။

အခွန် ငွေပေးသွင်းမှုကို သက်ဆိုင်ရာ မြို့နယ် အခွန်ရုံး ဝန်ထမ်းများက လိုက်လံ စစ်ဆေးမည် ဖြစ်ပြီး ကွမ်းယာဆိုင်၊ လက်သုတ်ဆိုင် စသောလုပ်ငန်းများ အတွက်လည်း ပါဝင်လာနိုင်သည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာနမှ တာဝန်ရှိ သူ တဦးကပြောသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */