အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့မည်

Thursday, August 13, 2009 ·

VOA | အရှေ့တောင်အာရှ ၅ နိုင်ငံ ခရီးစဉ်အဖြစ် ဒေသတွင်း ရောက်နေတဲ့ အမေရိကန် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ် (Jim Webb) ဟာ လာမယ့်သောကြာနေ့ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

ရန်ကုန်မှာရှိတဲ့ အမေရိကန်သံရုံးက ပြောရေးဆိုခွင့်ရှိသူက မစ္စတာဝက်ဘ်ဟာ မြန်မာနိုင်ငံမှာ ၃ ရက်ကြာမှာဖြစ်ပြီး ရောက်ရောက်ချင်း နေပြည်တော်က မြန်မာစစ်တပ် ခေါင်းဆောင်တွေနဲ့ သွားရောက်တွေ့ဆုံမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်သူနဲ့တွေ့မလဲ ဆိုတာကိုတော့ တိတိကျကျ မပြောခဲ့ပါဘူး။

ဗာဂျီးနီးယားပြည်နယ်က ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုပါ တွေ့နိုင်ကိန်းရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာက အတည်ပြုချက် တစုံတရာမှ မကြားရသေးပါဘူး။

မစ္စတာဝက်ဘ်ဟာ တကယ်ပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရမယ်ဆိုရင် ဒါဟာ အမေရိကန် အစိုးရနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်ပါလိမ့်မယ်။ အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်ဟာ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ သဘာပတိ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးသန်းထွန်း၊ ဦးစိုးမြင့်၊ ဦးလှဖေနဲ့ ဦးညွန့်ဝေတို့ကို သောကြာနေ့ နေပြည်တော်ကိုလာဖို့ အာဏာပိုင်တွေက ဖိတ်ကြားထားတယ်လို့ NLD က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒါပေမယ့် ဘာအကြောင်းကြောင့် ဖိတ်ကြားတယ် ဆိုတာကိုတော့ အသိပေးခြင်း မရှိဘူးလို့ ပြောပါတယ်။

နားဆင်ရန်

source by : VOA

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */