ဒေါ်အောင်ဆန်းစုကြည် အပေါ် စီရင်ချက် လုံခြုံရေးကောင်စီ မတုံ့ပြန်နိုင်သေး

Wednesday, August 12, 2009 ·

ကိုထွေး | ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက် ချမှတ်အပြီး ပြုလုပ်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများ အချင်းချင်း သဘောထားကွဲလွဲမှုကြောင့် တစုံတရာ ဆုံးဖြတ်ချက် မချမှတ် နိုင်ခဲ့ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံက တောင်းဆိုခဲ့သဖြင့် ယင်းအစည်းအဝေးကို ယမန်နေ့က နေ့လယ်က ကျင်းပခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ်ချမှတ်သော စီရင်ချက်ကို ပယ်ဖျက်ပြီး၊ အမြန်ဆုံး ပြန်လွှတ်ပေးရန်၊ နိုင်ငံရေး တွင် ပါဝင်ခွင့်ပေးရန်နှင့် အခြားသော တောင်းဆိုချက်များ ပါဝင်သည့် ကြေညာချက် မူကြမ်း တစောင်ကို အမေရိကန် ပြည်ထောင်စု က အဖွဲ့ဝင်နိုင်ငံများအား ယင်းအစည်းအဝေးတွင် ဖြန့်ဝေခဲ့သည်။

ကုလသမဂ္ဂ ဆိုင်ရာ ပြင်သစ်နိုင်ငံ လက်ထောက် သံအမတ် Jean-Pierre Lacroixက “အမေရိကန် ကိုယ်စား လှယ် က အဲဒီမူကြမ်းကို အစည်းအဝေးမှာ ဖြန့်ဝေတာပါ၊ အဲဒီမူကြမ်းကို ကျနော်တို့ ထောက်ခံပါတယ် ကျနော်တို့ မျှော်လင့်နေတဲ့ ရလဒ် ထွက်လာအောင် အကောင်းဆုံး ကြိုးစားသွားမှာပါ၊”ဟု ပြောသည်။

ယင်းမူကြမ်းပါ အချက်များနှင့် ပတ်သက်၍ စဉ်းစား ဆုံးဖြတ်ရေးအတွက် ရုရှားနှင့် တရုတ်နိုင်ငံ တို့က အချိန် ပေးရန် တောင်းဆို ခဲ့သည်။

ကုလသမဂ္ဂ ဆိုင်ရာအမေရိကန်ပြည်ထောင်စု သံအမတ် Susan Rice က “ဒီမူကြမ်းနဲ့ ပတ်သက်ပြီးတော့ အခြားသော အဖွဲ့ဝင်တွေက ကွဲလွဲတဲ့ အမြင်တွေရှိနေမယ် ဆိုတာကို ကျမတို့ အသိအမှတ်ပြုပါတယ်” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ခဲ့သော စီရင်ချက်နှင့် ပတ်သက်၍ နိုင်ငံတကာအနေဖြင့် မြန်မာနိုင်ငံ၏တရား စီရင်ရေးနှင့် အချုပ်အခြာ အာဏာကို လေးစားသင့်သည်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီး ဌာနပြောခွင်ရက ယနေ့တွင် ပြောကြားလိုက်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ထုတ်ပြန်ခဲ့သော ကြေညာ ချက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ခဲ့သည့် ပြစ်ဒဏ်အပေါ် စိတ်ပျက်မိကြောင်းနှင့် အမြန်ဆုံး ပြန်လွှတ် ပေးကာ တွေဆုံဆွေးနွေး၍ အမျိုးသားရင်ကြားစေ့ရေးကို အကောင်ထည်ဖော်ရန် ပါရှိသည်။

ယင်း စီရင်ချက် ချမှတ်ခဲ့ အပြီး မစ္စတာ ဘန်ကီမွန်းသည် ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းနှင့် တွေ့ဆုံ ခဲ့ကြောင်း သိရသည်။

ထို့အပြင် အမေရိကန် သမ္မတ ဘားရက် အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့က ဒေါ်အောင်ဆန်း စုကြည်ကို အမြန်ဆုံး ပြန်လွတ်ပေးရန် တောင်းဆိုခဲ့ ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ခဲ့သည့် စီရင်ချက်နှင့် ပတ်သက်၍ စိတ်ပျက်မိကြောင်းနှင့် ၁၆ကြိမ်မြောက် အာဆီယံ ဒေသတွင်းအစည်းအဝေးတွင် အဆိုပြုတောင်းဆိုထားသော ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်ပေးရန် တောင်းဆိုထားသည့် အတိုင်း ထပ်မံတောင်းဆိုကြောင်း အာဆီယံ နိုင်ငံများအဖွဲ့ ဥက္ကဌ ထိုင်းနိုင်ငံက ယနေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ပါရှိသည်။

မလေးရှား နိုင်ငံခြားရေး ၀န်ကြီး Anifah Man က အာဆီယံ အနေနှင့် ယင်းကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး နိုင်ရေးအတွက် အရေးပေါ် အစည်းအဝေးတရပ် ကျင်းပပေးရန် တောင်းဆိုလိုက်သည်။

source by : ဧရာဝတီ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */