ကိုးကန့်တပ် စစ်ရေးပြင်ဆင်

Thursday, August 13, 2009 ·


မျိုးကြီး

ရွှေလီ (မဇ္ဈိမ) ။ နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန်နေသည့် ရှမ်းပြည်(မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ အပစ်ရပ် MNDAA ကိုးကန့်အဖွဲ့ ဥက္ကဋ္ဌ၏ နေအိမ်သို့ ဒေသခံ စစ်တပ်နှင့် ရဲများက ယခုလ ၈ ရက်နေ့တွင် မူးယစ်ဆေးဝါး ရှာဖွေရန်ဟုဆိုကာ ဝင်ရောက်ခဲ့ပြီးနောက် ကိုးကန့်တပ်က စစ်ရေး ပြင်ဆင်လာသည်။

၁၀ ရက်နေ့တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် - MNDAA ကိုးကန့် အထူးဒေသ (၁) ခေါင်းဆောင်များသည် နေအိမ်အတွင်း ဝင်ရောက်မှုနှင့် ပတ်သက်၍ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့် လောက်ကိုင်တွင် ဆွေးနွေးရာ မပြေလည်ဘဲ၊ နှစ်ဖက်အကြား တင်းမာလာသဖြင့် ယမန်နေ့မှ စတင်ကာ စစ်ရေးအရ အသင့်အနေအထား ပြင်ဆင်လာခြင်း ဖြစ်သည်။

“အခြေအတင် စကားများကြတယ်။ ခင်ဗျားတို့နဲ့ အပစ်အခတ် ရပ်စဲရေး လုပ်လာတာ နှစ် ၂၀ ရှိပြီ။ ကျနော်တို့ ငြိမ်းချမ်းရေး စလုပ်တုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဆွေးနွေးစဉ်က အခု ခင်ဗျားတို့ ပြောတာတွေ တခုမှမပါဘူး။ အခု နိုင်ငံတကာက သိတဲ့ ဒေါ်အောင်ဆန်းစုကြည်လိုလူတောင် ခင်ဗျားတို့ အခုလိုလုပ်တယ်ဆိုရင် ကျနော်တို့ ခင်ဗျားတို့ကို ဘယ်လို ယုံကြည်လို့ရမလဲလို့ ပြောဆိုမှုတွေ ရှိတယ်။ အခုတော့ အားလုံး အသင့်ပြင်ထားကြပြီ။ အခြေအနေက တော်တော်ကို ရှုပ်နေပြီ” ဟု ကိုးကန့်အဖွဲ့နှင့် နီးစပ်သူက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ နံနက်ပိုင်းတွင် MNDAA သည် စည်းကမ်း ဖောက်ဖျက်သဖြင့်


ဖမ်းဆီး ထိန်းသိမ်းထားသော ၎င်းတို့၏ တပ်သားများကိုပင် အချုပ်ခန်းမှ ပြန်လွှတ်ပေးကာ တပ်အင်အား ဖြည့်တင်းခဲ့သလို၊ နယ်မြေချင်း နီးကပ်ပြီး မဟာမိတ်ဖြစ်သော ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ထံ စစ်ကူတောင်းခဲ့သည်။

“ဝတပ်ဖွဲ့ အင်အား ၁၀၀၀ လောက် ကိုးကန့်နယ်မြေထဲ စစ်ကူ ရောက်လာတယ်” ဟု ရှမ်းပြည်(မြောက်ပိုင်း) ရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

အလားတူပင် ယခုလဆန်းပိုင်းတွင် မြန်မာစစ်တပ်မှ ရှမ်းပြည်(မြောက်ပိုင်း) သိန္ဒီမြို့အခြေစိုက် စကခ (၁၆) လက်အောက်ခံ တိုက်ခိုက်ရေးတပ်ရင်း ၃ ရင်း ပါဝင်သည့် နည်းဗျူဟာတခုနှင့် ကွက်ခိုင်စစ်ဗျူဟာ လက်အောက်ခံ တပ်များသည် လောက်ကိုင် ဒေသတွင်းရှိ နမ့်တစ်နှင့် တာရွှေထန်ရွာ၌ နေရာယူထားကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ရေးပြင်ဆင်သည့် သတင်းများကြောင့် ဒေသတွင်း၌ နေထိုင်သူ ကျေးရွာသား ၃၀၀၀ ခန့်သည် တရုတ်နယ်စပ်သို့ ထွက်ပြေးလာကြရာ၊ တရုတ် အာဏာပိုင်များက နယ်စပ်ဖြတ်ကျော်ခွင့် မပေးသဖြင့် ဒုက္ခရောက်နေကြောင်း လက်နက်ကိုင်တပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ့တွင် မြန်မာစစ်တပ် ကိုယ်စားလှယ်များက တရုတ်နယ်စပ်ရှိ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းရန် အဆိုပြုခဲ့သည်။

ထိုအဆိုပြုချက်ကို MNDAA အပါအဝင် အခြား ၄ ဖွဲ့က လက်မခံဘဲ ပယ်ချခဲ့ပြီး၊ ဦးစခုန်တိန့်ယိင်း ဦးဆောင်သည့် ဒီမိုကရေစီသစ် တပ်မတော် (ကချင်) တဖွဲ့တည်းသာ လက်ခံခဲ့သည်။

၁၉၈၉ ခုနှစ်အတွင်း MNDAA သည် ဗမာပြည် ကွန်မြူနစ်ပါတီမှ ပထမဆုံး ခွဲထွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပြီး၊ ယခုအချိန်အထိ စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့ ဖြစ်သည်။


source by :မဇ္ဈိမ

0 comments:

ဗုဒ္ဓမြတ်စွာ ဘုရား

ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ တို့အား အစဉ် ဂါဝရပန်း ဆင်မြန်းလျက်

ပျော်ပျော်ပါးပါးရေးပါ။

Type the MYANMAR fonts in here... Clip the Keyboard icon

ကီးဘုတ်ကိုနှိပ်ပါ

ကမ္ဘာမကြေဘူး သီချင်းလေးပါ

၂၀၁၀ ရွေးကောက်ပွဲ အတွက် ပျော်ရွှင်နေသော သန်းရွှေ

မြန်မာစာလုံးများ

ဇော်ဂျီ အသွင်းပြောင်း ဆော့စ်ဝဲလ်လေးပါ

k
Zawgyi-One, Winn_Burmese အပါအဝင် ဖောင့် အမျိုးအစား (၁၆) မျိုး ပြောင်းနိုင်တဲ့၊ Install လုပ်စရာ မလိုတဲ့ Standalone ဖောင့်ပြောင်း ပရိုဂရမ်လေး ဖြစ်ပါတယ်။ ကွန်ပြူတာ စာစီစာရိုက် သမားတွေ၊ ဝဘ်ဆိုက် လုပ်ငန်းနဲ့ ပုံနှိပ် လုပ်ငန်းတွေ အတွက် အလွန် သုံးဝင်လှတဲ့ ပရိုဂရမ်လေးပါ။ တိုက်ရိုက် Download လုပ်လိုသူများ အပေါ်က KaNaung Icon လေးကို Click လုပ်ရုံပါပဲ။
 
/* EOT ----------------------------------------- */