ငွေစက္ကူ အဟောင်းနှင့်အသစ် ၆ လအတွင်းသာ လဲပေးတော့မည်ဟုဆို

Monday, August 10, 2009 ·

ဟိန်းဇော် | ငွေစက္ကူအဟောင်းနှင့် အသစ်များကို စတင်လဲလှယ်ချိန်မှစ၍ နောက် ၆ လအတောအတွင်းသာ လဲလှယ်ပေးတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ငွေကြေးဌာနခွဲမှ စုံစမ်းသိရှိရသည်။


ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို အသုံးပြုနိုင်ရန် တိပ်ဖြင့်ကပ်နေစဉ် (ဓာတ်ပုံ - လျှပ်တပြက်ဂျာနယ်)
ယင်းငွေစက္ကူ ဟောင်းများကို သြဂုတ်လ ၃ ရက်နေ့မှစ၍ မြန်မာ့ စီးပွားရေး ဘဏ်ခွဲများ၊ ဗိုလ်ဆွန်ပက် လမ်းနှင့် ကမ်းနားလမ်း ထောင့်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် လုပ်ငန်းခွဲ ငွေစက္ကူ လဲလှယ် ကောင်တာများတွင် လဲလှယ် နိုင်ကြောင်း အစိုးရ သတင်းစာများတွင် ကြေညာ ခဲ့သည်။

ငွေစက္ကူ အဟောင်းများကို တမျိုးလျှင် ၁၀ ရွက်သာ လဲလှယ် ပေးခြင်း ဖြစ်ပြီး ယင်းငွေလဲ ကောင်တာများ၏ အနီး ဝန်းကျင်တွင် ငွေလဲ ပွဲစားများ ပေါ်ပေါက် နေကြောင်း ငွေစက္ကူဟောင်းများ လဲလှယ်ခဲ့သူ တဦးကပြောသည်။

“ကျမစမ်းပြီး သွားလဲကြည့်တာ။ ၁၀ ကျပ်တန်ကနေ ၂၀၀ ကျပ်တန်အထိ လဲပေးတယ်။ တမျိုးကို ၁၀ ရွက်ပဲ လဲပေးတာပါ။ အောက်မှာတော့ပွဲစားတွေရှိတယ်။ ငွေစက္ကူအဟောင်း ၁၅၀၀ ဖိုးလဲရင် ပွဲစားက ၁၀၀ အမြတ်ယူတယ်” ဟု ငွေသွားရောက် လဲလှယ်ခဲ့သူ ဒေါ်ခင်မြက ဆိုသည်။

လူတဦးလျှင် ငွေစက္ကူ အရွက် ၃၀ သာ လဲလှယ်ပေးမည်ဖြစ်ပြီး တနင်္လာနေ့နှင့် သောကြာ ၂ ရက်အပြင် ဗုဒ္ဒဟူး တရက် ထပ်တိုး၍လဲလှယ်သွားမည်ဟု ဗဟိုဘဏ် တာဝန်ရှိသူက ပြောသည်။

ဗဟိုဘဏ် တာဝန်ရှိသူ၏ အဆိုအရ ယခင်ကတည်းက မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ)၊ မီးသတ်တပ်ဖွဲ့ အစရှိသည့် ဌာနများကို ဗဟိုဘဏ်က ငွေအကြွေများ လဲလှယ်ပေးလျက်ရှိပြီး ယခုအခါ နယ်ဒေသများတွင်လည်း လဲလှယ်ပေးနေသည်ဟု သိရသည်။

မြန်မာနိုင်ငံအတွင်း အများပြည်သူ လက်ဝယ်တွင် လှည့်လည် သုံးစွဲနေရသော ငွေစက္ကူအဟောင်းများကို အချိန်အကန့်အသတ်ဖြင့် လဲလှယ်ပေးမည်ဆိုပါက အများပြည်သူ များလက်ဝယ်တွင်ရှိသော ငွေစက္ကူအဟောင်း အားလုံးနီးပါးကို လဲလှယ်ပေးနိုင်မည်မဟုတ် ကြောင်း စီးပွားရေးလုပ်ငန်းရှင် တဦးက သုံးသပ်သည်။

“လဲပေးတယ်သာပြောတာ လိုင်းကားသမားတွေကို ၁၅ ရက်တခါ ၁၀ ရက်တခါပဲ လဲပေးတယ်။ တခါလဲရင် ၁၀၀၀ ကျပ် ဖိုးပဲလဲပေးတာ။ အကြွေလိုအပ်ချက်နဲ့ ကြည့်ရင် ဘယ်လိုမှအဆင်မပြေနိုင်ဘူး” ဟု မထသ လက်အောက်ရှိ ၃၉ ယာဉ်လိုင်းမှ ယာဉ်နောက်လိုက် တဦးကဆိုသည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */